Thailand

၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ထိုင်းနိုင်ငံ၏ ကွန်ဒိုရောင်းချခဲ့မှုတွင် မြန်မာနိုင်ငံသားများထံ ရောင်းချ ခဲ့မှုသည် ဒုတိယအများဆုံးဖြစ်ခဲ့

Last Updated:

၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ထိုင်းနိုင်ငံ၏ ကွန်ဒိုလွှဲပြောင်းမှုတွင် တရုတ်နိုင်ငံသားများပြီး ပါက မြန်မာနိုင်ငံသားများထံလွှဲပြောင်းခဲ့မှုသည် ဒုတိယအများဆုံးဖြစ်ကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့် ဧပြီလက မြန်မာအစိုးရ၏ ဖြိုခွင်းမှုကြောင့် မြန်မာနိုင်ငံသားများ၏ ကွန်ဒို ဝယ်ယူမှု သည် ခဏတာ ရပ်တန့်နေရာမှ ပြန်လည်ကောင်းမွန်လာခဲ့ပါကြောင်း၊ ထိုင်းအိမ်ယာဆောက်လုပ်သူ များကလည်း မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသို့ အိမ်ယာစီမံကိန်းများ လေ့လာနိုင်ရန် ခေါ်ယူ ခြင်းဖြင့် အဆင်ပြေသော ဈေးကွက်ရှာဖွေခြင်းနှင့် စစ်မှန်သော ဝယ်ယူသူများ ထံတိုက်ရိုက်ရောက်ရှိစေ ကြောင်း၊ ယခင်နှစ်က ဝယ်ယူမှုများကို ဆောလျင်စွာပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံပြင်ပ ငွေပေးချေမှုကို ကြို တင် ဆောင်ရွက်ခဲ့သဖြင့် မြန်မာနိုင်ငံသားများထံ ထိုင်းကွန်ဒိုလွှဲပြောင်းမှုသည် ခိုင်မာဆဲဖြစ်ခဲ့ပါ ကြောင်း အိမ်ယာဆောက်လုပ်သူ Cushman & Wakefield Thailand ကုမ္ပဏီ အကြံပေး Mr. Surachet Kongcheep က ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း မြန်မာနိုင်ငံမှ ကွန်ဒို ၁,၀၅၀ ခန်း၊ တန်ဖိုးအားဖြင့် ဘတ် ၅.၄၆ ဘီလီယံ ဝယ်ယူခဲ့ပြီး ၂၀၂၃ ခုနှစ် အခန်းအရေအတွက် ၃၄၇ ခန်းနှင့် တန်ဖိုး ဘတ် ၂.၂၅ ဘီလီယံ ထက် ကျော်လွန်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှ ကွန်ဒိုဝယ်ယူမှုသည် ၁ ခန်း ပျမ်းမျှတန်ဖိုး ဘတ် ၅.၂ သန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ပါကြောင်း၊ အိန္ဒိယဝယ်ယူသူများက ၁ ခန်းပျမ်းမျှတန်ဖိုး ဘတ် ၆.၃ သန်း၊ အမေရိကန်ဝယ်ယူသူများက ၁ ခန်း ပျမ်းမျှတန်ဖိုး ဘတ် ၅.၃ သန်းဖြစ်ပါကြောင်း အိမ်ယာသတင်း အချက်စင်တာက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း  ကွန်ဒိုအများဆုံးဝယ်ယူသည့် ၁၀ နိုင်ငံမှာ အခန်းအရေအတွက် ၄,၃၈၆ ခန်း၊ တန်ဖိုးအားဖြင့် ဘတ် ၂၀.၂ ဘီလီယံဖြင့် တရုတ်နိုင်ငံ၊ အခန်းအရေအတွက် ၁,၀၂၀ ခန်း၊ တန်ဖိုးအားဖြင့် ဘတ် ၅.၄၆၃ ဘီလီယံဖြင့် မြန်မာ၊ အခန်းအရေအတွက် ၈၀၀ ခန်း၊ တန်ဖိုးအားဖြင့် ဘတ် ၂.၇၅၀ ဘီလီယံဖြင့် ရုရှား၊ အခန်းအရေအတွက် ၆၁၂ ခန်း၊ တန်ဖိုးအားဖြင့် ဘတ် ၃.၁၆၆ ဘီလီယံဖြင့် ထိုင်ဝမ်၊ အခန်းအရေအတွက် ၄၃၆ ခန်း၊ တန်ဖိုးအားဖြင့် ဘတ် ၂.၂၉၇ ဘီလီယံဖြင့် အမေရိကန်၊ အခန်းအရေအတွက် ၄၀၃ ခန်း၊ တန်ဖိုးအားဖြင့် ဘတ် ၁.၇၆၃ ဘီလီယံဖြင့် ပြင်သစ်၊ အခန်းအရေအတွက် ၃၃၄ ခန်း၊ တန်ဖိုးအားဖြင့် ဘတ် ၁.၄၆၀ ဘီလီယံဖြင့် ဂျာမနီ၊ အခန်းအရေအတွက် ၃၀၃ ခန်း၊ တန်ဖိုးအားဖြင့် ဘတ် ၁.၂၀၁ ဘီလီယံဖြင့်ယူကေ၊ အခန်းအရေအတွက် ၂၁၈ ခန်း၊ တန်ဖိုး အားဖြင့် ဘတ် ၁.၁၁၆ ဘီလီယံဖြင့်ဩစတြေးလျနှင့် အခန်းအရေအတွက် ၁၉၈ ခန်း၊ တန်ဖိုးအားဖြင့် ဘတ် ၁.၂၄၈ ဘီလီယံဖြင့် အိန္ဒိယတို့ဖြစ်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: Thailand