Thailand

ထိုင်းနိုင်ငံနှင့် အိန္ဒိယတို့အကြား ကုန်သွယ်မှုတန်ဖိုး မြင့်တက်နိုင်ရေးအတွက် တိုက်တွန်းဆွေးနွေး ခဲ့

Last Updated:

ထိုင်းနှင့် အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး မြင့်တက်နိုင်ရေးအတွက် အိန္ဒိယလုပ်ငန်းရှင်များ အနေဖြင့် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ကုန်စည်ပြပွဲများတွင် ပါဝင်ပြသရန် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး H.E Mr. Varavongsa Ramangkura သည် အိန္ဒိယနိုင်ငံ Assam ပြည်နယ်မှ အခွန်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ သတင်း အချက်အလက်နည်းပညာနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီး H.E Mr. Keshab Mahanta နှင့် တွေ့ဆုံခဲ့ ပါကြောင်း၊ အိန္ဒိယ ဝန်ကြီးသည် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ အိန္ဒိယ၌ ကျင်းပမည့် Advantage Assam 2.0 Investment and Infrastructure Summit အတွက် ဆွေးနွေးရန်နှင့် အိန္ဒိယ ပြည်နယ်များ အထူးသဖြင့် စီးပွားရေးဇုန်များတွင် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ကြားခဲ့ကြောင်း၊ Assam သည် ချည်မျှင်စက်မှုတွင် အလားအလာရှိသကဲ့သို့ လျင်လျင်မြန်မြန် ဖွံ့ဖြိုးနေသော ပြည်နယ်များထဲမှ တစ်ခုဖြစ်ပြီး မြန်မာနယ်စပ်အနီးရှိ အိန္ဒိယ၏ အရှေ့မြောက်ပိုင်းတွင် ရှိပါကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံတကာကုန်သွယ်ရေးတွင် အရေး ကြီးသော နေရာတွင်ရှိပါကြောင်း၊ ထိုင်းနိုင်ငံ၌ Printed Circuit Boards (PCB) ကဲ့သို့ စက်မှုအသစ် များတွင် အလားအလာရှိသောကြောင့် နှစ်နိုင်ငံ ပေါင်းစပ်၍ PCB ထုတ်လုပ်မှုနှင့် ဆက်စပ် ဝန်ဆောင် မှုများကို မြှင့်တင်သွားလိုကြောင်း၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ကုန်စည်ပြပွဲများတွင် အိန္ဒိယ လုပ်ငန်းရှင်များ ပါဝင်ပြသစေလိုပြီး ထိုင်းနိုင်ငံအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် အိန္ဒိယ၌ ကုန်စည်ပြပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်း၊ အိန္ဒိယသည် ထိုင်းနိုင်ငံ၏ အဆင့် ၁၁ ရှိသော ကုန်သွယ်ရေး မိတ်ဖက်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း နှစ်နိုင်ငံ ကုန် သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၅.၇ ဘီလီယံရှိကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: Thailand