Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသည် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီး ဝင်လာစေရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်ရေးနှင့် အခြားသော တိုးတက်လာသည့် စက်မှုလုပ်ငန်း များတွင် ဂျပန်ကုမ္ပဏီများ ပိုမိုရင်းနှီးမြှုပ်နှံလာစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး H.E Mr. Pichai Naripthaphan က ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Otaka Masato နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၌ ဂျပန်ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ရောက်ရှိလာခဲ့ကြောင့် ဂျပန်ရင်းနှီး မြှုပ်နှံသူများ သည် ဦးဆောင်နေဆဲဖြစ်ကြောင်း၊ ယခုတွေ့ဆုံမှုသည် နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများကို ပိုမိုခိုင်မာစေရန်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံသည် ပိုမိုကောင်းမွန်သော အလားအလာများ ရှိသည့် မော်တော်ကားမော်ဒယ်သစ်များနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ဉာဏ်ရည်တု၊ အချက် အလက်စင်တာများ၊ Printed Circuit Boards (PCB)၊ ဆေးဝါးနှင့် ဇီဝနည်းပညာ၊ စက်ရုပ်နှင့် နည်း ပညာ နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရေးအတွက် သံအမတ်ကြီးအနေဖြင့် ထောက်ခံပေးစေလိုကြောင်း၊ ထိုင်းနိုင်ငံသည် ခေတ်မီသော ထောက်ပံ့မှုကွင်းဆက်နှင့် သဘာဝပတ် ဝန်းကျင်နှင့် လိုက်လျောညီထွေသည့် ထုတ်ကုန်များကို အခြေခံ၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဗဟိုတစ်ခုဖြစ်လာရန် ရည်မှန်းထားလျက်ရှိပါကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ဝန်ကြီးသည် Toyota Motor Thailand ၏ တာဝန်ရှိသူများနှင့်‌တွေ့ဆုံခဲ့ပြီး အရှေ့တောင် အာရှတွင် မော်တော်ယာဉ်ထုတ်လုပ်မှု၌ အချက်အချာဖြစ်လိုသည့် အစိုးရ၏ အစီအစဉ်များကို ဆွေး နွေးခဲ့ကြောင်း၊ ပို့ကုန်ဈေးကွက်များကို လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်များမှတစ်ဆင့် မြှင့်တင်သွားရန် ပုဂ္ဂလိက ကဏ္ဍကလည်း တွန်းအားပေးလျက်ရှိကြောင်း၊ ထိုင်းနှင့် ဂျပန်တို့သည် မူပိုင် ခွင့်နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မကြာသေးမီက ဂျပန်တွင် Huai Mun နာနတ်သီးကို Geographical Indication (GI) ထုတ်ကုန်အဖြစ် မှတ်ပုံတင်ခဲ့ပြီး Doi Chung ကော်ဖီနှင့် Doi Tung ကော်ဖီတို့၏ အခြေအနေများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပါကြောင်း၊ ၂၀၂၅ အိုဆာကာကန်ဆိုင်း ကုန် စည်ပြပွဲတွင် ထိုင်းထုတ်ကုန်များ မြှင့်တင်သွားလိုကြောင်း ဝန်ကြီး Mr. Pichai က ဖြည့်စွက် ပြောကြား ခဲ့ပါသည်။

Source: စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand