USA

အလုပ်သမားများအားအဓမ္မခိုင်းစေမှုကြောင့် တရုတ်ကုမ္ပဏီ (၃၇)ခုကို အမေရိကန်က သွင်းကုန် တင်သွင်းခွင့် ပိတ်သိမ်း

Last Updated:

အမေရိကန်အစိုးရသည် တရုတ်နိုင်ငံမှ ကုမ္ပဏီ (၃၇) ခုအား တရုတ် ရှင်းကျန်းဒေသ၌ အလုပ်သမားများကို အဓမ္မခိုင်းစေမှုကြောင့် ၎င်းကုမ္ပဏီများမှ သွင်းကုန်များတင်သွင်းခွင့် ပိတ်သိမ်း ကြောင်း ၁၄-၁-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံမှကုမ္ပဏီစုစုပေါင်း (၁၄၄) ခုမှ သွင်းကုန်တင်သွင်းခွင့် ပိတ်သိမ်းပြီး ဖြစ်ကြောင်းနှင့် ယင်းကုမ္ပဏီများမှ တင်သွင်းသည့် ကုန်ပစ္စည်းများကို အမေရိကန် ဝီဂါလူမျိုးအလုပ် သမားများအား အဓမ္မခိုင်းစေမှုကာကွယ်ရေးအက်ဥပဒေ (Uyghur Forced Labor Prevention Act) အရ ပိတ်သိမ်းခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံ၏ သွင်းကုန်ပိတ်သိမ်းခြင်းခံရသည့် တရုတ်ကုမ္ပဏီများမှာ အရေးကြီးတွင်း ထွက်သတ္တုများ (Critical minerals)၊ အထည်အလိပ် နှင့် နေစွမ်းအင်သုံးစက်မှုပစ္စည်းများထုတ်လုပ် သည့် ကုမ္ပဏီများဖြစ်ပြီး Zijin Mining Group ၊ Donghai JA Solar Technology ၊ Huafu Fashion နှင့် ၎င်းကုမ္ပဏီများ၏ လက်အောက်ခံကုမ္ပဏီများ ပါဝင်ပါသည်။ တရုတ်နိုင်ငံက အမေရိကန်၏ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး ယင်းသည်တရုတ်ပြည်တွင်းရေးရာများကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ် သည်ဟု ပြောကြားခဲ့ပါသည်။

Category: USA