USA

ထုပ်ပိုးထားသည့်အစားအသောက်များ၏ရှေ့ဖုံးတွင်ဖော်ပြရမည့်အာဟာရဆိုင်ရာအချက်အလက်များ နှင့်ပတ်သက်၍ အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ထုတ်ပြန်

Last Updated:

ထုပ်ပိုးထားသည့် အစားအသောက်များ၏ ရှေ့ဖုံးတွင် စားသုံးသူများသိရှိစေရန်ဖော်ပြရမည့် အာဟာရဆိုင်ရာအညွှန်း (Front-of-package(FOP) nutrition label) အဆိုပြုစည်းမျဉ်းကို ၁၄-၁-၂၀၂၅ ရက်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ယင်းအဆိုပြုစည်းမျဉ်းအတည်ပြုပါက အများအပြားစားသုံးလျှင် နာတာရှည်ရောဂါဖြစ်ပွားမှုနှင့် တိုက်ရိုက်ဆက်စပ်နေသည့် အဟာရ(၃)မျိုးဖြစ်သော အဆီ၊ ဆားနှင့် သကြားပါဝင်မှုနှင့် ပတ်သက် သော အာဟာရဆိုင်ရာအညွှန်းဖော်ပြချက်ကို စားသုံးသူများအနေဖြင့် ရှေ့ဖုံးတွင် အလွယ်တကူ တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ ယင်းအဆိုပြု FOP အာဟာရဆိုင်ရာအညွှန်းအရ အဆိုပါအာဟာရ(၃) မျိုးသည် အနည်းငယ် (Low)၊ အသင့်အတင့် (Medium)သို့မဟုတ် အများအပြား (High) ပါဝင် ကြောင်း သိရှိနိုင်မည်ဖြစ်ပါသည်။ နှလုံးရောဂါ၊ ကင်ဆာနှင့် ဆီးချိုကဲ့သို့သော နာတာရှည်ရောဂါများ သည် အမေရိကန်နိုင်ငံ၌ သေဆုံးမှုနှင့်မသန်စွမ်းမှုဖြစ်ပွားရသည့် အဓိကရောဂါများဖြစ်ပြီး အမေရိကန် နိုင်ငံသား(၆၀) ရာခိုင်နှုန်းသည် ယင်းရောဂါတစ်မျိုးမျိုးကို ခံစားရလျက်ရှိကာ နိုင်ငံ၏နှစ်စဉ် ကျန်းမာရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ (၄.၅) ထရီလီယံ ကုန်ကျရသည့် အဓိကအကြောင်း အရင်းများလည်း ဖြစ်ပါသည်။ သုတေသနတွေ့ရှိချက်များအရ ယင်းရောဂါများဖြစ်ပွားမှုသည် ဖော်ပြပါအာဟာရ(၃)မျိုးကို အလွန်အကျွံစားသုံးခြင်းကြောင့်ဖြစ်ရာ အသင့်စားသုံးရန်အဆင့်ဆင့် ထုတ်လုပ်ထားသော အစားအသောက်များတွင် ယင်းအဟာရ (၃)မျိုး ပါဝင်မှုများပြားနိုင်ပါသည်။ အဆိုပြု FOP အာဟာရဆိုင်ရာအညွှန်းသည် စားသုံးသူများအတွက် ၎င်းတို့၏ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကို အလွယ်တကူနှင့် လျင်မြန်စွာ ခွဲခြားနိုင်သည့်အချက်အလက်များ ပံ့ပိုးပေးရန် အလေးထားပြုလုပ်ထားခြင်းဖြစ်ပြီး အကယ်၍ ယင်းအဆိုပြုစည်းမျဉ်းအတည်ပြုပါက အစားအသောက်ထုတ်လုပ်သူများသည် ၎င်းတို့ထုတ်လုပ်သော အစားအသောက်များတွင် FOP အာဟာရဆိုင်ရာအညွှန်းကို စည်းမျဉ်းအတည်ပြုပြီး (၃)နှစ်အတွင်း ထည့်သွင်းဖော်ပြရမည် ဖြစ်ပါ သည်။

Category: USA