USA

အမေရိကန်ကုန်ထုတ်လုပ်သူများကရောင်းချသည့် ကုန်ပစ္စည်းများ၏ဈေးနှုန်းသည် (၀.၂) ရာခိုင်နှုန်း မြင့်တက်

Last Updated:

အမေရိကန်ကုန်ထုတ်လုပ်ငန်းရှင်များက ၎င်းတို့၏ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရောင်းချ သည့်ဈေးနှုန်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် (၀.၂) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၁၄-၁-၂၀၂၅ ရက်၌ ဖော်ပြခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလဈေးနှုန်း သည် (၀.၂) ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း နိုဝင်ဘာလတွင် (၀.၄) ရာခိုင်နှုန်းရှိခဲ့သဖြင့် ကျဆင်းခဲ့ ကြောင်းနှင့် ထုတ်လုပ်သူဈေးဆနှုန်းကိန်း (Producer Price Index, PPI)သည် ၂၀၂၃ ခုနှစ်တွင် (၁.၁) ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်တွင် (၃.၃) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု အမေရိကန်အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ PPI သည် ငွေကြေးဖောင်းပွမှုနှုန်းကို တိုင်းတာသည့်အညွှန်းကိန်း တစ်ခုမဟုတ်သော်လည်း ယင်းအညွှန်းကိန်းဖြင့် စားသုံးသူဈေးဆနှုန်း (Consumer-price index, CPI) ကို စီးပွားရေးပညာရှင်များက တိုင်းတာလေ့ရှိကြပါသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ယခင် (၁၂)လအတွင်း တစ်ဦးချင်းစားသုံးမှုကုန်ကျစရိတ်အညွှန်းကိန်း (Personal consumption expenditures price index, PCE Index)သည် (၂.၈) ရာခိုင်နှုန်းရှိခဲ့ရာ ယင်းပမာဏသည် အမေရိကန် ဗဟိုဘဏ်၏ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်သည့် (၂) ရာခိုင်နှုန်းကို ကျော်လွန် လျက်ရှိပါသည်။

Category: USA