USA

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်ထိန်းချုပ်မှုစာရင်း (Entity List) ကို ပြင်ဆင်ခြင်းနှင့် ကွန်ပျူတာသုံးအဆင့်မြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တရုတ်နိုင်ငံ၏ လက်ဝယ် သို့ ရောက်ရှိမသွားစေရန်နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်စက်ရုံများ၏ ကျင့်ဝတ်လိုက်နာမှု မြှင့်တင် ရန် ကန့်သတ်မှုတိုးမြှင့်

Last Updated:

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ စက်မှုနှင့် လုံခြုံရေးဗျူရို (Bureau of Industry and Security) က ပို့ကုန်ကန့်သတ်ထိန်းချုပ်မှုစာရင်း (Entity List)ကို ပြင်ဆင်ကြောင်း ၁၅-၁-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံ၏ အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒအကျိုးစီးပွားနှင့် ဆန့်ကျင်သဖြင့် တရုတ်နိုင်ငံမှ ကုမ္ပဏီ (၁၁) ခုကို ပို့ကုန်ကန့်သတ်ထိန်းချုပ်မှုစာရင်းတွင် ထည့်သွင်းကြောင်းဖော်ပြခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက် တွင် အိန္ဒိယနိုင်ငံမှကုမ္ပဏီ (၃)ခု အား ပို့ကုန်ကန့်သတ်ထိန်းချုပ်မှုစာရင်းမှ ပယ်ဖျက်ကြောင်းနှင့် ယင်းသို့ပယ်ဖျက်ရခြင်းမှာ ၎င်းကုမ္ပဏီ(၃)ခုသည် သိပ္ပံနှင့်နည်းပညာကဏ္ဍ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးပူးပေါင်းဆောင်ရွက်ခြင်းနှင့် စွမ်းအင်လုံခြုံရေးလိုအပ်ချက်များအပါအဝင် အဆင့်မြင့် စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတားအဆီးများကိုလျှော့ချလျက် အမေရိကန် နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်များကို အထောက်အကူပြုခြင်းကြောင့် ပယ်ဖျက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားပါသည်။ 

ထို့အပြင် စက်မှုနှင့်လုံခြုံရေးဗျူရိုက ၁၅-၁-၂၀၂၅ ရက်တွင် ကွန်ပျူတာသုံး အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Advanced Computing Semiconductors) တင်ပို့မှုကို ကန့်သတ် ထိန်းချုပ်သည့် စည်းမျဉ်းများအားပြင်ဆင်ခြင်းနှင့် တရုတ်နိုင်ငံနှင့်စင်ကာပူနိုင်ငံတို့မှ အဖွဲ့အစည်းများ ကို ပို့ကုန်ကန့်သတ်ထိန်းချုပ်မှုစာရင်းတွင် ထည့်သွင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

Category: USA