Thailand

ထိုင်းနိုင်ငံသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆွဲဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းစက်မှုဇုန်အာဏာပိုင်က ပြောကြားခဲ့

Last Updated:

ထိုင်း-တရုတ် ပူးပေါင်းဆောင်ရွက်မှုအသစ်ဖြစ်သော နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန် သွယ်မှု မြှင့်တင်ပေးမည့် “Two Countries, Twin Parks” မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရုတ် ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းစက်မှုဇုန်အာဏာ ပိုင်က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံကို တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ အဓိက ရင်းနှီးမြှုပ်နှံရာနေရာ ဖြစ်စေလိုပြီး အစိုးရ အနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေ‌ရေး ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း Two Countries, Twin Parks အတွက် ထိုင်းစက်မှုဇုန်အာဏာပိုင်နှင့် တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၏ အန်ဟွေ့ (Anhui) ပြည်နယ် ဦးစီးဌာနတို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲတွင် ထိုင်းစက်မှုဝန်ကြီး H.E Mr. Akanat Promphan က ပြောကြားခဲ့ သည်။

နားလည်မှုစာချွန်လွှာသည် ထိုင်းနိုင်ငံစက်မှုဇုန်ရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများတွင် တရုတ် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဝင်ရောက်လာစေရန် မျှော်မှန်းထားပါကြောင်း၊ ထိုင်းအစိုးရ၏ နိုင်ငံကို ဒေသ တွင်း လျှပ်စစ်မော်တော်ကား အချက်အချာဖြစ်စေရမည့် မူဝါဒကြောင့် အဆိုပါကဏ္ဍတွင် တရုတ်ရင်းနှီး မြှုပ်နှံသူ အရေအတွက် မြင့်တက်လာလျက်ရှိပါကြောင်း၊ “30@30” မူဝါဒအရ ၂၀၃၀ ပြည့်နှစ်တွင် Zero-emission မော်တော်ကား အစီးရေ ၇၂၅,၀၀၀ စီး၊ လျှပ်စစ်မော်တော်ဆိုင်ကယ် ၆၇၅,၀၀၀ စီးနှင့် လျှပ်စစ်ဘတ်စ်နှင့် ကုန်တင်ကား ၃၄,၀၀၀ စီးတို့ဖြင့် မော်တော်ကား ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်မော်တော်ကားများ ဖြစ်ရန်ဖြစ်ကြောင်း၊ တရုတ် လျှပ်စစ်မော်တော်ကား ထုတ်လုပ်သူများ ဖြစ်သည့် BYD နှင့် Great Wall Motor တို့သည် ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ကား တပ်ဆင်မှုကို စတင်နေပြီဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်ရင်း နှီးမြှုပ်နှံသူများသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစားအစာကဏ္ဍရှိ သုတေ သနနှင့် ဖွံ့ဖြိုးမှုတို့တွင် စိတ်ဝင်စားမှုရှိပါကြောင်း၊ “Two Countries, Twin Parks” သည် ကုန်းနှင့် ရေလမ်းအခြေခံအဆောက်အဦများကို ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးကို အရှေ့ တောင်အာရှ၊ အာဖရိကနှင့် ယူရေးရှားတို့နှင့် ချိတ်ဆက်ပေးရန်ရည်ရွယ်သည့် ဘေဂျင်း Belt and Road Initiatives (BRI) ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံသည် လာအိုမြို့တော်မှ တရုတ် နိုင်ငံ အနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ်သို့ အမြန်ရထားလမ်းချိတ်ဆက်ထားသည့် ဗီယန်ကျင်းသို့ ရထားပြေးဆွဲလျက်ရှိပါကြောင်း၊ Two Countries, Twin Parks သည် တရုတ်ရင်းနှီးမြှုပ်နှံသူများစွာ သယ်ဆောင်လာမည်ဟု ယုံကြည်ပါကြောင်း ထိုင်းစက်မှုဇုန်အာဏာပိုင် ခေတ္တဥက္ကဋ္ဌ Mr. Sumet Thangprasert က ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း စင်ကာပူသည် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဘတ် ၁၈၁ ဘီလီယံဖြင့် ပထမ၊ တရုတ်သည် ဘတ် ၁၁၄ ဘီလီယံဖြင့် ဒုတိယဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ထုတ်ပြန်ထားပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand