Thailand

ထိုင်းနိုင်ငံ၌ ပြည်တွင်းမော်တော်ကားဈေးကွက် အားနည်းနေသော်လည်း အမေရိကန်အခြေစိုက် Ford Motor က ထိုင်းနိုင်ငံရှိ ၎င်း၏ ထုတ်လုပ်မှုနှင့် ဖြန့်ချိမှုတို့တွင် ရင်းနှီးမြှုပ်နှံမှုကို ဆက်လက်တိုးချဲ့ သွားရန် စီစဉ်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၌ ပြည်တွင်းမော်တော်ကားဈေးကွက် နှေးကွေးနေသော်လည်း အမေရိကန် အခြေစိုက် Ford Motor ၏ လက်ခွဲ ထုတ်လုပ်မှုနှင့် ဖြန့်ချိရေး ဖြစ်သော Ford Thailand ၎င်း၏ ရင်းနှီး မြှုပ်နှံမှုကို ဆက်လက်တိုးချဲ့သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

မော်တော်ကားရောင်းအား ကျဆင်းရခြင်းမှာ စီးပွားရေးအချက်များစွာကြောင့် ဖြစ်သော်လည်း ဘဏ်များနှင့် မော်တော်ကားဆိုင်ရာ ဘဏ္ဍာငွေထုတ်ပေးသည့် ကုမ္ပဏီများ၏ မြင့်တက်လာသည့် အိမ်ထောင်စု ကြွေးမြီများကြောင့် မော်တော်ကားချေးငွေဆိုင်ရာ သတ်မှတ်ချက်များ ပိုမိုတင်းကျပ်လာ ခြင်းကြောင့် ဖြစ်ကြောင်း၊ Ford ၏ ပစ်ကပ်ကားများသည် ဝယ်ယူသူများအကြား ရေပန်းစားလျက်ရှိ ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ကာလရှည် ရင်းနှီးမြှုပ်နှံမှုကို အာရုံစိုက်လျက်ရှိပြီး ထိုင်းနိုင်ငံတွင် မော် တော်ကားစက်မှုသည် တိုးတက်လာမည့်အလားအလာမြင့်မားသည်ကို ယုံကြည်ပါကြောင်း၊ မော်တော် ကားစက်မှုကျဆင်းနေခြင်းသည်လည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာမည်ကို မျှော်လင့်လျက် ရှိပါကြောင်း Ford Thailand မန်းနေးဂျင်းဒါရိုက်တာ Mr. Ratthakarn Jutasen က ပြောကြားခဲ့ပါ သည်။

ပြည်ပမော်တော်ကားရောင်းအား တောက်ပလာသဖြင့် ကားပို့ကုန်ကိုလည်း မြှင့်တင်လို ကြောင်း၊ ပြည်တွင်းရောင်းအား သိသိသာသာကျဆင်းလာခဲ့သောကြောင့် ထိုင်းစက်မှုလုပ်ငန်း အသင်း ချုပ်က ၂၀၂၄ ခုနှစ်အတွက် မော်တော်ကားထုတ်လုပ်မှုအရေအတွက်ကို အစီးရေ ၁.၅ သန်းသို့ လျှော့ချ  ခဲ့ပါကြောင်း၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း မော်တော်ကား ပို့ကုန် ကျဆင်းလာခဲ့သော ကြောင့် ပို့ကုန်မျှော်မှန်းချက်ကိုလည်း လျှော့ချခဲ့ပါကြောင်း၊ Ford သည် ဝန်ကြီးချုပ် H.E Mr. Paeton-gtarn Shinawatra နှင့် တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံရှိ မော်တော်ကားဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် များကို ဆွေးနွေးခဲ့ပါကြောင်း၊ မော်တော်ကား ရောင်းအားမြင့်တက်လာစေရေးအတွက် ဘဏ်များ၏ ချေးငွေသတ်မှတ်ချက်များကို တတ်နိုင်သလောက် ဖြေလျှော့ပေးနိုင်ရေးဆွေးနွေးရန် အစိုးရကို တောင်း ဆိုထားကြောင်း Mr. Ratthakarn က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၌ ပစ်ကပ်ရောင်းအားသည် ၂၃ နှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်း ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ပစ်ကပ်ရောင်းအားသည် အစီးရေ ၁၃၇,၄၅၆ စီးဖြင့် ၃၉.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ ပစ်ကပ် ရောင်းအား ကျဆင်းခဲ့ခြင်း ကြောင့်မော်တော်ကားအစိတ်အပိုင်းထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း ထိခိုက်ပါကြောင်း၊ အဘယ် ကြောင့်ဆိုသော် ပစ်ကပ်များကို ဈေးကွက်အတွင်းရှိ မော်တော်ကားအစိတ်အပိုင်း ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းကို အသုံးပြုတပ်ဆင်ခြင်းကြောင့် ဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်က ထုတ်ပြန် ထားပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand