Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံ၊ ဂန်စူးပြည်နယ်တို့အကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံ၊ ဂန်စူးပြည်နယ်တို့အကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက် ၃ နှစ်ကြာ သက်ရောက်မှုရှိမည့် နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ စာချွန်လွှာသည် ထိုင်းစီးပွားရေးလုပ်ငန်းများအထူးသဖြင့် အသေးစားစီးပွားရေးလုပ် ငန်းများကို ဂန်စူးပြည်နယ်နှင့် တရုတ်အနောက်ပိုင်းဒေသတွင် အခွင့်အလမ်းများရှာဖွေပေးရာ၌ အထောက်အပံ့ပေးရန်နှင့် နှစ်နိုင်ငံစီးပွားရေးအကျိုးကျေးဇူးများကို မြှင့်တင်သွားရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဗဟိုအပိုင်းတွင်တည်ရှိသော ဂန်စူးသည် ဝန်ကြီးဌာနအတွက် အရေးပါသော ပြည်နယ် တစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ရေလမ်း ကုန်သွယ်ရေး စင်္ကြံသစ်တစ်လျှောက် ထောက် ပံ့ပို့ဆောင်ရေးအဖြစ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ထိုင်းထုတ်ကုန်များကို တရုတ်အနောက်ပိုင်းသို့ ဖြန့်ဝေပေးရာတွင် လွယ်ကူချောမွေ့စေပါကြောင်း ဝန်ကြီး H.E Mr. Picahi Naripthaphan က ပြော ကြားခဲ့သည်။

နားလည်မှုစာချွန်လွှာသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒဆိုင်ရာ သတင်းအချက် အလက်များ မျှဝေခြင်း၊ ပူးတွဲလုပ်ငန်းများတည်ထောင်ခြင်း၊ ကုန်စည်ပြပွဲများတွင် ပါဝင် ဆောင်ရွက်မှု ကို အားပေးခြင်းနှင့် ဗဟုသုတမျှဝေခြင်းအပါအဝင် ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကနယ်ပယ်များ ကို လွှမ်းခြုံပြီး အစားအစာ၊ စိုက်ပျိုးရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် e-commerce ကိစ္စရပ်များလည်း ပါဝင်ပါကြောင်း၊ ၂၀၂၅ ခုနှစ် ထိုင်းနှင့်တရုတ်နိုင်ငံတို့အကြား နှစ် ၅၀ ပြည့်သံတမန်ဆက်ဆံရေး အခမ်း အနားကျင်းပရန်အတွက် တရုတ်ပြည်နယ်များစွာတွင် ကုန်သွယ်မှု မြှင့်တင်ရေးပွဲများ ကျင်းပနိုင်ရေး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဗန်ကောက် ကျောက်မျက်ရတနာပြပွဲ၊ Thaifex-Horec Asia 2025၊ STYLE Bangkok 2025၊ TAPA 2025၊ Thaifex-Anuga Asia 2025 နှင့် Tilog-LogistiX 2025 အပါအဝင် ထိုင်းနိုင်ငံရှိ ကုန်စည်ပြပွဲများတွင် ဂန်စူးလုပ် ငန်းရှင်များ ပါဝင်တက်ရောက်ရန် အားပေးခဲ့ပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

လန်ကျူး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲတွင် ထိုင်းလုပ်ငန်းရှင်များပါဝင်ရေးကိုလည်း ဂန်စူးမြို့ တော်ဝန်က ဖိတ်ကြားခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် ဂန်စူးပြည်နယ်တို့အကြား ကုန် သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၂၇ သန်းရှိခဲ့ပြီး အဓိက ပို့ကုန်များမှာ အီလက်ထရောနစ် ယန္တရား များ၊ အစေ့အဆန်များ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဘွိုင်လာယန္တရားများနှင့် ဆက်စပ်ပစ္စည်း များဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့

Category: Thailand