ထိုင်းနိုင်ငံ၌ မိရိုးဖလာစိုက်ပျိုးရေးကို အဆင့်မြှင့်တင်ရန်၊ စီးပွားရေးအရ သက်ရောက်မှုများ ပိုမိုရရှိရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များစွာအတွက် လမ်းကြောင်းဖောက်လုပ်ရန်အတွက် နည်းပညာဆိုင်ရာ မိတ်ဆက်မှုများကို ဒီဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနက ဆောင်ရွက် သွားရန်ရှိကြောင်း သိရှိရပါသည်။
One Tambon, One Digital (Otod) ပြည်သူလူထုဒရုန်းစီမံချက်မှ စတင်ဆောင်ရွက်သည့် နှစ်မှာပင် ဘတ် ၂၀ ဘီလီကျော် ရရှိခဲ့ပါကြောင်း၊ ပြည်သူလူထုဒရုန်းစီမံချက်သည် တောင်သူများတွင် ကုန်ကျစရိတ်လျှော့ချပေးပြီး ဝင်ငွေတိုးတက်စေရုံသာမက အလုပ်အကိုင်များလည်း ဖန်တီးပေးပါ ကြောင်း၊ ဒီဂျစ်တယ်စီးပွားရေးမြှင့်တင်သည့်အေဂျင်စီ (Depa) က နည်းပညာအသုံးပြုခြင်းဖြင့် လူနေမှု ဘဝနှင့် စိုက်ပျိုးရေး အရည်အသွေးများကို မြှင့်တင်ပေးရန်အတွက် Otod Smart Living နှင့် Otod Digital Durian တို့ကို မိတ်ဆက်ခဲ့ပါကြောင်း၊ Smart Living ကို ပြည်နယ် ၈ ခုတွင်ဆောင်ရွက် ခဲ့ပြီး ဒီဂျစ်တယ်ပလက်ဖောင်းအသုံးပြုခြင်းဖြင့် နောက်ကြောင်းလိုက်ခြင်းနှင့် အချက်အလက်စီမံခန့်ခွဲမှု အတွက် Digital Durian ကို ဒူးရင်းသီး တောင်သူ ၆,၀၀၀ ကျော်အတွက် ဆောင်ရွက်ပေးခဲ့ကြောင်း ဒီဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး အကြံပေး Mr. Pantanu Wannagangsai က ပြောကြားခဲ့ပါ သည်။
ဝန်ကြီးဌာနသည် မဏ္ဍိုင် ၃ ရပ်ဖြစ်သော ယှဉ်ပြိုင်မှု၊ လုံခြုံစိတ်ချရမှုနှင့် လူသားအရင်းအနှီး တို့ကို အခြေခံ၍ တိုးတက်မှုအတွက် ဆောင်ရွက်နေပါကြောင်း၊ ဒီဂျစ်တယ် နည်းပညာကို အသုံးပြုမှု မြှင့်တင်ခြင်းဖြင့် နိုင်ငံစီးပွားရေး၏ အခြေခံဖြစ်သော စိုက်ပျိုးရေးကဏ္ဍအပါအဝင် ကဏ္ဍအားလုံးတွင် ပြန်လည်အားဖြည့်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ဒီဂျစ်တယ်နည်းပညာအသုံးပြုမှုသည် တောင်သူများ၏ ကိုယ်တိုင်ယုံကြည်မှုကို တိုးမြှင့်စေပြီး နိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှုကိုလည်း မြှင့်တင်ပေးပါ ကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ ဒရုန်းများသည် သမာရိုးကျစိုက်ပျိုးရေးမှ ခေတ်မီစိုက်ပျိုးရေးသို့ အသွင် ကူးပြောင်းရာတွင် အရေးပါသော အရာတစ်ခုဖြစ်ပါကြောင်း Mr. Pantanu က သုံးသပ်ပြောကြားခဲ့ပါ သည်။
ဒရုန်းစီမံချက်သည် ဒီဂျစ်တယ် အခြေခံအဆောက်အဦ၊ ဒီဂျစ်တယ်ဂေဟစနစ်နှင့် လူစွမ်းအား ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြှင့်တင်ထားပါကြောင်း၊ စီမံကိန်းမှ နိုင်ငံတစ်ဝှမ်းရှိ နေရာ ၅ နေရာတွင် ဒရုန်းသင်တန်းစင်တာများ ထူထောင်ပေးပြီး ဒရုန်းနည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးပါ ကြောင်း၊ စီမံကိန်းမှ စိုက်ပျိုးရေးဒရုန်းပြင်ဆင်သည့် နည်းပညာရှင် ၁၀၀ နှင့် မောင်းနှင်သူ ၁,၅၀၀ ကို သင်တန်းပေးခဲ့ပါကြောင်း၊ စိုက်ပျိုးရေး အိမ်ထောင်စု ၁၀,၀၀၀ ၏ လူနေမှုဘဝကို မြှင့်တင်ပေးခဲ့ပြီး စီးပွားရေးတန်ဖိုး ဘတ် ၂၀ ဘီလီယံ ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ စီမံချက်မှတစ်ဆင့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များစွာ တည်ထောင်သွားမည်ဖြစ်ကြောင်း Depa ဥက္ကဋ္ဌ Mr. Nuttapon Nimmanphat-charin က ပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com ၊
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။