China(Nanning)

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(BRI)တွင် ပါဝင်သည့် နိုင်ငံများနှင့် ကုန်သွယ်မှုကောင်းမွန်

Last Updated:

တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI)တွင် ပါဝင် သည့် မိတ်ဖက် နိုင်ငံများနှင့် ကုန်စည်ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် ယွမ် (၂၂.၁)ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၀၇ ထရီလီယံ)ရှိခဲ့ကြောင်း တရုတ်နိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ကြီးမားသောဈေးကွက်သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအတွက် ဖွံ့ဖြိုး တိုးတက်ရေး အခွင့်အလမ်းများကို ပေးအပ်လျက်ရှိကြောင်းနှင့် ယခင်နှစ်တွင် တရုတ်နိုင်ငံ၏ သွင်းကုန် (၅၄)ရာခိုင်နှုန်းနီးပါးသည် BRI မိတ်ဖက်နိုင်ငံများမှဖြစ်ကြောင်း ဝန်ကြီးဌာနမှ တာဝန် ရှိသူ Li Yongjie က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

BRI မိတ်ဖက်နိုင်ငံများသို့ တရုတ်နိုင်ငံ၏ ပို့ကုန်များမှာ လူသုံးကုန်ပစ္စည်းများအပြင် စက်မှု လုပ်ငန်းသုံး စက်ကိရိယာများနှင့် အစိတ်အပိုင်းများဖြစ်ပြီး ထိုပို့ကုန်များသည် အဆိုပါနိုင်ငံများ၏ စက်မှုဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခဲ့ကြောင်း သူမက ပြောကြားခဲ့သည်ဟု သိရှိရသည်။

BRI နိုင်ငံများနှင့် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးချဲ့လျက်ရှိပြီး ယခင်နှစ် ပထမ (၁၁)လအတွင်း BRI နိုင်ငံများတွင် တရုတ်၏ ငွေကြေးမဟုတ်သော တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု စုစုပေါင်း ယွမ် (၂၁၄.၆၆)ဘီလီယံရှိပြီး အဆိုပါနိုင်ငံများမှ တရုတ်နိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံမှုသည် ယွမ် (၉၉.၈၇)ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

ယခင်နှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ တရုတ်နိုင်ငံသည် BRI နိုင်ငံများနှင့် ရင်းနှီး မြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် (၃၆)ခုကို လက်မှတ်ရေးထိုးခဲ့ပြီး အဓိကအား ဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော၊ ဒစ်ဂျစ်တယ်နှင့် အပြာရောင်(သမုဒ္ဒရာများမှ အရင်းအမြစ် များကို ရေရည်တည်တံ့စေရန်အသုံးပြုခြင်း)စီးပွားရေးကဲ့သို့သော ထွန်းသစ်စနယ်ပယ်များ ပါဝင် ကြောင်း Li က ပြောကြားခဲ့သည်ဟု သိရှိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁)လအတွင်း BRI မိတ်ဖက်နိုင်ငံများတွင် တရုတ်နိုင်ငံ၏ စာချုပ်ချုပ်ဆိုထားသော စီမံကိန်းများသည် အရင်းအနှီးငွေပမာဏ ယွမ်(၈၂၆.၃၄)ဘီလီယံအထိ ရှိခဲ့ပြီး တရုတ်နိုင်ငံသည် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးသည့် စီမံကိန်းပေါင်း (၇၀၀)ကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း Li က ပြောကြားခဲ့သည်ဟု သိရှိရသည်။

ဒစ်ဂျစ်တယ်စီးပွားရေး၊ သန့်ရှင်းသောစွမ်းအင်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသောသတ္တု တူးဖော်မှုကဏ္ဍများတွင် တရုတ်နိုင်ငံသည် BRI မိတ်ဖက်နိုင်ငံများနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Li က ပြောကြားခဲ့ သည်ဟု သိရှိရသည်။

တရုတ်နိုင်ငံသည် BRI မိတ်ဖက်နိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီ ချက်များနှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးသဘောတူညီချက်များကို ချုပ်ဆိုရန် လည်း လုပ်ဆောင်မည်ဖြစ်ကြောင်း Li က ပြောကြားခဲ့သည်ဟု သိရှိရသည်။

 

 

Source: en.people.cn/n3/2025/0116/c90000-20266718.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

 

 

Category: China(Nanning)