Vietnam

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် သကြားထွက်ကုန်အချို့အတွက် ကုန်သွယ်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ကျင့်သုံးမှုများနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်သွားမည်

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကြံထွက်ကုန်အချို့အပေါ်တွင် ကုန်သွယ်မှု ရှောင်လွှဲခြင်းမှ တားဆီးရေးအစီအမံများ နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်အမှတ် ၃၄၈၅/QD-BCT ကို ချမှတ်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ Department of Trade Defense ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် ၁၉၈၉/QD-BCT ဖြင့် ထိုင်းနိုင်ငံမှထွက်ရှိသော ကြံထွက်ကုန် အချို့အပေါ်တွင် တန်ပြန်အခွန်နှင့် ကုန်သွယ်မှုကုစားရေးအစီအမံများနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်မှုရလဒ်များကို ကြေညာခဲ့ပါသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ဗီယက်နမ်အစိုးရ၏ အမိန့် အမှတ် 10/2018/ND-CP အပိုဒ် ၅၈၊ အပိုဒ်ခွဲ ၁ အရ သက်ဆိုင်ရာအဖွဲ့အစည်းများသည် ကုန်သွယ်မှုကုစားရေးအစီအမံပါ ဥပဒေများကျင့်သုံးရန် ဆုံးဖြတ်ချက်ချသည့်နေ့မှ တစ်နှစ်မကုန်မီ ရက်ပေါင်း ၆၀ အတွင်း အဆိုပါ ကုန်သွယ်မှု ရှောင်လွှဲခြင်းမှ တားဆီးရေးအစီအမံများကို ပြန်လည်သုံးသပ်ရန် တောင်းဆိုနိုင်ကြောင်း ဖော်ပြပါရှိပါသည်။

ဗီယက်နမ်နိုင်ငံ Trade Remedies Department အနေဖြင့် ကြံထွက်ကုန်အချို့အတွက် ကုန်သွယ်မှုရှောင်လွှဲခြင်း မှ တားဆီးရေးအစီအမံများနှင့် ပတ်သက်၍ Wilmar Sugar Company Limited ထံမှ ပြန်လည်သုံးသပ်ရန်တောင်းဆိုချက်ကို လက်ခံရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် တင်ပြလာသည့် စာရွက် စာတမ်းများအပေါ်အခြေခံ၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကြံထွက်ကုန်များအတွက် ကုန်သွယ်မှုရှောင်လွှဲခြင်းမှ တားဆီးရေးအစီအမံများကို ပြန်လည်သုံးသပ်ခြင်း ဆုံးဖြတ်ချက် အမှတ် ၃၄၈၅/QD-BCT ကို ထုတ်ပြန်ခဲ့ပါသည်။

PVTM ဌာနအနေဖြင့် အဆိုပါ ကိစ္စနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်များ၏ အကျိုးကျေးဇူးများဆုံးရှုံးမှုမရှိစေရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် အကြံပြုထားပါသည်။

Circular No 37/2019/TT-BCT နောက်ဆက်တွဲ ၁ ပါ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ ကုန်သွယ်မှုကုစားရေးဆိုင်ရာ စာလက်ခံခြင်းစနစ် (https://online.trav.gov.vn) မှ တစ်ဆင့် စုံစမ်းစစ်ဆေးရေးအာဏာပိုင်ထံ တင်ပြရမည်ဖြစ်ကြောင်း၊  ဆုံးဖြတ်ချက်ချသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း တင်ပြရန်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ် မတ်လ ၂၆ ရက်နေ့ မတိုင်မီ စုံစမ်း စစ်ဆေးရေးအေဂျင်စီထံသို့ စာတိုက် သို့မဟုတ် အီးမေးလ်ဖြင့် ပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

 

Source: Department of Trade Defense

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: Vietnam