U. A. E

ဒူဘိုင်းချောကလက်သည် ဒူဘိုင်းမှသာဆင်းသက်ရမည်ဟု ဂျာမန်တရားရုံးမှ ဆုံးဖြတ်ချက်ချမှတ်

Last Updated:

ဒူဘိုင်းချောကလက်ဟုအမည်တပ်ထားသော ချော့ကလက်ကို ရောင်းချလျက်ရှိသည့် Supermarket တစ်ခုအား ဂျာမန်တရားရုံးတစ်ခုမှ တားမြစ်လိုက်ပြီဖြစ်ကြောင်းနှင့် အကယ်၍ ယင်းချော့ကလက် သည် အမှန်တကယ် Emirate မှ ဝင်ရောက်လာခြင်းမှန်ကန်ပါက ယင်းကို ဒူဘိုင်း ချောကလက် ဟု အမည်တပ်၍ ရောင်းချနိုင်သည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း DW တွင် ဖော်ပြထား ချက်အရ သိရှိရပါသည်။

Cologne မြို့အနောက်ပိုင်းရှိ တရားရုံးသည် Discount Supermarket ဖြစ်သော Aldi အား တူရကီတွင် အမှန်တကယ်ထုတ်လုပ်ခဲ့သော Alyan Dubai Handmade Chocolate ကို ဒူဘိုင်း ချောကလက်ဟု ရောင်းချလျက်ရှိသည့်ကိစ္စနှင့်စပ်လျဉ်း၍ ဆက်လက်ရောင်းချခြင်းမပြုရန် တားမြစ် ခဲ့ပါသည်။ တံဆိပ်၏ နောက်ကျောဘက်တွင်  ရှင်းလင်းစွာ ဖော်ပြထားသော်လည်း  စားသုံးသူ များအနေဖြင့် အဆိုပါ ချော့ကလက်သည် ဒူဘိုင်းတွင် အမှန်တကယ်ထုတ်လုပ်ပြီး ဂျာမနီနိုင်ငံသို့ တင်သွင်းခြင်းဖြစ်သည်ကို သိရှိရန်လိုအပ်ကြောင်း တရားရုံးက ကောက်ချက်ချခဲ့သည့်အပေါ် Aldi က  ငြင်းဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါကိစ္စအား စတင်တိုင်ကြားခဲ့သူမှာ ဒူဘိုင်းမှ ထုတ်လုပ်သော Fix တံဆိပ်ချော့ကလက် များကို ဂျာမနီနိုင်ငံသို့ တင်သွင်းနေသည့် ဂျာမန်ချော့ကလက်နှင့် သကြားလုံး သွင်းကုန် လုပ်ငန်းရှင် Mr. Andreas Wilmers ဖြစ်ပြီး ၎င်းသည် Aldi အပြင် Aldi နှင့် ပြိုင်ဘက် ဘတ်ဂျက် Supermarket ဖြစ်သော Lidl နှင့် ဆွစ်ချော့ကလက်လုပ်ငန်းဖြစ်သော Lindt တို့ကိုလည်း ဒီဇင်ဘာလတွင် အလားတူ တိုင်ကြားမှုမျိုး ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Lidl က ဒူဘိုင်းချောကလက်ဟူသော အသုံးအနှုန်းသည် ဒူဘိုင်းမှလာသော ချောကလက်ကို ခေါ်ဝေါ်ခြင်း မဟုတ်ဘဲ pistachio နှင့် kadayif တို့ ဖြည့်ထားသော ချောကလက်အမျိုးအစားကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ငြင်းဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။

The Association of the German Confectionary Industry (BDSI) ကလည်း ဒူဘိုင်း ချောကလက်ကို ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို ထုတ်လုပ်နိုင်ကြောင်း စောဒက တက်ခဲ့ ပါသည်။ Cologne ရှိ တရားရုံးက ယင်းကိစ္စကို သဘောမတူသော်လည်း Aldi အနေဖြင့် အယူခံ ဝင်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

 

Source:         https://www.dw.com/en/dubai-chocolate-must-come-from-dubai-german-court-rules/a-71290421

စီးပွားရေးသံမှူး၊ ဘာလင်

Category: U. A. E