U. A. E

ယူအေအီးနှင့်ဂျပန်နိုင်ငံတို့မှ အာကာသလုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်သွားမည်

Last Updated:

ယူအေအီးနိုင်ငံ၊ စက်မှုနှင့်အဆင့်မြင့်နည်းပညာဝန်ကြီး ဒေါက်တာ Sultan Ahmed Al Jaber နှင့် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Muto Yoji တို့သည် နှစ်နိုင်ငံလုံးရှိအာကာသ စက်မှုလုပ်ငန်းများအား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် နှင့်အခွင့်အလမ်းများကိုရှာဖွေနိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ယူအေအီးအာကာသအေဂျင်စီနှင့် အခြားသက်ဆိုင်သည့်အဖွဲ့အစည်းများ၏ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MoC) အောက်တွင် ဆောင်ရွက်သွားကြမည်ဖြစ်ပြီး နှစ်နိုင်ငံစလုံးက အဆိုပါ MoC ကို တစ်နှစ်အတွင်း အပြီးသတ်ရေးဆွဲ ကာလက်မှတ်ရေးထိုးနိုင်ရန် ရည်မှန်းထားကြပါသည်။

ဤပဏာမခြေလှမ်းသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သော နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အဘူဒါဘီအာကာသဟောပြောပွဲညီလာခံ နှင့်အတူကျင်းပခဲ့သည့် ယူအေအီး-ဂျပန် အာကာသပုဂ္ဂလိက-အစိုးရ အလုပ်ရုံဆွေးနွေးပွဲ၏ရလဒ်များကို အခြေခံထားပါသည်။ ၎င်းသည် နှစ် နိုင်ငံအကြား အာကာသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်အတွက် အရေး ကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် မဟာဗျူဟာမိတ်ဖက်များနှင့် ပူးပေါင်း ခြင်းအားဖြင့် ပြည်တွင်းကုမ္ပဏီများထူထောင်ခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို ပံ့ပိုးပေးသည့် အာကာသစီးပွားရေးဇုန်များအစီအစဉ်အပါအဝင် ယူအေအီးအာကာသအေဂျင်စီ၏ အစပျိုးလုပ် ဆောင်မှုများနှင့် ကိုက်ညီမှုရှိပါသည်။

အဆိုပါအစီအစဉ်သည် ပေါင်းစပ်စီးပွားရေးပတ်ဝန်းကျင်ကိုဖန်တီးရန်အတွက် ပြည်တွင်းနှင့်နိုင်ငံ တကာလိုအပ်ချက်များနှင့်ကိုက်ညီစေရန်၊ ဆန်းသစ်တီထွင်မှုနှင့်အာကာသနည်းပညာများကို စီးပွား ဖြစ်ဆောင်ရွက်နိုင်ရန်၊ ကွဲပြားပြီးရေရှည်တည်တံ့သောအသိပညာစီးပွားရေးကို ကြီးထွားလာစေရန် နှင့်အထောက်အကူဖြစ်စေရန် အဓိကထား၍လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

နှစ်နိုင်ငံစလုံးရှိ အာကာသစက်မှုလုပ်ငန်းများတို့အတွက် လမ်းပြမြေပုံရေးဆွဲရေးနှင့် လမ်းပြမြေပုံ အကောင်အထည်ဖော်ရန်အတွက် ဆွေးနွေးပွဲများကိုကျင်းပသွားရေးတို့ကိုလည်း နှစ်ဖက်စလုံးမှ ဆွေးနွေးခဲ့ကြကြောင်း သတင်းဌာနမှ ဖော်ပြပါရှိပါသည်။

စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့။

Category: U. A. E