U. A. E

ယူအေအီးနှင့်ဥရုဂွေးနိုင်ငံတို့ သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြ

Last Updated:

ယူအေအီးနိုင်ငံ၏ စွမ်းအင်နှင့်အခြေခံအဆောက်အအုံဝန်ကြီးဌာန (MoEI) နှင့် ဥရုဂွေးနို်ငငံ၏ စက်မှု လုပ်ငန်း၊ စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာနတို့သည် အဘူဒါဘီရေရှည်တည့်တံ့ရေးရက်သတ္တပတ် ၂၀၂၅ (ADSW 2025) ထိပ်သီးအစည်းအဝေးကျင်းပနေစဉ် အတောအတွင်း ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ယူအေအီးနိုင်ငံ၏ MoEI မှ အနာဂတ်စွမ်းအင်ဌာန၊ ညွှန်ကြားရေးမှူး Nawal Al Hanaee နှင့် ဥရုဂွေး နိုင်ငံမှ စက်မှု၊ စွမ်းအင်နှင့်သတ္တုတူးဖော်ရေးဝန်ကြီးဌာန၊ အမျိုးသားစွမ်းအင်ဌာန၊ ညွှန်ကြားရေးမှူး Christian Nieves Lauz တို့က နှစ်ဦးနှစ်ဘက်စလုံးမှ အသိပညာနှင့်ကျွမ်းကျင်မှု များကိုမျှဝေရန်၊ အဆင့်မြင့်ဆွေးနွေးညှိနှိုင်းမှုအစည်းအဝေးများအား ကျင်းပသွားရန်နှင့် စွမ်းအင်ဆိုင်ရာနယ်ပယ် ကဏ္ဍရပ်များအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရန် စသည်တို့ပါရှိသည့် နားလည်မှုစာချွန်လွှာ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

Al Hanaee မှ ဤသို့သောပူးပေါင်းဆောင်ရွက်မှုများသည် သန့်ရှင်းပြီးပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆီသို့အသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ထို့အပြင် နှစ်နိုင်ငံစလုံး၏ စွမ်းအင်ပေါင်းစည်းမှုနှင့် သန့်ရှင်းသော စွမ်းအင်ကိုမှီခိုအားထားရန် ကြိုးပမ်းဆောင်ရွက်မှုများအတွင်း ဖွံ့ဖြိုးမှုနှင့်တိုးတက်မှုများအတွက် ကျယ်ပြန့်သောနယ်ပယ်များစွာကို အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါစာချွန်လွှာတွင် သန့်ရှင်းသောစွမ်းအင်နှင့် ရာသီဥတုဆိုင်ရာလုပ်ဆောင်မှုများကဲ့သို့သော အဓိကကဏ္ဍရပ်များကို ပံ့ပိုးကူညီနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမူဘောင်တစ်ရပ်ကို ချမှတ်ထားသောကြောင့် ၎င်းတို့၏ အကျိုးအမြတ်များအတွက် မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးများကိုဖော်ဆောင်ရန် နှစ်ဖက်စလုံးမှမျှဝေမှုရှိသောကတိကဝတ်ကို ထင်ဟပ်စေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ယူအေအီးနိုင်ငံ၏ စွမ်းအင်နှင့်အခြေခံအဆောက်အအုံဝန်ကြီးဌာန (MoEI) နှင့် ဥရုဂွေးနို်ငငံ၏ စက်မှု လုပ်ငန်း၊ စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာနတို့သည် အဘူဒါဘီရေရှည်တည့်တံ့ရေးရက်သတ္တပတ် ၂၀၂၅ (ADSW 2025) ထိပ်သီးအစည်းအဝေးကျင်းပနေစဉ် အတောအတွင်း ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ယူအေအီးနိုင်ငံ၏ MoEI မှ အနာဂတ်စွမ်းအင်ဌာန၊ ညွှန်ကြားရေးမှူး Nawal Al Hanaee နှင့် ဥရုဂွေး နိုင်ငံမှ စက်မှု၊ စွမ်းအင်နှင့်သတ္တုတူးဖော်ရေးဝန်ကြီးဌာန၊ အမျိုးသားစွမ်းအင်ဌာန၊ ညွှန်ကြားရေးမှူး Christian Nieves Lauz တို့က နှစ်ဦးနှစ်ဘက်စလုံးမှ အသိပညာနှင့်ကျွမ်းကျင်မှု များကိုမျှဝေရန်၊ အဆင့်မြင့်ဆွေးနွေးညှိနှိုင်းမှုအစည်းအဝေးများအား ကျင်းပသွားရန်နှင့် စွမ်းအင်ဆိုင်ရာနယ်ပယ် ကဏ္ဍရပ်များအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရန် စသည်တို့ပါရှိသည့် နားလည်မှုစာချွန်လွှာ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

Al Hanaee မှ ဤသို့သောပူးပေါင်းဆောင်ရွက်မှုများသည် သန့်ရှင်းပြီးပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆီသို့အသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ထို့အပြင် နှစ်နိုင်ငံစလုံး၏ စွမ်းအင်ပေါင်းစည်းမှုနှင့် သန့်ရှင်းသော စွမ်းအင်ကိုမှီခိုအားထားရန် ကြိုးပမ်းဆောင်ရွက်မှုများအတွင်း ဖွံ့ဖြိုးမှုနှင့်တိုးတက်မှုများအတွက် ကျယ်ပြန့်သောနယ်ပယ်များစွာကို အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါစာချွန်လွှာတွင် သန့်ရှင်းသောစွမ်းအင်နှင့် ရာသီဥတုဆိုင်ရာလုပ်ဆောင်မှုများကဲ့သို့သော အဓိကကဏ္ဍရပ်များကို ပံ့ပိုးကူညီနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမူဘောင်တစ်ရပ်ကို ချမှတ်ထားသောကြောင့် ၎င်းတို့၏ အကျိုးအမြတ်များအတွက် မဟာဗျူဟာမြောက်မိတ်ဖက် ဆက် ဆံရေးများကိုဖော်ဆောင်ရန် နှစ်ဖက်စလုံးမှမျှဝေမှုရှိသောကတိကဝတ်ကို ထင်ဟပ်စေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့။

Category: U. A. E