Vietnam

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုရှောင်လွှဲခြင်းမှ တားဆီးရေး အစီအမံများနှင့်ပတ်သက်၍ သကြားတင်ပို့သူအသစ် သုံးသပ်ခြင်းလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်သွားမည်

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုကုစားရေးအာဏာပိုင် အဖွဲ့ (Trav) သည် သကြားထွက်ကုန်အချို့အတွက် ကုန်သွယ်မှုရှောင်လွှဲခြင်းမှ တားဆီးရေး အစီအမံများကျင့်သုံးမှုတွင် ပါဝင်သောပို့ကုန်လုပ်ငန်းရှင်များကို ပြန်လည်သုံးသပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဝန်ကြီးဌာနအနေဖြင့် ကြံထွက်ကုန်အချို့နှင့် ပတ်သက်သည့် အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်ရန် ဆုံးဖြတ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ ပါသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် Delicious Food Co., Ltd မှ တင်သွင်းသူအသစ် များကို ပြန်လည်သုံးသပ်ပေးနိုင်ရေးအတွက် စာရွက်စာတမ်း အပြည့်အစုံကို တင်ပြခဲ့ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံခြားကုန်သွယ်မှု စီမံခန့်ခွဲရေးဥပဒေ အပိုဒ် ၈၂၊ အပိုဒ်ခွဲ ၃ နှင့် အမိန့်အမှတ် ၁၀/၂၀၁၈/ ND-CP ပုဒ်မ ၆၅ တို့အပေါ် အခြေခံ၍ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၂၄ ရက်နေ့ တွင် ဆုံးဖြတ်ချက်အမှတ် ၃၄၈၆/QD-BCT ဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုကုစားရေးအာဏာပိုင်အဖွဲ့မှ အဆိုပါ ကိစ္စနှင့်ပတ်သက်သည့် အဖွဲ့အစည်း အားလုံးနှင့် တစ်ဦးချင်းပုဂ္ဂိုလ်များအနေဖြင့် မိမိတို့၏ အကျိုးစီးပွားများ ဆုံးရှုံးမှုမရှိစေရေးအတွက် Circular No 37/2019/TT-BCT ဖြင့် ထုတ်ပြန်ထားသော နောက်ဆက်တွဲ ၁ ပါ မှတ်ပုံတင် စာရင်းရေးသွင်းရမည့် ပုံစံအတိုင်းစာရင်းသွင်းပြီး ကုန်သွယ်မှုကုစားရေးဆိုင်ရာ စာလက်ခံခြင်း စနစ် (https://online.trav.gov.vn) မှတစ်ဆင့် စုံစမ်းစစ်ဆေးရေးအေဂျင်စီသို့ ဆုံးဖြတ်ချက်ချသည့် နေ့မှ ရက်ပေါင်း ၆၀ အတွင်း ပေးပို့ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်သည့် လျှောက်လွှာများအား ၂၀၂၅ ခုနှစ် မတ်လ ၂၆ ရက်နေ့မတိုင်မီ စုံစမ်းစစ်ဆေးရေးအေဂျင်စီထံ စာတိုက် သို့မဟုတ် အီးမေးလ်ဖြင့် ပေးပို့ရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: Vietnam