ဗီယက်နမ်နိုင်ငံသည် ယခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ ဆန်တန်ချိန် ၈.၀၅ သန်း တင်ပို့နိုင်ခဲ့ ပြီး စံချိန်တင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅.၀၅ ဘီလီယံရရှိခဲ့ကြောင်း ဗီယက်နမ် အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
အဆိုပါကိန်းဂဏန်းများသည် တစ်နှစ်ထက်တစ်နှစ် ၉.၄၆ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၁.၄၉ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ပျမ်းမျှအားဖြင့် ပို့ကုန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၆ ထိ မြင့်မားလာခြင်းကြောင့် တိုးတက်မှုနှုန်းမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။
ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ် ၁၀ လအတွင်း ဗီယက်နမ်၏ အကြီးဆုံးဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး စုစုပေါင်း တင်ပို့မှု၏ ၄၆.၉ ရာခိုင်နှုန်းကျော်ရှိသည်။ အောက်တိုဘာ လကုန်တွင် ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၃.၆၄ သန်းနီးပါး တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၂၄ ဘီလီယံနီးပါး တန်ဖိုးရှိကြောင်း ဖော်ပြထားပါသည်။
အခြားအဓိကဈေးကွက်များအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ဆန်တန်ချိန် ၁.၀၉ သန်းနီးပါး တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၅၅ သန်းကျော်ရှိကြောင်းနှင့် မလေးရှားနိုင်ငံ မှ ဆန်တန်ချိန် ၆၇၄ သန်းကျော် တင်သွင်းကာ အမေရိကန်ဒေါ်လာ ၃၉၉.၈ သန်းတန်ဖိုး ရှိကြောင်း သိရှိရပါသည်။
Source: VN Economy
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)