Vietnam

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့မှု ၂၇ ရာခိုင်နှုန်းမြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့မှုသည် ၂၀၂၄ ခုနှစ် ၁၁ လ အတွင်း ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၆.၆ ဘီလီယံဖိုးရှိပြီး ယခင်နှစ်အလားတူ ကာလထက် ၂၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားပါသည်။ ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်းသည် အကောက်ခွန်အချက်အလက်များအပေါ် အခြေခံ၍ အဓိက စျေးကွက်များသို့ တင်ပို့မှုမှာ ဂဏန်းနှစ်လုံး(double-digit)နှုန်းဖြင့် ကြီးထွားလာကြောင်း ခန့်မှန်း ခဲ့ကြောင်း သိရှိရပါသည်။

တရားဝင်အချက်အလက်ရရှိမှုအရ ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံသို့ တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်၊ တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံသို့ တင်ပို့မှု ၃၅ ရာခိုင်နှုန်း၊ ၄၁ ရာခိုင်နှုန်းနှင့် ၇၀ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

သစ်သီးဝလံတင်ပို့မှုများအနက် ဒူးရင်းသည် အရောင်းရဆုံး ကုန်ပစ္စည်းဖြစ်ပြီး အဆိုပါ ကာလအတွင်း ပို့ကုန်ရငွေ ၃ ဘီလီယံကျော် ရရှိခဲ့ကြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ဖိုးရှိပြီး တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖိုးရှိကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်သည် စျေးကွက်ဝေစု ၃၉ ရာခိုင်နှုန်းဖြင့် ဒုတိယအကြီးဆုံး တင်သွင်းသူဖြစ်ပြီး ဈေးကွက်ဝေစု၏ ၆၀.၂ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေသည့် ထိုင်းနောက်မှ ရပ်တည်လျက်ရှိသည်။ တရုတ်နိုင်ငံသည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အထူးသဖြင့် ဗီယက်နမ်ဒူးရင်း ဝယ်လိုအား အလွန်မြင့်မားလျက်ရှိကြောင်း အသင်းအထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းတင်ပို့မှုသည် လက်ရှိတိုးတက်မှုနှုန်းကို ထိန်းထားနိုင်မည်ဆိုပါက ဗီယက်နမ်သည် လာမည့်နှစ် သို့မဟုတ် ၂ နှစ်အတွင်းတရုတ်ဈေးကွက်သို့ ဒူးရင်းတင်ပို့သည့် ဈေးကွက်အတွင်း ထိုင်းနိုင်ငံကို ကျော်တက်နိုင်ဖွယ်ရှိကြောင်း၊ ယခုနှစ်အတွင်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဘီလီယံ စံချိန်တင်ရရှိရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ဗီယက်နမ်သည် ဩဂုတ်လတွင် အေးခဲထားသော ဒူးရင်းနှင့် အုန်းလတ်လတ်ဆတ်ဆတ် များကို တရုတ်နိုင်ငံသို့ တင်ပို့ရန်ခွင့်ပြုချက်ရရှိခဲ့ကြောင်း၊ တင်ပို့သူအများအပြားက စာချုပ်ချုပ်ဆို ခဲ့ပြီး ကုမ္ပဏီတစ်ခုက အုန်းသီး ကွန်တိန်နာ ၁၅၀၀ အထိ တင်ပို့ရန် သဘောတူညီမှုရရှိထား သည်ဟု ဖော်ပြထားပါသည်။

အုန်းသီး၊ ပင်မှည့်သီးနှင့် အခြားလယ်ယာထွက်ကုန်အချို့သည် အမေရိကန်တွင် ဝယ်လိုအား မြင့်တက်လာသော်လည်း ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ရာသီဥတုဆိုးရွားမှုကြောင့် ဗီယက်နမ်မှ သစ်သီးဝလံတင်သွင်းမှု တိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

 

Source: VN Express International

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

 

Category: Vietnam