Vietnam

အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးကဏ္ဍသည် ၂၀၂၃ ခုနှစ်တွင် စံချိန်တင် တိုးတက်မှုနှုန်းမြင့်တက်

Last Updated:

၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး (e-commerce) ကဏ္ဍတွင် သိသိသာသာ တိုးတက်လာခဲ့ကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး ဌာနမှ Vietnam E-commerce and Digital Economy Agency မှ ဒါရိုက်တာဖြစ်သူ Ms. Le Hoang Oanh က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က Cross-border e-commerce: Vietnam products for Export opportunity” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် အီလက်ထရောနစ်ကူးသန်း ရောင်းဝယ်ရေးချိတ်ဆက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင် သူမက ဤကဏ္ဍ၏ လျင်မြန်စွာ ချဲ့ထွင်နိုင်မှုနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Amazon Global Selling Vietnam ၏ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်က ထုတ်ကုန် ၁၇ သန်းကျော် တင်ပို့ခဲ့ကြောင်း၊ တန်ဖိုး ၅၀ ရာခိုင်နှုန်း တိုးလာပြီး မိတ်ဖက်ရောင်းချသူ အရေအတွက် ၄၀ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ နယ်စပ်ဖြတ်ကျော် e-commerce ကဏ္ဍသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၂၈.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါကိန်းဂဏန်းများသည် ဗီယက်နမ်လုပ်ငန်းများ၏ နိုင်ငံတကာ ဈေးကွက်များသို့ ချဲ့ထွင်ရန် အလားအလာများနှင့် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများကို ပေါ်လွင်စေသည်ဟု Ms. Oanh က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၏ e-commerce တိုးတက်မှုသည် ကမ္ဘာတစ်ဝှမ်းနှင့် ဒေသတွင်းတွင် ထိပ်တန်း ၁၀ နိုင်ငံစာရင်း၌ ပါဝင်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဈေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၀.၅ ဘီလီယံရှိပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံအထိ ရောက်ရှိရန် ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။  

Ms. Oanh မှ နယ်စပ်ဖြတ်ကျော် e-commerce သည် အွန်လိုင်းတင်ပို့မှု၏ အရေးပါသော မောင်းနှင်အားဖြစ်ကြောင်း၊ မကြာသေးမီက စစ်တမ်းတစ်ခုအရ စီးပွားရေးလုပ်ငန်းများ၏ ၅၃ ရာခိုင်နှုန်းသည် ပို့ကုန်တင်ပို့ရန်အတွက် e-commerce ပလက်ဖောင်းများကို အသုံးပြုလျက် ရှိကြောင်း၊ ၄၇ ရာခိုင်နှုန်းသည် ကိုယ်ပိုင် ဝက်ဆိုဒ် သို့မဟုတ် အက်ပ်များကို ဖန်တီးဆောင်ရွက် လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများ၏ ၆၀ ရာခိုင်နှုန်းသည် e-commerce ဆောင်ရွက်မှု များတွင်ပါဝင်ပြီး ၎င်းသည် စုစုပေါင်းကုန်သွယ်မှု၏ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိရှိကြောင်း ဖော်ပြထားပါသည်။

 

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: Vietnam