China(Beijing)

RCEP အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရေး ကူညီလုပ်ဆောင်ရန် စီးပွားရေး ဦးဆောင်သူများအား ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးချုပ် တောင်းဆို

Last Updated:

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ဖြစ်သည့် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (RCEP) အဖွဲ့ဝင် အဖြစ် ဝင်ရောက်နိုင်ရေး အတွက် စီးပွားရေးဦးဆောင်သူများအနေဖြင့် ကူညီပေးကြရန် ဟောင်ကောင်ဒေသအုပ်ချုပ်ရေး မှူးချုပ် က ပြောကြားခဲ့သည်ဟု rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် “CE calls on business leaders to support RCEP bid” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသနှင့် အာဆီံယံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာနေခြင်း သည် ဟောင်ကောင်ဒေသအနေဖြင့် RCEP ဝင်ရောက်ရန် အသင့်အနေအထားတွင် ရှိနေသည်ကို ဖော်ပြကြောင်းနှင့် နှစ်ဖက် ဆက်ဆံရေး ထပ်မံမြှင့်တင်ပေးမည့် နောက်တစ်ဆင့်မှာ RCEP အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခြင်းဖြစ်ကြောင်း ဟောင်ကောင်အထွေထွေကုန်သည်ကြီးများအသင်းမှ ကျင်းပသည့် နိုင်ငံတကာစီးပွားရေး အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြား ခဲ့ပါသည်။

ဟောင်ကောင်ဒေသသည် RCEP အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးအတွက် အသင့်ပြင်ဆင် ထားပြီးဖြစ်ကြောင်း၊ RCEP အဖွဲ့ဝင် ဖြစ်လာခြင်းဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင် ကုန်သွယ်မှု မြှင့်တင်နိုင်မည်ဖြစ်သကဲ့သို့ အာဆီယံနှင့် RCEP အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများနှင့် ကုမ္ပဏီများ အတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၏ အနေအထားကို နားလည်ပြီး RCEP သို့ဝင်ရောက်နိုင်ခြင်းဖြင့် ရရှိလာနိုင်မည့် ရလဒ်ကို တန်ဖိုးထားသူများဖြစ်သည့် စီးပွားရေးဦးဆောင်သူများအနေဖြင့် ဟောင်ကောင်ဒေသ RCEP အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေး အတွက် အထောက်အပံ့ပေးကြရန် ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

Category: China(Beijing)