Thailand

ထိုင်းနိုင်ငံ၏ အထူးစီးပွားရေးဇုန်များတွင် ကော်ပိုရိတ်ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့

Last Updated:

ထိုင်းနိုင်ငံ အခွန်ဦးစီးဌာနက နိုင်ငံ၏ အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် ရည်ရွယ်၍ ဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းများအတွက် ကော်ပိုရိတ်ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းသို့ ၁၀ နှစ်ကြာ လျှော့ချပေးခဲ့ကြောင်း သိရှိရပါသည်။

အခွန်လျှော့ချနိုင်ရေးနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့က ဇန်နဝါရီလ ၁၃ ရက်နေ့က အတည်ပြုခဲ့ပြီး အထူးစီးပွားရေးဇုန်များအတွင်း အခွန်လျှော့ချရေးအတွက် ဦးစီးဌာနက တော်ဝင်အမိန့်စာထုတ်ပြန်ခဲ့ ပါကြောင်း၊ အစီအမံအသစ်အောက်မှ ကော်ပိုရိတ်ဝင်ငွေခွန်ကို ယခင် စံနှုန်းထား ၂၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပါကြောင်း၊ အထူးစီးပွားရေးဇုန်က သတ်မှတ်ထားသော စက်ရုံများတွင် လည် ပတ်နေသော ကုမ္ပဏီများ သို့မဟုတ် ဥပဒေနှင့်အညီပူးပေါင်းဆောင်ရွက်သူများအနေဖြင့် ၎င်းတို့၏ ရုံးချုပ်တည်နေရာကို ထည့်သွင်းမစဉ်းစားဘဲ အခွန်လျှော့ချမှုကို ခံစားခွင့်ရှိပါကြောင်း၊ အခွန်အကျိုး ကျေးဇူးများကို အထူးစီးပွားရေးဇုန်အတွင်း ကုန်ပစ္စည်းထုတ်လုပ်မှု သို့မဟုတ် ဝန်ဆောင်မှုပေးခြင်းမှ ရရှိသော ဝင်ငွေအပေါ် ကောက်ခံမည်ဖြစ်ကြောင်း၊ ယင်းအစီအမံအရ အထူးစီးပွားရေးဇုန်အတွင်း ကုန် စည် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် အလုပ်အကိုင်များကို တိုးမြှင့်သင့်ကြောင်း ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် Mr. Pinsai Suraswadi က ပြောကြားခဲ့ပါသည်။

အခွန်ဖြတ်တောက်ပေးမှုကြောင့် အထူးစီးပွားရေးဇုန်အတွင်းရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများ၊ အဓိက စီးပွားရေးနယ်ပယ်များနှင့် အိမ်နီးချင်းနိုင်ငံများအကြား ချိတ်ဆက်မှုကို တိုးမြင့်စေပြီး ထိုင်း နိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှုကို တိုးမြင့်စေရန်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် တက်ခ်၊ မူဒဟန်၊ စခေါင်၊ ဆုန် ခလာ၊ တရက်၊ နောင်ခိုင်၊ နရသီဝက်၊ ချင်းရိုင်၊ နခွန်ဖနွမ်နှင့် ကန်ချနာပူရိ စသည့် နယ်စပ်ဒေသ တစ် လျှောက် အထူးစီးပွားရေးဇုန် ၁၀ ခုရှိပါကြောင်း၊ ထိုင်းနိုင်ငံသည် နယ်စပ်ဒေသများတွင် စီးပွားရေး တိုးတက်မှုကို မြှင့်တင်ရန်အတွက် ၂၀၁၅ ခုနှစ်တွင် အထူးစီးပွားရေးဇုန် ၁၀ ခု တည်ထောင်ခဲ့ပါ ကြောင်း၊ အဆိုပါ ဇုန်များသည် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် မဟာဗျူဟာကျစွာ တည်ရှိပါကြောင်း Mr. Pinsai က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: Thailand