Thailand

ထိုင်းနိုင်ငံ ဒူးရင်းသီးပို့ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မှုကို ပြန်လည် စတင်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ၏ ဒူးရင်းသီးပို့ကုန်များကို တရုတ်နိုင်ငံက ယာယီပိတ်ဆို့ထားပြီးနောက် တင်ပို့မှုကို ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Itthi Sirilathayakorn က ပြောကြားခဲ့သည်။

ဘတ် ၇.၈ သန်း တန်ဖိုးရှိသော ဒူးရင်းသီး ၉၆ တန်ကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့ကြား တရုတ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ပြီး တင်ပို့မှုကို နခွန်ဖနွမ်နှင့် ချင်းရိုင်နယ်စပ် လမ်းကြောင်းများမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တင်ပို့မှုများကို ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှ စတင်အသက်ဝင်ခဲ့ သည့် တရုတ်၏ သွင်းကုန်လိုအပ်ချက်များနှင့် ကိုက်ညီရန် တင်းတင်းကြပ်ကြပ် စစ်ဆေးအတည်ပြု ခဲ့ပါကြောင်း၊ တရုတ်၏ သွင်းကုန်လိုအပ်ချက်အရ ထိုင်းနိုင်ငံမှ ဒူးရင်းသီးများတွင် Carcinogenic အရောင်ဆိုးဆေးပစ္စည်းတစ်ခုဖြစ်သည့် Basic Yellow 2 ကင်းစင်ကြောင်း အတည်ပြုရန်အတွက် ဝန် ကြီး ဌာနအနေဖြင့် အစီအမံများ ဆောင်ရွက်ခဲ့ရကြောင်း၊ မတင်ပို့မီ စစ်ဆေးမှု အစီအမံများ ဆောင်ရွက် ရန် ပျက်ကွက်သည့် လုပ်ငန်းရှင်များသည် ပြင်းထန်သော အရေးယူမှုကို ခံယူရမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ဒူးရင်းသီးပို့ကုန်များကို စီစဉ်ထားသည့်အတိုင်း ပြန်လည်တင်ပို့နိုင်ရန် အားစိုက်ဆောင်ရွက်ခဲ့ သည့် စိုက်ပျိုးရေးဦးစီးဌာနကို ကျေးဇူးတင်ရှိကြောင်း၊ Basic Yellow 2 အတွက် General Admini-stration of Customs in China (GACC) စစ်ဆေးမှုကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ ဓာတ် ခွဲခန်း ၆ ခုတွင် ဆောင်ရွက်ပြီးနောက် အတည်ပြုခဲ့ပါကြောင်း၊ ဓာတ်ခွဲခန်း ၄ ခု၏ ခွင့်ပြုလွှာများကို လည်း လာမည့်အပတ်တွင် ရရှိမည်ဟု ခန့်မှန်းထားပြီး နေ့စဉ် နမူနာပုံစံ ၁,၃၀၀ ကို စစ်ဆေးသွားနိုင် ကြောင်း၊ Basic Yellow 2 ကင်းလွတ်ကြောင်း အတည်ပြုရန် စာရွက်စာတမ်း မလုံလောက်သော ကြောင့် ဒူးရင်းသီးပို့ကုန်များကို နန်နင်းလေဆိပ်တွင် ပယ်ဖျက်လိုက်သည်ဟု ဇန်နဝါရီလ ၁၁ ရက်နေ့ တွင် ဝန်ကြီးဌာနကို အကြောင်းကြားခဲ့ကြောင်း သိရှိရပါသည်။

ဓာတ်ခွဲခန်းရလဒ်များတွင် Basic Yellow 2 မတွေ့ရှိကြောင်းနှင့် Cadmium အဆင့်သည် ၀.၀၅ မီလီဂရမ်/ကီလို ထက် မကျော်လွန်ကြောင်း စစ်ဆေးတွေ့ရှိမှသာ တင်ပို့မှုအတွက် သက်သေခံလက် မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Rapibhat Chandarasrivongs က ဖြည့်စွက်ပြောကြားခဲ့သည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: Thailand