Thailand

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က မျှော်မှန်းထား

Last Updated:

ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မက်လုံးများအတွက် လျှောက်ထားမှုများသည် ၃၅ ရာခိုင် နှုန်း မြင့်တက်လာခဲ့သဖြင့် ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ အရှိန်ရရှိလာနိုင်ကြောင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအကြီးဆုံးစီမံကိန်းများမှာ အချက်အလက်စင်တာများနှင့် Cloud ဝန်ဆောင်မှုများ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က ပြောကြားချက်အရ သိရှိရပါသည်။

၂၀၂၄ ခုနှစ်တွင် ဒီဂျစ်တယ်ကဏ္ဍ၌ စီမံကိန်း ၁၅၀ ခု၊ တန်ဖိုးအားဖြင့် ဘတ် ၂၄၃ ဘီလီယံဖြင့် ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးဖြစ်ပါကြောင်း၊ အဓိက စီမံကိန်းများတွင် နည်းပညာ နှင့် Cloud ဝန် ဆောင်မှုကြီးမားသော အမေရိကန်နှင့် ဩစတြေးလျတို့မှ Google (Alphabet) စသည့် ကုမ္ပဏီကြီးများ ၏ အချက်အလက်စင်တာများတည်ထောင်မှုတို့ ပါဝင်ကြောင်း၊ အီလက်ထရောနစ်နှင့် လျှပ်စစ်ပစ္စည်း ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် ဘတ် ၂၃၁ ဘီလီယံဖြင့် ဒုတိယအများဆုံးဖြစ်ပြီး မော်တော်ယာဉ်ထုတ် လုပ်မှု၌ ရင်းနှီးမြှုပ်နှံမှုသည် ဘတ် ၁၀၂ ဘီလီယံဖြင့် တတိယ၊ စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် ဘတ် ၈၇.၆ ဘီလီယံဖြင့် စတုတ္ထနှင့် ရေနံဓာတုနှင့် ဓာတုကဏ္ဍတွင် ဘတ် ၄၉.၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုဖြင့် ပဥ္စမဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံကို ကြီးမားသော ဒီဂျစ်တယ်ကဏ္ဍနှင့် စမတ်အီလက်ထရောနစ် စီမံကိန်းများအတွက် လုံခြုံသည့် နေရာအဖြစ် မြှင့်တင်မည့် အစိုးရ၏ မူဝါဒအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ တုန့်ပြန်မှုသည် အထင်ကြီးဖွယ်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း ဘုတ်အဖွဲ့ဖွဲ့စည်းပြီးနောက် ယင်း လမ်းကြောင်းသည် ၂၀၂၅ ခုနှစ်တွင် ပိုမိုခိုင်မာလာမည်ဟု မျှော်မှန်းထားပါကြောင်း၊ ဘုတ်အဖွဲ့အနေ ဖြင့် တရုတ်၊ အမေရိကန်၊ ဂျပန်နှင့် ဥရောပတို့အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရင်းမြစ် ဈေးကွက်များ တွင် Roadshow များ ကျင်းပသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အထွေထွေအတွင်းရေး မှူးချုပ် Mr. Narit Therdsteerasukdi က ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် စီမံကိန်း လျှောက်လွှာ ၃,၁၃၇ ခု ရှိခဲ့ပြီး ၄၀ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်းလျှောက်ထားလွှာ တန်ဖိုး၏ ၇၃ ရာခိုင်နှုန်းဖြစ်ကြောင်း၊ စင်ကာပူသည် ဒီဂျစ်တယ်ဝန်ဆောင် မှုနှင့် အီလက်ထရောနစ်ထုတ်လုပ်မှုအတွက် စီမံကိန်း ၃၀၅ ခု၊ တန်ဖိုး ဘတ် ၃၇၄ ဘီလီယံဖြင့် အများ ဆုံးဖြစ်ပြီး တရုတ်သည် Printed Circuit Board (PCB)နှင့် မော်တော်ကားထုတ်လုပ်မှုအတွက် ရင်းနှီး မြှုပ်နှံမှုတန်ဖိုး ဘတ် ၁၇၄ ဘီလီယံဖြင့် ဒုတိယ၊ ဟောင်ကောင်သည် ဘတ် ၈၂.၃ ဘီလီယံဖြင့် တတိယ၊ ထိုင်ဝမ်သည် ဘတ် ၅၀ ဘီလီယံဖြင့် စတုတ္ထ နှင့်ဂျပန်သည် ဘတ် ၄၉.၁ ဘီလီယံဖြင့် ပဥ္စမဖြစ်ကြောင်း သိရှိရပါသည်။

လုပ်ငန်းကြီးများအပေါ် ကောက်ခံမည့် Top-Up အခွန်နှင့်ပတ်သက်၍ ဘုတ်အဖွဲ့သည် ဘဏ္ဍာ ရေးဝန်ကြီးဌာနနှင့် ဆွေးနွေးလျက်ရှိပြီး လုပ်ငန်း ၁,၀၀၀ အောက်သာ ပါဝင်သင့်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကောက်ခံသည့် Top-Up အခွန်သည် ကမ္ဘာ့လုံးဆိုင်ရာ အနည်းဆုံးအခွန် ၁၅ ရာခိုင်နှုန်းနှင့်ကိုက်ညီမှုရှိစွာ နိုင်ငံစုံကုမ္ပဏီများအနေဖြင့် ကော်ပိုရိတ်ဝင်ငွေခွန် အနည်းဆုံးအဆင့် ပေးဆောင်ရန် ဒီဇိုင်းရေးဆွဲထားသည့် နည်းလမ်းဖြစ်ကြောင်း Mr. Narit က ဖြည့်စွက်ပြောကြားခဲ့ပါ သည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: Thailand