Vietnam

VinFast သည် ဗီယက်နမ်ဈေးကွက်တွင် အရောင်းရဆုံး ကားအမှတ်တံဆိပ်ဖြစ်လာ

Last Updated:

Vingroup ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် VinFast Automaker သည် အောက်တိုဘာလတွင် လျှပ်စစ်ကားအစီးရေ (EVs) ၁၁,၀၀၀ ကျော် ရောင်းချပေးခဲ့ပြီး ၁၀ လအတွင်း စုစုပေါင်း မော်တော်ယာဉ် အစီးရေ ၅၁,၀၀၀ ကျော်အထိ ရောင်းချပေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ၁၀ လတာ အတွင်း အရောင်းရဆုံးကားအမှတ်တံဆိပ်ဖြစ်လာကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါသည်။ VF 3 နှင့် VF 5 တို့သည် အရောင်းရဆုံး မော်ဒယ်များထဲတွင် ပါဝင်ပြီး အစီးရေ ၅,၀၀၀ နီးပါးနှင့်၂,၆၀၀ ကျော် အသီးသီး ရောင်းချခဲ့ကြောင်း ဖော်ပြထားပါသည်။

အခြားမော်ဒယ်နံပါတ်များဖြစ်သည့် VF 6၊ VF 7၊ VF 8၊ VF 9 နှင့် VF e34 တို့သည်လည်း ရောင်းအားကောင်းခဲ့ပြီး သုံးစွဲသူများပိုမိုများလာကာ လျှပ်စစ်ကားများကို ရွေးချယ်လာကြပြီး အစိမ်းရောင်ရွေ့လျားမှုဘက်သို့ ဦးတည်လာမှုကို ပြသလျက်ရှိကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ၏ ရောင်းအားအကောင်းဆုံးကားအမှတ်တံဆိပ်အဖြစ် VinFast ၏ အောင်မြင်မှုသည် ပြည်တွင်းမော်တော်ကားလုပ်ငန်းအတွက် အဓိကမှတ်တိုင်တစ်ခုဖြစ်လာ ခဲ့သည်။ စျေးကွက်သို့ဝင်ရောက်ပြီး ၅ နှစ်တာကာလအတွင်း VinFast သည် ခိုင်မာသော ခြေကုပ်တစ်ခုကို ထူထောင်နိုင်ခဲ့ပြီး နိုင်ငံခြားကားအမှတ် တံဆိပ်များကို ကျော်တက်ကာ အကြီးမားဆုံး စျေးကွက်ဝေစုကိုရရှိခဲ့သည်။ ထူးခြားသည်မှာ ၎င်းသည် သမားရိုးကျ ဓာတ်ဆီသုံး အမှတ်တံဆိပ်များကို ကျော်လွန်ရောင်းချနိုင်သည့် ပထမဆုံး EV အမှတ်တံဆိပ် ဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါအောင်မြင်မှုသည် လျှပ်စစ်ကားများကို လုံးလုံးလျားလျား အာရုံစိုက် ဆောင်ရွက်ရန် ကူးပြောင်းပြီး ၂ နှစ်အကြာတွင် ဈေးကွက်ကို ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 Source: Vietnam plus

(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ဟနွိုင်းမြို့)

 

 

Category: Vietnam