ကင်ညာနိုင်ငံ၊ Machakos ကောင်တီရှိ ကောင်းမွန်စွာ တပ်ဆင်ထားသည့် လျှပ်စစ်ဓါတ်အားပေး စက်ရုံတွင် ဒေသခံအလုပ်သမားများသည် ဓါတ်အားထုတ်လုပ်မှုလိုင်းများ ချောမွေ့မှု ရှိစေရေးအတွက် စမတ်မီတာများ တပ်ဆင်ရန် အလုပ်များနေကြသည်။ နှစ်စဉ် ယူနစ် ၄၀၀,၀၀၀ ဖြန့်ဖြူးပေးနိုင်သည့် စက်ရုံသည် ဒေသအနှံ့ လျှပ်စစ်စွမ်းအင် ထိရောက်မှု မြှင့်တင်ရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အဆိုပါစက်ရုံကို တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang အခြေစိုက် Zhejiang Chint Instrument & Meter Co., Ltd. က ပိုင်ဆိုင်ထားသည်။
အဆိုပါစက်ရုံ၏ လုပ်သားအင်အား ၉၀ ရာခိုင်နှုန်းသည် ဒေသခံဝန်ထမ်းများဖြစ်ကြပြီး ကုမ္ပဏီ ပတ်ဝန်းကျင်ရှိ လူငယ်များအား ပုံမှန်သင်တန်းများပေး၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ကင်ညာနိုင်ငံ ကဲ့သို့သော နိုင်ငံများနှင့် ပူးပေါင်း၍ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနဲ့ နေ့စဉ်လူမှုနေထိုင်မှု စသည့် ကဏ္ဍ ပေါင်းစုံ၌ အစိမ်းရောင် စွမ်းအင်နှင့် ကာဗွန် ထုတ်လွှတ်မှုနည်းသည့် ထုတ်လုပ်မှု အလေ့အကျင့်များ အတွက် ပေါင်းစည်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း အာဖရိက အရှေ့တောင်ဘက်ပိုင်းအတွက် ဒေသဆိုင်ရာ အကြီးအကဲ Fan Hongyan က ပြောကြားခဲ့သည်။
Zhejiang's Wenzhou တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် ရေကြောင်း ပိုးလမ်းမစီးတီး လွှမ်းမိုးမှုဆိုင်ရာ မြို့တော်ဝန်များ ဆွေးနွေးပွဲ၌ Fan ၏ မျှော်မှန်းချက်ကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ပါဝင်တက်ရောက်သူများအနေဖြင့် နှစ်ဘက်အကျိုးအမြတ်ရှိသည့် ပူးပေါင်းဆောင်ရွက်မှု (win-win cooperation) ကို အားကောင်းလာစေရန်နှင့် ရေကြောင်း ပိုးလမ်းမကြီးတစ်လျှောက် မြို့ကြီးများကြား ဆန်းသစ်တီထွင်မှုကို မြှင့်တင်နိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။
စမတ်ဆိပ်ကမ်းများ (smart ports) နှင့် ဉာဏကုန်ထုတ်လုပ်မှု (intelligent manufacturing) မှ ရေရှည်မြို့ပြစီမံကိန်း (sustainable urban planning) အထိ အဆိုပါမြို့များအနေဖြင့် အုပ်ချုပ်ရေးနှင့် လူနေမှုဘဝပုံစံကို နည်းပညာအသွင်ပြောင်းလဲစေနိုင်ကြောင်း၊ ခေတ်မီနည်းပညာများဖြင့် ပါကစ္စတန်ရှိ လူငယ်များကို လေ့ကျင့်သင်ကြားပေးရန် တရုတ်နိုင်ငံ၏ နောက်ဆုံး အစပျိုးမှုသည် ပါကစ္စတန်ရှိ လူငယ် များအတွက် ပြောင်းလဲမှုကို ဦးဆောင်ရန် အသင့်ဖြစ်စေကြောင်း ပါကစ္စတန် ဆီးနိတ် ဘဏ္ဍာရေးနှင့် ဘတ်ဂျက်ကော်မတီ (the Senate Finance and Budget Committee of Pakistan) ဥက္ကဋ္ဌ Saleem Mandviwalla က ပြောကြားခဲ့သည်။
အလားတူဆောင်ရွက်မှုများမှတစ်ဆင့် ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးတစ်လျှောက် နိုင်ငံများ အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် တစ်စိုက်မတ်မတ် ဆောင် ရွက်ခဲ့သည်။ တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် အကုန်တွင် တရုတ်ကုမ္ပဏီများအနေဖြင့် Belt and Road Initiative တွင် ပါဝင်သည့် နိုင်ငံများ၌ နိုင်ငံခြားလုပ်ငန်း စုစုပေါင်း ၁၇,၀၀၀ ခု ကို တည်ထောင်နိုင်ခဲ့ပြီး တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု အစုရှယ်ယာ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၀ ဘီလီယံကျော်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်တွင် အဆိုပါ နိုင်ငံများသို့ တရုတ်ကုမ္ပဏီများ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀.၇၁ ဘီလီယံရှိပြီး ယခင်နှစ်ထက် ၃၁ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။
တရုတ်နိုင်ငံ၏ တိုးချဲ့ဗီဇာကင်းလွတ် ခွင့်ပြုစာရင်းသည် အာဆီယံနိုင်ငံများအကြား နှစ်ဦးနှစ်ဖက် အကျိုးခံစားခွင့်များကို မြှင့်တင်ပေးသည်။ တရုတ်နိုင်ငံ၏ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်မူဝါဒသည် ဒေသတွင်းနိုင်ငံများ၏ ဝန်ထမ်းများ ဖလှယ်မှုကို အရှိန်မြှင့်တက်စေပါကြောင်း အာဆီယံအတွင်းရေးမှူး ချုပ်၏ အထူးလက်ထောက်ဖြစ်သူ Pov Somnang က ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်း၊ မီဒီယာမိတ်ဖက်ဆက်ဆံမှု (Media partnership) ၊ တွေးခေါ်မြော်မြင်မှု ဖလှယ် ရေး (think-tank exchange) နှင့် အရပ်ဘက် အဖွဲ့အစည်းများအကြား နိုင်ငံတကာ ဆက်သွယ်ရေး စသည့် နယ်ပယ်များ၌ တရုတ်နှင့် အာဆီယံတို့အကြား အောင်မြင်မှုများသည် ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးရလာဒ်ကို ဖော်ပြနေသည်။
ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးသည် ကုန်သွယ်မှုကွန်ရက်တစ်ခု အဖြစ်သာမက အဝေးမှ ယဉ်ကျေးမှုများကို ချိတ်ဆက်၍ လူသားမျိုးနွယ်၏ ယဉ်ကျေးမှုအမွေအနှစ်များ ပိုမိုကြွယ်ဝလာစေရန် ယနေ့ကမ္ဘာကြီးအတွက် အုတ်မြစ်ချပေးသည့် အသွင်ကူးပြောင်းရေး အင်အားစုတစ်ခု ဖြစ်ပါကြောင်း အီဂျစ်ကောင်စီ၏ နိုင်ငံခြားရေးဆွေးနွေးပွဲတွင် ကောင်စီအထွေထွေအတွင်းရေးမှူး Hisham El-Zimaity က ပြောကြားခဲ့ပါသည်။
အရင်းမြစ်။ http://en.people.cn/n3/2024/1202/c90000-20248699.html
လျန်ရှန်းမုန်
စီးပွားရေးသံမှူး၊
တရုတ်နိုင်ငံ၊ ကူမင်းမြို့။