India (Delhi)

အိန္ဒိယ၏ ဒီဇင်ဘာ ၁၅ ရက်အထိသကြားထုတ်လုပ်မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

အိန္ဒိယနိုင်ငံ၏ ၂၀၂၄-၂၅ ခုနှစ် သကြားထုတ်လုပ်မှုရာသီတွင် အီသနောအတွက် သကြား များ ပိုမိုအသုံးပြုခြင်းနှင့် မဟာရက်ရှ်ထရာနှင့် ကနာတာကာ ပြည်နယ်တို့တွင် ကြံကြိတ်ခွဲခြင်း လုပ်ငန်းများ နောက်ကျခြင်းကြောင့်သကြားထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ်ကာလတူနှင့် နှိုင်းယှဉ် ပါက  ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အိန္ဒိယသကြားနှင့် ဇီဝစွမ်းအင်ထုတ်လုပ်သူများအသင်း (ISMA)  ကပြောကြားခဲ့သည်။

လက်ရှိ ရာသီတွင် ဒီဇင်ဘာလအထိ သကြားထုတ်လုပ်မှုသည် တန်ချိန် ၆၁.၃၉ သိန်းသာ ရှိခဲ့ပြီး ယမန်နှစ်ကာလတူက တန်ချိန် ၇၄.၀၅ သိန်းအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း ၊  အီသနော အတွက် သကြားအားများပြားစွာအသုံးပြုခြင်းသည် သကြားထုတ်လုပ်မှုကျဆင်းရခြင်း၏ အ ကြောင်းအရင်းတစ်ခုဖြစ်ကြောင်း ISMA မှ ပြောကြားထားသည်။

ယခုနှစ်တွင် အီသနောထုတ်လုပ်မှုအတွက် သကြားသုံးစွဲမှုသည် ပိုမိုများပြားမည်ဖြစ်ပြီး တန်ချိန် ၄၀ သိန်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းထားကြောင်း၊  ယမန်နှစ် အသုံးပြုမှု တန်ချိန် ၂၁.၅ သိန်းသာရှိခဲ့ကြောင်း ISMA က ပြောကြားထားသည်။ ပြီးခဲ့သောနှစ်တွင် ဗဟိုအစိုးရသည် နိုင်ငံ တွင်း သကြားဈေးနှုန်းများကို ထိန်းချုပ်ရန်အတွက် အီသနောထုတ်လုပ်မှုအတွက် သကြားအသုံး ပြုမှုကို လျှော့ချခဲ့သည်။

မဟာရက်ရှ်ထရာနှင့် ကနာတာကာပြည်နယ်တို့တွင် ရွေးကောက်ပွဲများကြောင့် ကြံ ကြိတ် ခွဲခြင်းလုပ်ငန်း စတင်မှုနှောင့်နှေးခြင်းသည် နိုင်ငံတွင်းသကြားထုတ်လုပ်မှုအရှိန်ကို နှေးကွေး စေခဲ့ သည်။

ယခုနှစ်တွင် သကြားကြိတ်ခွဲသည့် လုပ်ငန်းလည်ပတ်သည့် စက်ရုံအရေအတွက်မှာ ၄၇၇ ရုံရှိပြီး ယမန်နှစ် အလားတူကာလတွင်  စက်ရုံ ၄၉၆ ရုံ ရှိခဲ့ကြောင်း၊  ယခုနှစ်တွင် Karnataka တွင်ရှိသော သကြားစက်ရုံများသည် ကြိတ်ခွဲမှုများကို ၇ ရက်မှ ၁၂ ရက်လောက်အထိ  နောက်ကျခဲ့ကြောင်း၊  မဟာရက်ရှ်ထရာ ရှိ သကြားစက်များသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၅ ရက်မှ ၂၀ ရက်ထိ နောက်ကျခဲ့ကြောင်း၊  ထိုသို့ သကြားထွက်ရှိရာ အဓိကပြည်နယ်များတွင် သကြားကြိတ်ခွဲခြင်း စတင်မှုနောက်ကျခဲ့သော်လည်း အရေအတွက်၊ လုပ်ငန်းဆောင်ရွက်သည့်  စက်ရုံများနှင့် ကြိတ်ခွဲမှုနှုန်းသည် ပိုမိုမြန်ဆန်သောနှုန်းဖြင့်ဆောင်ရွက်လျက်ရှိသည်ဟု ISMA မှ ပြောကြားခဲ့သည်။

အထက်ပါ အချက်အလက်များအရ အိန္ဒိယနိုင်ငံသည် သကြားကိုအီသနော ထုတ်လုပ်မှု တွင် အသုံးပြုမှုမြင့်မားခြင်းနှင့် ပြည်တွင်းစားသုံးမှု ကြီးမားမှုကြောင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှု လျော့နည်းလာနိုင်မည် အခြားသော ဒေသတွင်း သကြား စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများအနေဖြင့် ဈေးကွက်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ပါကြောင်း တင်ပြအပ်ပါသည်။

 

စီးပွားရေးသံမှူး၊ နယူးဒေလီမြို။

Economic Times, 17 December, 2024.

Category: India (Delhi)