ထိုင်းနိုင်ငံ၏ နှစ်မျိုးသုံးမော်တော်ကားများ (Hybrid cars) ထုတ်လုပ်မှုတိုးမြှင့်ရာ၌ ဘတ် ၅၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း Toyota Motor Corp ဥက္ကဋ္ဌ Mr. Toyoda Akio က ကတိပြု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မော်တော်ကားစက်မှုအတွက် လိုအပ်ချက်များနှင့် အစိုးရ၏ မူဝါဒများကို ကိုက်ညီရန်နှင့် နှစ်ဦး နှစ်ဖက်အကျိုးကျေးဇူးရရှိစေရန် ထုတ်လုပ်သူနှင့် သုံးစွဲသူများအကြား အကျိုးစီးပွားမျှတရန် ဆောင် ရွက်နိုင်ပါကြောင်း၊ အစိုးရအနေဖြင့် ထိုင်းနိုင်ငံရှိ ဂျပန်၏ ထုတ်လုပ်မှုကဏ္ဍတွင် ယုံကြည်မှုမြင့်တက် ရန်နှင့် ရင်းနှီးမြှုပ်နှံမှုကို ထောက်ပံ့ပေးရန် ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်း၊ အစိုးရ၏ မူဝါဒများ သည် လျှပ်စစ်မော်တော်ကားကဏ္ဍတွင် စဉ်ဆက်မပြတ်တိုးတက်မှုကို မြှင့်တင်ရန်ဖြစ်ပြီး အစိမ်းရောင် စွမ်းအင် မိတ်ဆက်မှုများကို အဆင့်မြှင့်တင်သွားရန် ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ် H.E Ms. Paetongtarn Shinawatra က ပြောကြားခဲ့ပါသည်။
စက်မှုကဏ္ဍအတွက် အစိုးရ၏ ရှည်ကြာသော ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ Toyota သည် ထိုင်းနိုင်ငံတွင် ကုမ္ပဏီ၏ စီးပွားဖြစ်ယာဉ်များနှင့် အခြားသော မော်တော်ကားများ အတွက် အဓိက ထုတ်လုပ်မှုအချက်အချာအဖြစ် လည်ပတ်လာခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ် ကြောင်း၊ ထိုင်းနိုင်ငံထုတ် မော်တော်ကားအစိတ်အပိုင်းများသည် ဂျပန်နိုင်ငံတွင် ထုတ်လုပ်သကဲ့သို့ အရည်အသွေးနှင့် စံနှုန်းများဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ထိုင်းအစိုးရ၏ ပို့ကုန်အတွက် မော်တော် ယာဉ်ထုတ်လုပ်နိုင်မှုများနှင့် ထုတ်လုပ်မှုတိုးမြှင့်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း Toyota Motor Corp ဥက္ကဋ္ဌ Mr. Toyoda Akio က ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်စက်မှုကဏ္ဍ ပိုမိုခိုင်မာစေရန် မဟာဗျူဟာများနှင့်စပ်လျဉ်း၍ နှစ်ဖက်ဆွေးနွေးခဲ့ကြကြောင်း၊ မော်တော်ယာဉ်အသုံးပြုသူများနှင့် လုပ်ငန်းများ၏ လိုအားချက်ကို ပြည့်မီရန် မူဝါဒများနှင့် အစီအမံ ထုတ်ပြန်ခြင်း၏ အရေးကြီးမှုကို ဆွေးနွေးခဲ့ကြောင်း၊ Toyota သည် နှစ်မျိုးသုံးလျှပ်စစ်မော်တော်ကားထုတ်လုပ်သည့် လိုင်းများကို အဆင့်မြှင့်တင်ရန် ဘတ် ၅၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု စက်မှုဝန်ကြီး H.E Mr. Akanat Promphan က ပြောကြားခဲ့ကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှုကြောင့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုနှင့် နည်းပညာလွှဲပြောင်းရယူမှု မြင့်တက်လာနိုင် ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com ၊
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။