ထိုင်းနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားသားဝန်ထမ်း ပြတ်လပ်မှုကို ဖြေရှင်းနိုင်ရေး နှင့်စပ်လျဉ်း၍ နိုင်ငံခြားသားဝန်ထမ်းခန့်အပ်နိုင်သည့် ခွဲတမ်းအရေအတွက်တိုးမြှင့်သည့်အပေါ် အစိုးရ အဖွဲ့က မူအားဖြင့် သဘောတူခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းဥပဒေများအရ တစ်ဦးတည်းပိုင် လုပ်ငန်းများတွင် နိုင်ငံခြားသား လုပ်သားအရေအတွက် မှာ ၁၀၀ ဦးဖြစ်ပြီး နိုင်ငံမဲ့နိုင်ငံခြားသား လုပ်ငန်းသားကန့်သတ်ချက်မှာ လုပ်ငန်းတစ်ခုလျှင် ၅၀ ဦး သတ်မှတ်ထားပါကြောင်း၊ နိုင်ငံခြားသား လုပ်သားအရေအတွက် ကန့်သတ်ထားသည့် ဥပဒေသည် ၁၉၇၉ ခုနှစ်ကတည်းကဖြစ်သည်ဟု ဝန်ကြီးချုပ်က ထောက်ပြထား ပါကြောင်း၊ ၄၅ နှစ်တာကာလ အတွင်း စီးပွားရေးအခြေအနေများသည် သိသိသာသာပြောင်းလဲလာခဲ့ သည်ဖြစ်၍ လုပ်ငန်းတစ်ခုချင်း အတွက် နိုင်ငံခြားသားလုပ်သားအချိုးကိုလည်း သင့်လျော်သလို တိုးမြှင့်ရန်ဖြစ်ကြောင်း၊ နိုင်ငံ၏ လုံခြုံ ရေးကို မထိခိုက်စေသည့် သင့်တင့်သောအရေအတွက် ဆုံးဖြတ်နိုင်ရေးအတွက် ဝန်ကြီးချုပ်က ပြည်ထဲ ရေးဝန်ကြီးဌာနကို တာဝန်ပေးအပ်ထားကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ Mr. Jirayu Huangsab က ပြောကြားခဲ့ပါသည်။
ထိုင်းဥပဒေများက ထိန်းညှိပေးသည့် နိုင်ငံခြားသားများအလုပ်လုပ်နိုင်သော အလုပ်အကိုင် အမျိုးအစား သို့မဟုတ် နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်သော အသက်မွေးဝမ်းကျောင်းပုံစံမှာ ၃ မျိုး ဖြစ်ပါကြောင်း၊ တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများ၊ ကန့်သတ်ထားသော လုပ်ငန်းအမျိုး အစားများနှင့် အခြေအနေအရ ခွင့်ပြုပေးသည့် လုပ်ငန်းအမျိုးအစားများဖြစ်ကြောင်း၊ သတင်းစာ၊ ရေဒီယိုထုတ်လွှင့်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးစသည့် တားမြစ်ထားသော လုပ်ငန်းများတွင် နိုင်ငံ ခြားသားများကို အလုပ်လုပ်ကိုင်ရန် ခွင့်မပြုပါကြောင်း၊ နိုင်ငံလုံခြုံရေး၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ယဉ်ကျေးမှုများကို ထိခိုက်နိုင်သည့် လုပ်ငန်းများစသည့် ကန့်သတ်ထားသည့် လုပ်ငန်းများတွင် အစိုးရအဖွဲ့ခွင့်ပြုချက်ဖြင့်သာ နိုင်ငံခြားသားများကို ခန့်အပ်နိုင်ကြောင်း၊ ထိုင်းနိုင်ငံသားများအနေဖြင့် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားခြင်းမရှိသေးသည့် အခြေအနေအရခွင့်ပြုပေးသည့် လုပ်ငန်းတွင် နိုင်ငံခြား စီး ပွားရေးလုပ်ငန်းကော်မရှင်၏ ခွင့်ပြုချက်ရရှိပြီးနောက်မှသာ နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နိုင် ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
စီးပွားရေးသံမှူး၊