Korea

၂၀၂၄ ခုနှစ် အတွင်း တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ဗဟိုဘဏ်ကခန့်မှန်း ထားသည့်နှုန်းထက် လျော့နည်းခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ စတုတ္ထ (၃) လပတ်တွင် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း (ငွေ ကြေးဖောင်းပွနှုန်းကိုပါ ထည့်သွင်းတွက်ချက်ထားသော ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး - Real Gross Domestic Product- GDP) သည် ၀.၁ ရာခိုင်နှုန်းမျှသာ တိုးတက်ခဲ့ပါသည်။ အဆိုပါ နှုန်းထားသည် တောင်ကိုရီးယားဗဟိုဘဏ်က လွန်ခဲ့သည့်သုံးလက ခန့်မှန်းထားသည့် တိုးတက်မှု နှုန်းထားဖြစ်သည့် ၀.၅ ရာခိုင်နှုန်း၏  ၅ ပုံ ၁ ပုံသာ တိုးတက်ခဲ့သည်ဟု တောင်ကိုရီးယားဗဟိုဘဏ် က ကနဦိးစာရင်းများကို ကိုးကား၍ ၂၃-၁-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ပြည်တွင်းဝယ်လိုအားနည်းသည့်အတွက် ပြည်တွင်းသုံးစွဲမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှု နှောင့်နှေးနေချိန်တွင် ၃-၁၂-၂၀၂၄ ရက်နေ့မှစတင်ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အခြေအနေများသည် နိုင်ငံ၏စီးပွားရေးအပေါ် သက်ရောက်မှုများစွာဖြစ်ပေါ်စေခဲ့ပါသည်။ သို့ဖြစ် ၍ ၂၀၂၄ ခုနှစ်တစ်နှစ်လုံးတွင် နိုင်ငံ၏စီးပွားရေးသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ခန့်မှန်း ထားသည့်နှုန်းထားဖြစ်သည့် ၂.၂ ရာခိုင်နှုန်းထက် လျော့နည်းကာ ၂.၀ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပါ သည်။

၃-၁၂-၂၀၂၄ ရက်နေ့တွင် ရုတ်တရက်ထုတ်ပြန်ကြေညာခဲ့သော နာရီအနည်းငယ်သာ ကြာ မြင့်သည့် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း စတင်ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းနိုင်ငံရေးက မောက်ကမအခြေအနေများအပြင် ဂျယ်ဂျူးလေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုတို့သည် စီးပွား‌ ရေးအပေါ် ပြည်သူများ၏အကောင်းမြင်မှု သိသိသာသာကျဆင်းခဲ့ပြီး ပြည်တွင်းဝယ်လိုအားလည်း ပိုမိုလျော့ကျလာခဲ့ပါသည်။ သို့ဖြစ်၍ စီးပွားရေးတိုးတက်နှုန်းသည် ကနဦးခန့်မှန်းထားသည်ထက် လျော့ကျလာခြင်းဖြစ်ပါသည်။ သို့သော် ၂၀၂၄ ခုနှစ်၏ စီးပွားရေးတိုးတက်နှုန်းသည် ၂၀၂၃ ခုနှစ် ကနှုန်းထားဖြစ်သည့် ၁.၄ ရာခိုင်နှုန်းနှင့်ယှဉ်လျှင် တိုးတက်မှုရှိလာခဲ့ပါသည်။

 

Source: https://www.businesskorea.co.kr/news/articleView.html?idxno=234294

စီးပွားရေးသံမှူး၊ ဆိုလ်းမြို့။

Category: Korea