China(Nanning)

တရုတ်နိုင်ငံမှ ဆိုလာကုမ္ပဏီများသည် ထွန်းသစ်စဈေးကွက်များကို စိတ်ဝင်စားလျက်ရှိ

Last Updated:

အမေရိကန်ပြည်ထောင်စုသည် ဒေသအသီးသီးမှ တင်သွင်းလာသော photovoltaic ထုတ်ကုန်များအပေါ် ကုန်သွယ်ရေးကန့်သတ်မှုများ ပြင်းထန်လာသောကြောင့် တရုတ်ဆိုလာ ကုမ္ပဏီများသည် အင်ဒိုနီးရှားနှင့် အရှေ့အလယ်ပိုင်းရှိ ထွန်းသစ်စစျေးကွက်များသို့ အာရုံစိုက်လာ ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အမေရိကန်သည် ဒီဇင်ဘာလအစောပိုင်းတွင် တရုတ်နိုင်ငံမှ ဆိုလာစက်ရုံများ အခြေချ ထုတ်လုပ်လျက်ရှိသည့် အရှေ့တောင်အာရှနိုင်ငံ(၄)နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆိုလာထုတ်ကုန်များအပေါ် antidumping duty (၂၇၁)ရာခိုင်နှုန်း အထိ ကောက်ရန် ပဏာမ ဆုံးဖြတ်ခဲ့ပြီးနောက် ဝါရှင်တန်က ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်ကာ တရုတ်နိုင်ငံမှ တင်သွင်းသော silicon wafers နှင့် polysilicon တို့အပေါ် အခွန် (၅၀)ရာခိုင်နှုန်း အထိ တိုးမြှင့်မည်ဟု ကြေညာခဲ့ကြောင်း သိရှိရသည်။

ကုန်သွယ်ရေးပဋိပက္ခများ ပြင်းထန်နေသော်လည်း အမေရိကန်နှင့် အိန္ဒိယဈေးကွက်များ မှအပ အခြားဒေသများရှိ ဆိုလာတပ်ဆင်မှု အများစုသည် တရုတ်မှထုတ်လုပ်သော ထုတ်ကုန် များအပေါ်တွင် များစွာမှီခိုနေရကြောင်း၊ အရှေ့တောင် အာရှနိုင်ငံ(၄)နိုင်ငံအပြင် ဒေသတွင်းနိုင်ငံ များသည် မကြာမီကာလ၌ တရုတ်ဆိုလာ ကုမ္ပဏီများအတွက် ဆွဲဆောင်မှုရှိသော အချက်အချာ နေရာသစ်များဖြစ်လာကြောင်း သုတေသနလုပ်ငန်း BloombergNEF မှ နေရောင်ခြည်စွမ်းအင် လေ့လာသုံးသပ်သူ Tan Youru က ပြောကြားခဲ့သည်ဟု သိရှိရသည်။

တရုတ်နေရောင်ခြည်စွမ်းအင်သုံးပစ္စည်း ထုတ်လုပ်သူများသည် ယခုနှစ်အတွင်း အင်ဒိုနီး ရှားနိုင်ငံတွင် ထုတ်လုပ်မှုဆိုင်ရာ အဆောက်အဦများကို ထူထောင်ထားပြီး solar cell capacity (6) gigawatts နှင့် module capacity (15) GW တို့ကို ပိုင်ဆိုင်ထားကြောင်း BloombergNEF မှ ပြောကြားခဲ့သည်ဟု သိရှိရသည်။

အင်ဒိုနီးရှားသည် လောလောဆယ်တွင် အရှေ့တောင်အာရှနိုင်ငံများအပေါ် ချမှတ်ထား သော အမေရိကန်၏ antidumping နှင့် antisubsidy စည်းကြပ်ခွန်အသစ်ကောက်ခံမည့်စာရင်း ၌ မပါဝင်သေးကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းထုတ်ကုန်ပါဝင်မှုလိုအပ်ချက်များကို ယခုနှစ်တွင် ဖြေလျှော့ပေးထားသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှုစီမံကိန်းများတွင် ပြည်တွင်းထုတ်လုပ်မှုလိုအပ်ချက်အချို့ကို ပြဌာန်းထားကြောင်း သိရှိရသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် အရှေ့အလယ်ပိုင်းဒေသ၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍတွင် အာရုံစိုက်လာခဲ့ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာစာရင်းကိုင်ကုမ္ပဏီ EY ၏ မကြာသေးမီက အစီရင်ခံစာတစ်ခုအရ အာရပ်နိုင်ငံများတွင် ဆိုလာနှင့် လေစွမ်းအင်၌ တရုတ်နိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ (၁၃)ဘီလီယံကျော်ရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၄) ရာခိုင်နှုန်းပါဝင်ကြောင်း၊ တရုတ်ကုမ္ပဏီများသည် photovoltaic modules၊ wind power components နှင့် အခြားထုတ်ကုန်များ အပါအဝင် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်တန်ဖိုးကွင်းဆက်တွင်  တက်ကြွစွာတိုးချဲ့လုပ်ကိုင်လျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု သိရှိရသည်။

တရုတ်နိုင်ငံမှ silicon wafers နှင့် polysilicon များအပေါ် အမေရိကန်နိုင်ငံက အခွန်တိုးမြှင့်ကောက်ခံမှုနှင့်ပတ်သက်၍ အမေရိကန်၏ silicon wafer ထုတ်လုပ်မှုစွမ်းရည်သည် အကန့်အသတ်ရှိနေပြီး လက်ရှိ crystalline silicon cell ထုတ်လုပ်မှုစွမ်းရည်က မပြောပလောက် သဖြင့် အမေရိကန်၏ အခွန်တိုးမြှင့်မှုသည် တရုတ်ဆိုလာကဏ္ဍအပေါ် အနည်းငယ်သာ သက်ရောက်မှုရှိနိုင်ကြောင်း Tan က ပြောကြားခဲ့သည်ဟု သိရှိရသည်။

US Inflation Reduction Act မှ သိသာထင်ရှားသော ထောက်ပံ့ကူညီမှုများနှင့် ကုန်သွယ်မှုဆိုင်ရာအတားအဆီးများ ချမှတ်ထားသော်လည်း အမေရိကန်၏ ဆီလီကွန် wafer နှင့် polysilicon ထုတ်လုပ်သည့်စက်ရုံများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး လက်ရှိ အမေရိကန်ရှိ နေရောင်ခြည်စွမ်းအင်သုံးထုတ်ကုန်များ ထုတ်လုပ်မှုသည် module ထုတ်လုပ်မှု အပေါ် ဆက်လက်အလေးထားနေဆဲဖြစ်သည်ဟု Tan က ပြောကြားခဲ့ကြောင်း သိရှိရသည်။

အမေရိကန်အခြေစိုက် ဆိုလာစွမ်းအင်စက်မှုလုပ်ငန်းအသင်း(Solar Energy Industries Association-SEIA)၏ အစီရင်ခံစာအရ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် အခွန်များ မပြဋ္ဌာန်းမီ ၂၀၂၂ ခုနှစ်၊ ဒုတိယသုံးလပတ်တွင် (7) GW အောက်သာရှိခဲ့ရာမှ ယခုနှစ်၊ တတိယသုံးလပတ်တွင် ပြည်တွင်း module ထုတ်လုပ်မှုမှာ (9) GW အထိ သိသိသာသာ တိုးလာခဲ့ပြီး ယခုနှစ်တွင် (40)GW နီးပါးအထိ တိုးလာကြောင်း  သိရှိရသည်။

ဗီယက်နမ်နိုင်ငံတွင် ထုတ်လုပ်သော ဆိုလာထုတ်ကုန်များအပေါ် အခွန်(၅၃.၃၀)ရာခိုင် နှုန်း ပေးဆောင်နေရသည့် တရုတ်နိုင်ငံ၏ JA Solar သည် ယခုအခါ အရှေ့တောင်အာရှနှင့် အမေရိကန်တို့မှလွဲ၍ ဒေသအလိုက် ထုတ်လုပ်မှုနေရာအသစ်များကို ရှာဖွေလျက်ရှိကြောင်း China Daily သို့ ပြောကြားခဲ့သည်ဟု သိရှိရသည်။

တရုတ်ဆိုလာကုမ္ပဏီ LONGi ၏ ဥက္ကဋ္ဌ Zhong Baoshen က ကမ္ဘာ့ကုန်သွယ်ရေး အခင်းအကျင်းကို ထိခိုက်နိုင်သော အမေရိကန်၏ အခွန်အကောက်များအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်သည် အခွန်တိုးကောက်ရန် နောက်ဆုံး ဆုံးဖြတ်ချက်ချပါက မလေးရှားနှင့်ထိုင်းနိုင်ငံတို့သည် မော်ဂျူးများကို တင်ပို့ရန် အခွင့်အလမ်း အကန့်အသတ် ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့နှစ်နိုင်ငံမှ အမေရိကန်သို့ ဆဲလ်ထုတ်လုပ်ရေးနှင့် တင်ပို့ ရောင်းချသည့် စျေးကွက်ရှိနေဆဲဖြစ်ကြောင်း Zhong က ပြောကြားခဲ့သည်ဟု သိရှိရသည်။

 

Source: https://www.chinadaily.com.cn/a/202412/20/WS6764a8afa310f1265a1d3eac.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: China(Nanning)