Thailand

ထိုင်းနိုင်ငံ၌ ဆန်ဈေးနှုန်းတိုးမြှင့်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စိတ်အား ထက်သန်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၌ ဆန်ဈေးနှုန်းကို မြှင့်တင်ရန်အတွက် လယ်ကွင်းဈေးကွက်ပြပွဲများ၊ ပို့ကုန်ချဲ့ထွင် ခြင်းနှင့် ကော်မတီခွဲအတွက် ကြိုတင်ဆောင်ရွက်ခြင်းကဲ့သို့သော အစီအမံ ၇ ခုကို စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

မူလပထမ ဆန်ဈေးနှုန်းကျဆင်းရခြင်းမှာ အိန္ဒိယ၏ ပို့ကုန်ပြန်လည်ခွင့်ပြုခဲ့ခြင်းနှင့် အင်ဒိုနီး ရှားနှင့် ဖိလစ်ပိုင်တို့၏ ဝယ်လိုအား ကျဆင်းလာခဲ့ခြင်းစသည့် ပြင်ပအခြေအနေများကြောင့် ဖြစ် ကြောင်း၊ ပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာန၏ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ထုတ်ပြန်ထားချက်အရ Hom mali ဈေးသည် ၁ တန်လျှင် ဘတ် ၁၅,၅၀၀ မှ ၁၆,၅၀၀ ကြား ဖြစ်ပြီး ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါ ကြောင်း၊ ပသူသနီဈေးသည် ၁ တန်လျှင် ဘတ် ၁၁,၅၀၀ မှ ၁၂,၇၀၀ ကြားဖြစ်သဖြင့် ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ ကောက်ညှင်းမဟုတ်သော ဆန်ဈေးသည် ၁ တန်လျှင် ဘတ် ၈,၃၀၀ မှ ၈,၉၀၀ ကြားဖြစ်သဖြင့် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ စပါးဈေးကျဆင်းခဲ့မှုကို ဖြေရှင်းရန် အရေးတကြီး အစီအမံများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့သည်။

တောင်သူများ ဈေးနှုန်းကျဆင်းမှု သက်ရောက်မှုအတွက် အထောက်အပံ့ပေးသည့် အစီအမံများ အပေါ် ဦးစားပေးဆောင်ရွက်ရန် နိုင်ငံအဆင့်ဆန်မူဝါဒနှင့် ဈေးကွက်ရှာဖွေရေး စီမံခန့်ခွဲမှု ကော်မတီ ခွဲကို ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများ ဈေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချနိုင်ရေးအတွက် ကျောက်ဖယားမြစ်ကြောင်းတစ်လျှောက် ပြည်နယ် ၂၀ တွင် ဆန်ဈေးကွက်ပြပွဲများ ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ ပြပွဲများကြောင့် ၁ တန်လျှင် ဘတ် ၁၀၀ မှ ၂၀၀ ကြား ဈေးနှုန်းမြင့်တက်ခဲ့ပါကြောင်း၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပြပွဲကို အယုဒ္ဓယ တွင် ကျင်းပခဲ့ပြီး ဧပြီလတွင်လည်း ဆက်လက်ကျင်းပသွားရန်ရှိပါကြောင်း၊ ပို့ကုန်တိုးမြှင့်နိုင်ရေး အတွက် ဝန်ကြီးသည် မတ်လအတွင်း တောင်အာဖရိကသို့ ခရီးစဉ်သွားရောက်ရန် စီစဉ်ထားပြီး ဆန်တန်ချိန် ၃၀၀,၀၀၀ တင်ပို့နိုင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားရန် ရှိကြောင်း သိရှိရပါသည်။

တန်ချိန် ၂၈၀,၀၀၀ တင်ပို့နိုင်ရန် တရုတ်နိုင်ငံနှင့်လည်း အစိုးရအချင်းချင်း လက်မှတ်ရေးထိုးရန် မျှော်မှန်းထားပါကြောင်း၊ ဆန်လုပ်ငန်းရှင်များသို့ အထူးချေးငွေအထောက်အပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထိုင်းပို့ကုန်သွင်းကုန်ဘဏ်နှင့် ပူးပေါင်း ၍ တောင်သူများထံမှ ဆန်များပိုမိုဝယ်ယူသိုလှောင်ထားနိုင်ရေးအတွက် လုပ်ငန်းများနှင့် ဆန်တင်ပို့သူများကို ချေးငွေထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ရေရှည်ဈေးကွက်ချဲ့ထွင်မှုအနေဖြင့် ဝန်ကြီးဌာနသည် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဖိလစ်ပိုင်တို့တွင် အခွင့်အလမ်းသစ်များရှာဖွေမည်ဖြစ် ပြီး နိုင်ငံတကာ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်းဖြင့် ထိုင်းဆန်အပေါ် ယုံကြည်မှု ခိုင်မာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီး Mr. Pichai က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand