Singapore

အစားအသောက် ဘေးကင်းရေးပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စင်ကာပူနိုင်ငံနှင့် ဘရူနိုင်း နိုင်ငံတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Last Updated:

စင်ကာပူအစားအသောက်အေဂျင်စီ (Singapore Food Agency-SFA) နှင့် ဘရူနိုင်း အစားသောက်အာဏာပိုင်အဖွဲ့ (Brunei Darussalam Food Authority-BDFA) တို့သည် အစားအသောက် ဘေးကင်းရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါနားလည်မှု စာချွန်လွှာကို SFA ၏ Chief Executive ဖြစ်သူ Mr. Damian Chan နှင့် BDFA ၏ Chief Executive ဖြစ်သူ Dr. Hajah Anie Haryani Binti Abdul Rahman တို့က လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပါသည်။

နားလည်မှုစာချွန်လွှာအရ SFA နှင့် BDFA တို့သည် အစားအသောက်ဘေးကင်းရေးဆိုင်ရာ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှုစသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါ သည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုများကို နှစ်ဖက်ချိတ်ဆက်မှုပုံစံများ၊ နည်းပညာနှင့် အသိပညာဖလှယ်မှုများ၊ လုပ်ငန်းတွဲဖက်လုပ်ဆောင်မှုပုံစံ စသည့်ပူးပေါင်းဆောင်ရွက်မှု ပုံစံများဖြင့် ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

 

ရင်းမြစ်။                  Singapore Food Agency

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: Singapore