Thailand

ထိုင်းနိုင်ငံ၊ ချန်းသာပူရိပြည်နယ်နှင့် ကမ္ဘောဒီးယားနိုင်ငံ ပိုင်လင်ပြည်နယ်တို့အကြား အမြဲတမ်း ချိတ် ဆက်သွားနိုင်မည့် တံတားအသစ်တစ်စင်းကို ဆောက်လုပ်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ ချန်းသာပူရိပြည်နယ်နှင့် ကမ္ဘောဒီးယားနိုင်ငံ ပိုင်လင်ပြည်နယ်တို့အကြား လက်ရှိ ဆက်သွယ်ထားသော သံမဏိတံတားနေရာတွင် အစားထိုး၍ အမြဲတမ်းချိတ်ဆက်သွားနိုင်မည့် တံတား အသစ် တစ်စင်းကို ဘတ် ၁၅ သန်း အကုန်အကျခံ၍ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တံတားသစ်ဆောက်လုပ်မည့် လုပ်ငန်းခွင်သို့ သွားရောက်ခဲ့သည့် ထိုင်းပြည်ထဲရေးဝန်ကြီး H.E Mr. Anutin Charnvirakul က အဆိုပါ တံတားသည် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ တံတားအသစ်ကို ချန်းသာပူရိ-ပိုင်လင် ချစ်ကြည်ရေးတံတားအဖြစ် အမည်ခေါ်တွင်စေမည်ဖြစ်ကြောင်း၊ ကွန်ကရစ်တံတားသည် အရှည် ၄၀ မီတာရှိမည်ဖြစ်ပြီး မော်တော် ကားလမ်း ဘေးတစ်ဖက်စီတွင် ၃ မီတာကျယ်ဝန်းသော လူသွားလမ်း (လျှောက်လမ်း) ပါဝင်မည်ဖြစ် ကြောင်း၊ တည်ဆောက်မှုအတွက် ကုန်ကျစရိတ်သည် ဘတ် ၁၅ သန်းဖြစ်ပြီး နှစ်နိုင်ငံအကြား ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေး သိသိသာသာ တိုးမြှင့်လာမည်ဖြစ်ကြောင်း၊ တည်ဆောက် ရေးလုပ်ငန်းများကို လာမည့်နှစ်တွင် စတင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။

စီမံကိန်းသည် ခရီးသွားလာရေးအတွက် လွယ်ကူချောမွေ့စေရုံသာမက ကုန်သွယ်ရေးနှင့် ခရီး သွား လုပ်ငန်းကိုလည်း တိုးမြှင့်စေမည်ဖြစ်ရာ နှစ်နိုင်ငံ နယ်စပ်အတွက် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံတာဝန်ရှိသူများက စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာမူ ကြမ်း ရေးဆွဲထားခဲ့ပြီး ခွင့်ပြုချက်ရရှိနိုင်ရေးအတွက် ထိုင်းအစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် H.E Ms. Paetongtarn Shinawatra က ကမ်းလှမ်းမှုအတွက် မူအားဖြင့် ထုတ်ပြန်ထား ခဲ့ပြီး ဗဟိုဘတ်ဂျက်မှ ကျခံဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ချန်းသာပူရိတွင် ကမ္ဘောဒီးယားနှင့် ချိတ်ဆက်နေသည့် အဓိက ကုန်သွယ်ရေးဂိတ် ၅ ခုရှိပြီး အဓိက စစ်ဆေးရေး ဂိတ် ၂ ခုမှာ Ban Laem နှင့် Ban Pakkadd တို့ဖြစ်ကြောင်း၊ ကျန် ၃ ခုမှာ နယ်စပ်ကုန်သွယ်ရေးအတွက် ဖြတ်သန်းသွားလာကြ ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ချန်းသာပူရိမှ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုသည် ဘတ် ၂၆ ဘီလီယံသို့ရောက်ရှိခဲ့ပြီး Ban Pakkadd စစ်ဆေးရေးဂိတ်မှ ဘတ် ၆.၁၂ ဘီလီယံဖြစ်ကြောင်း သိရှိရပါ သည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကော်

Category: Thailand