Thailand

၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အစားအစာကုန်သွယ်မှုသည် ၅ ရာခိုင်နှုန်းမြင့်တက်လာနိုင်ပြီး ဘတ် ၇၀၀ ဘီလီယံသို့ ရောက်ရှိနိုင်သည်ဟု Thai Restaurants Association က ခန့်မှန်းထားခဲ့

Last Updated:

လာမည့်နှစ်တွင် အစားအစာကုန်သွယ်မှုသည် ဘတ် ၇၀၀ ကို ကျော်လွန်နိုင်မှုနှင့်အတူ ၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံကို ကမ္ဘာ့အစားအစာအချက်အချာဖြစ်စေရေးအတွက် ပုဂ္ဂလိကကဏ္ဍအနေဖြင့် တွန်းပို့သွားမည်ဖြစ်ကြောင်း Thai Restaurants Association က ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်အတွင်း အစားအစာကုန်သွယ်မှုသည် ဘတ် ၆၉၀ ဘီလီယံသို့ ရောက်ရှိရန် ခန့်မှန်း ထားပြီး ပြင်ပဆုံးရှုံးနိုင်ခြေများမရှိပါက လာမည့်နှစ်တွင် ၅ ရာခိုင်နှုန်း မြင့်တက်မှုနှင့်အတူ ဘတ် ၇၀၀ ဘီလီယံထက်ကျော်လွန်နိုင်ကြောင်း၊ နိုင်ငံ၏ ဝင်ငွေ သိသိသာသာမြင့်တက်စေပြီး နိုင်ငံ၏ Soft Power အဖြစ် gastronomy ခရီးသွားကဏ္ဍကို မြှင့်တင်ရန် ရည်မှန်း၍ Thailand Food Travel Mart  (TFTM) 2024 ကို ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ gastronomy ခရီးသွားနှင့် Soft Power တို့သည် နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း ဖြစ်ပြီး အခြားသော နိုင်ငံများမှ ခရီးသွားများကို ဆွဲဆောင်ရန်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ခရီးသွားဦးရေ ၃၉ သန်းလာရောက်ရန် ခန့်မှန်းထားပြီး ထိုင်းဟင်းလျာများ၏ အရေးပါသော အခန်းကဏ္ဍနှင့်အတူ ဝင်ငွေ ဘတ် ၃.၄ ထရီလီယံရရှိရန် ခန့်မှန်းထားပါကြောင်း Thai Restaurants Association ဥက္ကဋ္ဌ Ms. Taniwan Koonmongkon က ပြောကြားခဲ့ပါသည်။

TFTM သည် ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍနှင့် အစားအသောက်ကဏ္ဍအကြား ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်ကတည်းက ဈေးနှုန်းနည်းပါးလျက်ရှိသော ထိုင်း ကကတစ်ငါး၏ ပုံရိပ်ကို မြှင့်တင်ရန် Thai Restaurants Association နှင့် ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတွင် ယှဉ်ပြိုင်မှုကို မြှင့်တင်ရန်အတွက် Good Aquacul-ture Practice (GAP) ပုံစံဖြင့် ငါးထုတ်လုပ်ခြင်းကို ဇောင်းပေးပြောကြားခြင်းဖြစ်ကြောင်း၊ မလေးရှား သည် ပုဇွန်ဖြူမွေးမြူရေးမှ ကကတစ်ငါး မွေးမြူရေးသို့ ပြောင်းလဲခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ နိုင်ငံ၏ ကကတစ်ကဏ္ဍတွင် စိန်ခေါ်မှုများ ရင်ဆိုင်ခဲ့ရပါကြောင်း၊ ရလဒ်အနေဖြင့် မလေးရှားသည် ကကတစ် ကို လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်အောက်မှ အခွန် သုညရာခိုင်နှုန်းဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

မလေးရှား ကကတစ်မွေးမြူရေးသမားများ၏ ကုန်ကျစရိတ်သည် ထိုင်း မွေးမြူရေးသမားများ ၏ ကုန်ကျစရိတ်ထက်သက်သာသဖြင့် ထိုင်းကကတစ်မွေးမြူရေးသမားများကို သိသိသာသာထိခိုက်မှု ရှိခဲ့ပါကြောင်း၊ ကုန်သည်ကြီးများအသင်း၊ Thai Restaurants Association နှင့် Thai Marine Finfish Farmers Association တို့ပူးပေါင်း၍ လုံခြုံစိတ်ချ၊ လတ်ဆတ်၊ သန့်ရှင်းပြီး ရနံ့ကင်းသည့် ကကတစ် များကို နိုင်ငံအတွင်း မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ TFTM ကျင်းပခဲ့ခြင်းကြောင့် ငါးမွေးတောင်သူများအတွက် ဝင်ငွေများတိုးပွားနိုင်သည့် အမှာစာများ တိုးတက်လာနိုင်ပြီး စားသောက် ဆိုင် ကဏ္ဍအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်။

Category: Thailand