USA

ပြည်ပနိုင်ငံများ၏ မျှတမှုမရှိသော ဒဏ်ငွေနှင့်ပြစ်ဒဏ်များ၊ ခြိမ်းခြောက်မှုများမှ အမေရိကန်ကုမ္ပဏီ များနှင့် တီထွင်သူများအား အကာအကွယ်ပေးခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့

Last Updated:

“ပြည်ပနိုင်ငံများ၏ မျှတမှုမရှိသော ဒဏ်ငွေနှင့်ပြစ်ဒဏ်များ၊ ခြိမ်းခြောက်မှုများမှ အမေရိကန် ကုမ္ပဏီများနှင့် တီထွင်သူများအား အကာအကွယ်ပေးခြင်း” ဆိုင်ရာ သမ္မတ ဆောင်ရွက်ချက် (Presidential Actions) ကို ၂၁-၂-၂၀၂၅ ရက်တွင် အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ငံခြားအစိုးရတစ်ရပ်သည် အမေရိကန်ကုမ္ပဏီများမှ ပမာဏ များပြားသည့်ရန်ပုံငွေများ သို့မဟုတ် မူပိုင်ခွင့်ကို ခွဲခြားဆက်ဆံ၍ မျှတမှုမရှိသော အခြား ဝန်ထုတ်ဝန်ပိုးများချမှတ်လုပ်ဆောင်ခြင်း သို့မဟုတ် ဒဏ်ငွေ၊ ပြစ်ဒဏ်၊ အခွန်နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဖွဲ့စည်းပုံများချမှတ်ခြင်း သို့မဟုတ် အခွန်ကောက်ခံခြင်းတို့မှ တစ်ဆင့် လွှဲပြောင်းရယူရန် ဆောင်ရွက်ခြင်း သို့မဟုတ် ပြည်တွင်းလုပ်ငန်းများအား မျက်နှာ သာပေးခြင်း ဆောင်ရွက်ပါက အမေရိကန်အစိုးရသည် ယင်းသို့သော မညီမျှသည့် ရလဒ်များ ကို ပြင်ဆင်ရန်နှင့် အမေရိကန်နိုင်ငံအပေါ် အန္တရာယ်ဖြစ်စေနိုင်မှုကိုလျှော့ချရန်အတွက် ယင်း နိုင်ငံခြား အစိုးရအပေါ် သွင်းကုန်ခွန် ကောက်ခံသွားမည်ဖြစ်ပြီး အခြားတုံ့ပြန်ရန်လို အပ်သည့်အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တုံ့ပြန်သည့်နည်းလမ်းများ ချမှတ်ရာတွင် အမေရိကန်အစိုးရသည် နိုင်ငံခြားအစိုးရများ၏ အောက်ဖော်ပြပါအချက်များကို ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည် -

(က)    အမေရိကန်ကုမ္ပဏီများကို ခွဲခြားဆက်ဆံ၍  နိုင်ငံခြားအစိုးရများက ကောက်ခံ သည့် အခွန်များ၊ 

          (ခ)     အမေရိကန်ကုမ္ပဏီများ၏ တိုးတက်မှု သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုကို ဟန့်တားစေရန် နိုင်ငံခြားအစိုးရများက ချမှတ်သည့် လုပ်ထုံးလုပ်နည်းများ၊

(ဂ)     အမေရိကန်ကုမ္ပဏီ၏ မူပိုင်ခွင့်ကို ပျက်ပြားစေရန် နိုင်ငံခြားအစိုးရက ဆောင်ရွက်သည့် အရေးယူမှု၊ မူဝါဒ သို့မဟုတ် အလေ့အကျင့်များ၊

(ဃ)    အမေရိကန်ကုမ္ပဏီများ၏ ကမ္ဘာ့အဆင့်ယှဉ်ပြိုင်နိုင်စွမ်းကို လျော့ကျစေရန် ဆောင်ရွက်သည့် နိုင်ငံခြားအစိုးရတစ်ရပ်၏ အရေးယူမှု၊ မူဝါဒနှင့် အလေ့ အကျင့်များ။

          ဤထုတ်ပြန်ချက်အား ထုတ်ပြန်ရသည့်ရည်ရွယ်ချက်မှာ လွန်ခဲ့သောနှစ်များအတွင်း အမေရိကန်နိုင်ငံ၏ဂျီဒီပီတွင် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ၏ ပါဝင်မှုပမာဏသည် ဩစတြေးလျ၊ ကနေဒါ သို့မဟုတ် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့၏ စီးပွားရေးကဏ္ဍ တစ်ခုလုံးထက် ကြီးမားလာခဲ့ကြောင်း၊ နိုင်ငံခြားအစိုးရများသည် ၎င်းတို့၏စီးပွားရေးကဏ္ဍနှင့် အလုပ်သမားများ ကဏ္ဍ၌ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရမည့်အစား အထူးသဖြင့် နည်းပညာကဏ္ဍရှိ အမေရိကန်ကုမ္ပဏီများအပေါ် အခွန်ကောက်ခံခြင်းများ ပြုလုပ်လာကြရာ ယင်းကဏ္ဍရှိကုမ္ပဏီများ၏ အောင်မြင်မှုကို အဟန့်အတားဖြစ်စေပြီး အမေရိကန် နိုင်ငံ၏ လူမှုဖူလုံရေးသို့ထည့်ဝင်ရမည့် အစိုးရ၏ အခွန်ရငွေများ ပြန်လည်ရယူရမည်ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ 

 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

 

Category: USA