ပို့ကုန်ထိန်းချုပ်ရေး အစီအမံများကို အလွဲသုံးစားလုပ်မှုနှင့် အမေရိကန်က တရုတ်စီးပွား ရေးလုပ်ငန်းများအပေါ် ခွဲခြားဆက်ဆံသည့် ကန့်သတ်ချက်များကို တရုတ်နိုင်ငံက ပြတ်ပြတ် သားသား ဆန့်ကျင်ပြီး တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး တည်ငြိမ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် သင့်သည်ဟု တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရှိရသည်။
အမေရိကန်အစိုးရသည် တရုတ်နိုင်ငံမှ ချစ်ပ်ထုတ်လုပ်သည့်လုပ်ငန်း (၂၀၀)ကျော်ကို ထိခိုက်စေသည့် ပိတ်ဆို့အရေးယူမှု အစီအစဉ်သစ်တစ်ရပ်ကို စတင်လုပ်ဆောင်နိုင်သည်ဟု ကြေညာခဲ့သည့်သတင်းအပြီးတွင် ဝန်ကြီးဌာနက ထို့သို့ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ မကြာသေးမီက အမေရိကန်ကုန်သည်ကြီးများအသင်းမှ ၎င်း၏ အသင်းဝင်များထံ ပေးပို့သော အီးမေးလ်အရ အမေရိကန်အစိုးရသည် အမေရိကန်ကုန်ပစ္စည်းရောင်းချသူ အများစုကို အဆိုပါ တရုတ်ချစ်ပ်ထုတ်လုပ်သူများထံ ကုန်ပစ္စည်းများ တင်ပို့ခြင်း မပြုရန် တားမြစ်ထားကြောင်း သိရ သည်။
ထိုလုပ်ဆောင်ချက်သည် နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ဆိုးရွားစွာ ထိခိုက်စေပြီး ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်၏ လုံခြုံရေးနှင့် တည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ် စေကာ တရုတ်နှင့် အမေရိကန်လုပ်ငန်းများ၏ အကျိုးစီးပွားကို ထိခိုက်စေပြီး ကမ္ဘာတစ်ဝန်း တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်စေကြောင်း ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု သိရသည်။
စျေးကွက်စီးပွားရေးဆိုင်ရာ ဥပဒေများနှင့် တရားမျှတသော ယှဉ်ပြိုင်မှုဆိုင်ရာ နိယာမများ ကို အမေရိကန်က လေးစားမည်ဟု တရုတ်နိုင်ငံက မျှော်လင့်ထားကြောင်း၊ အကယ်၍ အမေရိ ကန်က ၎င်း၏ ထိန်းချုပ်မှုကို ပိုမိုမြှင့်တင်ပါက တရုတ်နိုင်ငံသည် တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ခိုင်မာစွာကာကွယ်ရန် လိုအပ်သောအစီအမံများကို လုပ်ဆောင်လိမ့်မည်ဟု ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ He Yadong က ပေကျင်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump က ၎င်း၏ သမ္မတသက်တမ်း ပထမဆုံးနေ့မှစပြီး တရုတ်နိုင်ငံက တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်(၁၀)ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည်ဟု သတင်းများထွက်ပေါ်နေသည်ဟု ဖော်ပြ ထားကြောင်း သိရသည်။
တစ်ဖက်သတ်အကောက်ခွန် စည်းကြပ်မှုအပေါ် တရုတ်နိုင်ငံအနေဖြင့် တစ်သမတ်တည်း ဆန့်ကျင်ကန့်ကွက်ကြောင်း၊ အမေရိကန်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို လိုက်နာပြီး အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် အပြန်အလှန် အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုဆိုသည့် မူများအပေါ် အခြေခံ၍ တည်ငြိမ်သော စီးပွားရေး နှင့် ကုန်သွယ်မှု ဆက်ဆံရေးကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သင့် ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု သိရှိရသည်။
ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ကုန်သွယ်မှုကာကွယ်ရေးဝါဒကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများကြားတွင် အမေရိကန်ကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် ၎င်းတို့၏တိုးတက်မှု အလားအလာအတွက် အားတက်သရောလုပ်ဆောင်နေပြီး တရုတ်လုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် စီစဉ်နေကြောင်း အမေရိကန်ကုမ္ပဏီများက ပြောကြားခဲ့ သည်ဟု သိရသည်။
တရုတ်နိုင်ငံတွင် အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်မှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် နှင့် ရေရှည်ရပ်တည်နိုင်ရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု အမေရိကန်စက်မှုထုတ် ကုန်ထုတ်လုပ်သည့်လုပ်ငန်းတစ်ခုဖြစ်သည့် Ingersoll Rand Inc က ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံရှိ ဖောက်သည်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ လိုအပ်ချက် များကို နားလည်လာပြီး အံဝင်ခွင်ကျဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု မြောက်ကာရို လိုင်းနားအခြေစိုက် Davidson အဖွဲ့၏ အကြီးတန်းဒုတိယဥက္ကဋ္ဌ အာနိုးလီက ပြောကြားခဲ့ ကြောင်း သိရသည်။
Source: https://www.chinadaily.com.cn/a/202411/29/WS67491b07a310f1265a1d0360.html
(စီးပွားရေးသံမှူး၊ နန်နင်းမြို့)