India (Kolkata)

ကမ္ဘာလုံးဆိုင်ရာ အထည်အလိပ် နည်းပညာနှင့် အင်ဂျင်နီယာ ဆိုင်ရာပြပွဲ (Global Textile Technology & Engineering Show (GTTES) 2025) သို့ စီးပွားရေးသံမှူးတက်ရောက်

Last Updated:

အိန္ဒိယ အပြည်ပြည်ဆိုင်ရာ အထည်အလိပ် စက်ကိရိယာ ပစ္စည်းပြပွဲများဆိုင်ရာ အသင်း (India International Textile Machinery Exhibitions Society-India ITME Society) မှ ဦးဆောင်စီစဉ်မှုဖြင့် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၊ ဘုံဘေကုန်စည်ပြပွဲဗဟိုဌာန (Bombay Exhibition Centre) တွင် ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အထည်အလိပ် နည်းပညာနှင့် အင်ဂျင်နီယာဆိုင်ရာပြပွဲ (Global Textile Technology & Engineering Show (GTTES) 2025) သို့ စီးပွားရေးသံမှူး ဦးကောင်းထွဋ်အောင် ပါဝင်တက်ရောက်ခဲ့ပါသည်။

ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ရာ အိန္ဒိယရိုးရာ မီးအိမ်ထွန်းညှိခြင်းအခမ်းအနားဖြင့် စတင်ခဲ့ပြီး Dr. Kailash Shinde၊ Navi Mumbai Municipal Corporation ကော်မရှင်နာ၊ Roop Rashi Mahapatra အိန္ဒိယအစိုးရအထည် အလိပ် ကော်မရှင်နာ၊ မွန်ဘိုင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် တာဝန်ရှိသူများ၊ Ketan Sanghvi ဥက္ကဌ၊ ITME India အပါအဝင် ဂုဏ်သရေရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ကုန်စည်ပြပွဲတွင် နိုင်ငံပေါင်း ၃၉ နိုင်ငံမှ ပါဝင်ပြသသူ ၂၁၀ ဦးမှ အထည်အလိပ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် စက်ကိရိယာပစ္စည်းများ ပြသခဲ့ကြပါသည်။ ကုန်စည်ပြပွဲနှင့် အတူ အထည်အလိပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့ ပါသည်။ ပါဝင်တက်ရောက်လာသူများအကြား စီးပွားရေး ကွန်ရက်ချိတ်ဆက်မှုများ ပြုလုပ် ဆောင်ရွက်နိုင်မည့် စီးပွားရေးချိတ်ဆက်မှု ပြခန်းဆောင် တစ်ခုလည်း ပါဝင်ပါသည်။

အဆိုပါ ကမ္ဘာလုံးဆိုင်ရာ အထည်အလိပ် နည်းပညာနှင့် အင်ဂျင်နီယာဆိုင်ရာပြပွဲ ဒုတိယနေ့သို့ မြန်မာ့အထည်အလိပ်လုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးနိုင်အောင်ရန်၊ ဒါရိုက်တာ၊ ဖိုးပြုံးချိုကုမ္ပဏီ လိမိတက်မှ ပါဝင်တက်ရောက်ခဲ့ပြီး၊ အထည်အလိပ်ဆိုင်ရာနည်းပညာများ၊ စက်ကိရိယာပစ္စည်းများ ပြသထားသည့် ပြခန်းများသို့ စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု လေ့လာခဲ့ပါသည်။ ထို့နောက် ၎င်းအနေဖြင့် သက်ဆိုင်ရာ ပြခန်းတာဝန်ရှိသူများနှင့် ဝင် ရောက်တွေ့ဆုံ၍ သိရှိလိုသည်များကို မေးမြန်း စုံစမ်းမှုများ ပြုလုပ်ရာတွင် စီးပွားရေးသံမှူးမှ လိုအပ်သလို ပါဝင်ကူညီချိတ်ဆက်ပေးခဲ့ပါသည်။

ပြပွဲခန်းမရှိ India ITME Society ရုံးခန်းတွင် အသင်း၏ အုပ်ချုပ်မှုဒါရိုက်တာ Ms. Seema Srivastava နှင့် တွေ့ဆုံကာ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ Greater Noida ရှိ India Expo Center & Mart တွင် ၆ ရက်ကြာကျင်းပပြုလုပ်မည့် (၁၂) ကြိမ်မြောက် အိန္ဒိယအပြည်ပြည် ဆိုင်ရာ အထည်အလိပ်စက်ကိရိယာပစ္စည်းပြပွဲ (12th India International Textile Machinery Exhibition) သို့ ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်သွားမည့်အကြောင်း၊ စီးပွားရေးသံမှူးအနေဖြင့် ယင်းသို့ တရားဝင် ဖိတ်ကြားစာ လက်ခံရရှိပါက မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသော ကုန်သည်လုပ်ငန်းရှင်များ ပါဝင်တက် ရောက်နိုင်ရေး ဆက်လက်၍ ဖိတ်ကြားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါ သည်။

စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့။

Category: India (Kolkata)