၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၂၅.၃ ဘီလီယံ သို့ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၃.၆ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။
သွင်းကုန်သည်လည်း အမေရိကန်ဒေါ်လာ ၂၇.၆ ဘီလီယံရှိခဲ့သဖြင့် ၇.၉ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ရာ ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၁.၈၈ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဆီနှင့်ဆက်စပ်ထုတ် ကုန်များ၊ လက်နက်များ၏ ပို့ကုန်သည် ၁၁.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ယင်းသို့ တိုးတက်ရခြင်း မှာ ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများသို့ စီးပွားရေး ချဲ့ထွင်လာနိုင်ခြင်း၊ ငွေကြေးဖောင်းပွမှုသည် သတ်မှတ် အဆင့်တွင် တည်ငြိမ်နေခြင်းနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ တိုးတက်လာခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ရာဘာ၊ ဂျုံနှင့် ပြင်ဆင်ပြီးအစားအစာများ၊ စည်သွပ်ဗူးများနှင့် ပြုပြင်ပြီး သစ်သီးများ၊ တိရစ္ဆာန်အစာများ၊ လတ်ဆတ်၊ အေးခဲနှင့် ပြုပြင်ပြီးကြက်သားများ၊ စည်သွပ်ဗူးနှင့် ပြုပြင်ပြီး ပင်လယ် စာ စသည့် ထုတ်ကုန်များတွင်လည်း တိုးတက်မှုရှိခဲ့ကြောင်း ကုန်သွယ်ရေး မူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ပြောကြားခဲ့သည်။
ဆန်၊ လတ်ဆတ်၊ အေးခဲနှင့် သစ်သီးခြောက်များ၊ ပီလောပီနံထုတ်ကုန်များ၊ အဖျော်ယမကာ များ၊ စည်သွပ်ဗူးနှင့် ပြုပြင်ပြီး ဟင်းသီးဟင်းရွက်များတွင် တင်ပို့မှုကျဆင်းခဲ့ကြောင်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ရွှေမပါ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ ရာဘာထုတ်ကုန်များ၊ ယန္တရား များ၊ လေအေးပေးစက်များနှင့် ဆက်စပ်ပစ္စည်းများ စသည့် စက်မှုထုတ်ကုန်များ၏ ပို့ကုန်တွင် ၁၇ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း၊ မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ၊ သံနှင့် သံမဏိထုတ် ကုန်များ၊ တယ်လီဖုန်းများ၊ အလှကုန်နှင့် အရေပြားထိန်းသိမ်းသည့် ပစ္စည်းများနှင့် တစ်ပိုင်းလျှပ်ကူး ပစ္စည်းဆက်စပ်ထုတ်ကုန်များ၏ ပို့ကုန်တွင် ကျဆင်းခဲ့ကြောင်း၊ အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒ များနှင့်ဆက်စပ်သည့် မသေချာမှုများကို ဖြေရှင်းရန် ကုန်သွယ်မှု မိတ်ဖက်နိုင်ငံများက ၎င်းတို့၏ တင်သွင်းမှုများကို တိုးမြှင့်လာနိုင်သောကြောင့် ပထမ ၃ လပတ်တွင် ပို့ကုန်သည်အတက်တွင် ရှိနေနိုင် ပါကြောင်း Mr. Poonpong က သုံးသပ်ထားပါသည်။
ထိုင်းနိုင်ငံသည် တရုတ်မှ သွင်းကုန်များအပေါ် မှီတည်နေမှုကို လျှော့ချလိုသဖြင့် အမေရိကန်သို့ တင်ပို့မှုကို မြှင့်တင်ရန်အတွက် အလားအလာကို ဦးစားပေးပြောကြားလိုကြောင်း၊ ကုန်သွယ်မှု ပိုငွေ ဖြစ်ပေါ်နေသောနိုင်ငံများအားလုံး သို့မဟုတ် ထုတ်ကုန်များအားလုံးအပေါ် အမေရိကန်အခွန် ချမှတ်ခဲ့ ပါက အခက်အခဲရှိလာနိုင်သော်လည်း ဧပြီလတွင် ရှင်းရှင်းလင်းလင်းသိမြင်နိုင်မည်ဟု မျှော်လင့်ပါ ကြောင်း၊ ရုရှား၏ ဆီတင်ပို့မှုကို ကန့်သတ်ချက်များကြောင့် စွမ်းအင်ဈေးနှုန်းများနှင့် တင်ပို့ခနှုန်းထား များသည် အတက်အကျဖြစ်နေစဉ်တွင် ငွေကြေးဖောင်းပွမှုလှိုင်းအသစ်သည် အမေရိကန်ကို တွန့်ဆုတ် စေပါကြောင်း ဖြည့်စွက်သုံးသပ်ထားပါသည်။
နိုင်ငံများအကြား ကုန်သွယ်ရေး လုပ်ငန်းစဉ်များ တိုးတက်လာမှုကြောင့် ပထမ ၃ လပတ် အတွင်း ပို့ကုန်တိုးတက်မှုသည် ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား ရှိနိုင်ကြောင်း၊ အစိုးရအနေဖြင့် တရုတ်နှင့် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းရန် ပုဂ္ဂလိက ကဏ္ဍက တောင်း ဆိုလျက်ရှိကြောင်း Thai National Shippers’ Council ဥက္ကဋ္ဌ Mr. Chaichan Charoensuk က ဖြည့် စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။