Thailand

ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်နိုင်ရေးအတွက် စွမ်းအင်တိုက်ရိုက်ဝယ်ယူရေးစာချုပ်များကို အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် ထိုင်းပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသင်းက တောင်းဆိုခဲ့

Last Updated:

ထိုင်းနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်မှုကို တိုးတက်ရန် စွမ်းအင်ကုမ္ပဏီများသည် အရှေ့ဘက်စီးပွားရေးစင်္ကြံရှိ စက်ရုံများသို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တိုက်ရိုက်ရောင်းချနိုင်ရေးအတွက် စွမ်းအင် တိုက်ရိုက်ဝယ်ယူရေးစာချုပ်ဆိုင်ရာ လုပ်ငန်းများကို စွမ်းအင်မူဝါဒချမှတ်သူများအနေဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် ထိုင်းပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အသင်းက တောင်းဆိုခဲ့ ကြောင်း သိရှိရပါသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား၌ အချင်းချင်းစွမ်းအင်ကုန်သွယ်မှုကို ခွင့်မပြု ထားပါကြောင်း၊ နိုင်ငံအဆင့် စွမ်းအင်မူဝါဒကောင်စီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် တိုက်ရိုက်စွမ်းအင်ဝယ်ယူရေး စမ်းသပ်စီမံချက်ကို‌ ဆောင်ရွက်လိုကြောင်း၊ အထူးသဖြင့် သန့်ရှင်းသော စွမ်းအင်လုံလုံလောက်လောက် ရရှိရန်လိုအပ်သော အချက် အလက်စင်တာနှင့် Cloud ဝန်ဆောင်မှု လုပ်ငန်းများအတွက်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန်လ တွင် စီမံချက်ကို အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း တိုးတက်မှုသည် နှေးကွေးနေပါကြောင်း၊ အစည်းအဝေးမှ အတည်ပြုချက်အရ တိုက်ရိုက်စွမ်းအင် ဝယ်ယူရေးစာချုပ်အောက်တွင် လျှပ်စစ်ကုန်သွယ်မှုသည် ၂,၀၀၀ မီဂါဝဒ်ထက်မပိုရပါကြောင်း၊ အသင်းအနေဖြင့် စွမ်းအင်နှင့် သက်ဆိုင်သည့် အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စက်ရုံများစွာရှိသော အရှေ့ဘက်စီးပွားရေးစင်္ကြံဧရိယာကို တိုက်ရိုက်စွမ်းအင်ဝယ်ယူရေးစာချုပ် စမ်းသပ်စီမံချက် နေရာအဖြစ် ရွေးချယ်ခဲ့ပါကြောင်း အသင်း၏ ဘုတ်အဖွဲ့ဝင် Mr. Natee Sithiprasasana က ပြောကြားခဲ့သည်။

အရှေ့ဘက်စီးပွားရေးစင်္ကြံတွင် မော်တော်ယာဉ်အမျိုးအစားသစ်များနှင့် စမတ် အီလက်ထရောနစ်တို့ အပါအဝင် S-curve စက်ရုံများတည်ရှိပြီး နည်းပညာမြင့်စက်မှုဇုန် နေရာအဖြစ် ရည်မှန်းထားပါကြောင်း၊ မလေးရှားနှင့် ဗီယက်နမ်တို့က အချက်အလက်စင်တာ၊ အီလက်ထရောနစ်အစိတ်အပိုင်းများ၊ ဒီဂျစ်တယ်နည်းပညာနှင့် နည်းပညာတုဆိုင်ရာ ကုမ္ပဏီ များသို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိကြောင်း၊ အဆိုပါ နှစ်နိုင်ငံ သည် အစီအစဉ်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသော်လည်း ထိုင်းနိုင်ငံသည် နောက်ကျ နေပါကြောင်း Mr. Natee က သုံးသပ်အကြံပြုထားပါသည်။

ကာလရှည် အတွက်မှာမူ ထိုင်းအစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင် စုများထံသို့ စွမ်းအင်ရောင်းချရာတွင် စွမ်းအင်ကုမ္ပဏီများကို အစိုးရပိုင်စွမ်းအင် အဖွဲ့အစည်း များနှင့် ယှဉ်ပြိုင်ရန် ခွင့်ပြုခြင်းဖြင့် စွမ်းအင်ထောက်ပံ့မှုကို ပြန်လည်ပြင်ဆင်သင့်ကြောင်း၊ အစိုးရအနေဖြင့် ထုတ်လုပ်မှုတွင် ကာဗွန်ထွက်ရှိမှုများမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းရန် ဥရောပ သမဂ္ဂက ကောက်ခံမည့် Carbon Border Adjustment Mechanism ကို ရှောင်ရှားလိုသော လုပ်ငန်းကြီးများမှ စတင်၍ ဈေးကွက်အတွင်း လျှပ်စစ်စွမ်းအားဝယ်ယူသူ အရေအတွက်ကို တဖြည်းဖြည်း တိုးမြှင့်နိုင်ကြောင်း၊ လွတ်လပ်သော ကုန်သွယ်မှုသည် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် အိမ်ထောင်စုများကို လွှမ်းခြုံနိုင်သည်အထိ တိုးချဲ့နိုင်ကြောင်း TDRI က အဆိုပြုထားချက်အရ သိရှိရပါသည်။

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand