Thailand

ထိုင်းနိုင်ငံ၌ လေသန့်စင်စက်များနှင့် Vacuum Cleaners များကို ဈေးနှုန်းထိန်းချုပ်သော ကုန်စည် အမည်စာရင်းသို့ ထည့်သွင်းနိုင်ရေး ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၌ လေသန့်စင်စက်များနှင့် Vacuum Cleaners များကို ဈေးနှုန်းထိန်းချုပ်သော ကုန် စည်စာရင်းအတွင်းသို့ ထည့်သွင်းနိုင်ရန် ကုန်စည်နှင့် ဝန်ဆောင်မှုများဈေးနှုန်းဗဟိုကော်မတီသို့ တင်ပြ နိုင်ရေးအတွက် ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

လေသန့်စင်စက်များနှင့် Vacuum Cleaners များသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဈေးနှုန်း အက် ဥပဒေ ၁၉၉၉ အောက်ရှိ ထိန်းချုပ်ထားသော ကုန်စည်များစာရင်းအတွင်းသို့ ထည့်သွင်းသင့် ကြောင်း၊ အဆိုပါ လုပ်ထုံးလုပ်နည်းအရ PM2.5 ကို ကာကွယ်လိုသောကြောင့် ယင်းကုန်စည်များကို ဝယ်လိုအားမြင့်တက်လာမှုအပေါ် တုန့်ပြန်ရန် ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်းတို့အပေါ် ကြီးကြပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပြုထားသည့် လုပ်ထုံးလုပ်နည်းအရ ထုတ်လုပ်သူများ၊ တင်သွင်း သူများနှင့် ဖြန့်ဖြူးသူများသည် ထုတ်လုပ်မှုပမာဏ၊ သွင်းကုန်များ၊ လက်ကျန်နှင့် ရောင်းဈေးတို့ကို အစီရင်ခံတင်ပြရမည်ဖြစ်ကြောင်း၊ ယင်းသည် ထုတ်လုပ်မှုမှသည် ရောင်းချသည်အထိ စနစ်တစ်ခုလုံး ကို ကြီးကြပ်ရန်အတွက်ဖြစ်ကြောင်း၊ PM2.5 ကာလမတိုင်ခင်က လေသန့်စင်စက်များနှင့် Vacuum Cleaners များ၏ ရောင်းအားသည် ကျဆင်းခဲ့သဖြင့် ထုတ်လုပ်သူများနှင့် လက်လီရောင်းချသူများက ဈေးနှုန်းလျှော့ချမှုများ ဆောင်ရွက်ခဲ့ပါကြောင်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Goranij Nonejuie က ပြောကြားခဲ့သည်။

ဖုန်မှုန့်ပြဿနာရှိလာသောအခါ ဝယ်လိုအားသည် သိသိသာသာ တိုးတက်လာခဲ့ပြီး အချို့တွင် ကုန်ပစ္စည်းယာယီပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ဈေးနှုန်းထိန်းချုပ်သည့် ကုန်စည် စာရင်း သို့ ထည့်သွင်းရန် သတ်မှတ်ချက်များမှာ နေ့စဉ်သုံးဖြစ်ခြင်း၊ ထုတ်လုပ်သူနှင့် ရောင်းချသူအရေအတွက် အကန့်အသတ်ရှိခြင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု မလုံလောက်ခြင်း၊ ဈေးနှုန်းအတက်အကျရှိခြင်းနှင့် ပစ္စည်းမကြာခဏ ပြတ်တောက်ခြင်းတို့ဖြစ်ကြောင်း၊ အစိုးရအဖွဲ့က ၂၀၂၅ ခုနှစ် ဇွန်လအထိ ထိန်းချုပ် ပစ္စည်း ၅၇ မျိုး (ကုန်ပစ္စည်း ၅၂ မျိုးနှင့် ဝန်ဆောင်မှု ၅ မျိုး) အပေါ် ခွင့်ပြုထားပါကြောင်း၊ ပစ္စည်း ၅၁ မျိုးသည် ထိန်းချုပ်ပစ္စည်းထဲတွင် ရှိပြီးဖြစ်ပြီး အသစ် ၅ မျိုးကို ၂၀၂၃ ခုနှစ်တွင် ထပ်မံထည့်သွင်းခဲ့ ပါကြောင်း၊ ယင်းတို့မှာ အမှိုက်နှင့် ပြန်လည်အသုံးပြုနိုင်သော စာရွက်၊ mask၊ အရက်အခြေခံ လက်သန့်ဆေးရည်၊ ကြက်သားနှင့် mask ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပိုလီပရို ပိုင်လင်း စင်သတစ် ဖိုက်ဘာတို့ ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်တွင် သကြားကို ထိန်းချုပ်ကုန်စည်အတွင်း ထည့်သွင်းခဲ့ပါကြောင်း၊ ထပ်လောင်း ကုန်စည်များအတွက် အစိုးရအဖွဲ့က ခွင့်ပြုပါက ထိန်းချုပ်ကုန်စည်နှင့် ဝန်ဆောင်မှုသည် ၅၉ မျိုးရှိမည် ဖြစ်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand