အမေရိကန်နိုင်ငံက ဖေဖော်ဝါရီလဆန်းပိုင်း၌ တရုတ်သွင်းကုန်များအပေါ် သွင်းကုန်ခွန် (၁၀) ရာခိုင်နှုန်းချမှတ်ခဲ့ပြီး ၂၇-၂-၂၀၂၅ ရက်တွင် တရုတ်နိုင်ငံမှ သွင်းကုန်များပေါ် ထပ်မံ၍ (၁၀)ရာခိုင်နှုန်း ကောက်ခံရန် ခြိမ်းခြောက်ပြောဆိုခဲ့ရာ ယင်းသည်တရုတ်ကုမ္ပဏီများအတွက် ထိခိုက်မှုနှစ်ဆ ဖြစ်လာ နိုင်ကြောင်း၊ အမေရိကန်နိုင်ငံ၏ သွင်းကုန်ခွန်ကောက်ခံမှုနှင့် ထပ်မံကောက်ခံရန် ခြိမ်းခြောက်မှုတို့ ကြောင့် တရုတ်ကုမ္ပဏီများသည်စိုးရိမ်လျက်ရှိပြီး တရုတ်စက်မှုလုပ်ငန်းကုမ္ပဏီများက စားသုံးသူများ အတွက် ဈေးနှုန်းလျော့ကျစေရန် စရိတ်များလျှော့ချခဲ့ကြသော်လည်း ယခုအခါ စားသုံးသူများသည် သွင်းကုန်ခွန်ကြောင့် အခွန်မြင့်မားစွာ ပေးဆောင်ရနိုင်ကြောင်း၊ သွင်းကုန်ခွန် ထပ်မံကောက်ခံရန် အဆိုပြုချက်ကြောင့် တရုတ်စက်မှုလုပ်ငန်းများသည် အရှေ့တောင်အာရှနိုင်ငံများသို့ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိကြောင်း၊ တရုတ်မဟုတ်သည့် အခြားနိုင်ငံများတွင် ထုတ်လုပ်၍ အမေရိကန်နိုင်ငံသို့ တင်ပို့ပါက သွင်းကုန်ခွန်ကို ရှောင်ရှားနိုင်မည်ဖြစ်သော်လည်း ပြောင်းရွှေ့ထုတ်လုပ်မည့်နိုင်ငံအပေါ် အမေရိကန်က သွင်းကုန်ခွန်ကောက်ခံမှုမရှိမှသာလျှင် သွင်းကုန်ခွန်ကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကုန်သွယ်မှုမူဝါဒသည် ယခုဒုတိယအကြိမ် သမ္မတသက်တမ်းတွင် တရုတ်နိုင်ငံအပြင် အခြားနိုင်ငံများကိုပါ ပစ်မှတ်ထားလာပြီး ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများအပေါ် သွင်းကုန်ခွန်ချမှတ်ခြင်းနှင့် အပြန်အလှန်သွင်းကုန်ခွန်ကောက်ခံရန် အဆိုပြုထားရာ အမေရိကန်နိုင်ငံ ၏ ကုန်သွယ်ဖက်နိုင်ငံ အများအပြား၏သွင်းကုန်များအပေါ် သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံလာနိုင် ကြောင်း၊ အမေရိကန်နိုင်ငံက သွင်းကုန်ခွန် ထပ်မံကောက်ခံရန် ဖော်ပြချက်နှင့်ပတ်သက်၍ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ တစ်နိုင်ငံတည်းအပေါ် သွင်းကုန်ခွန်စည်းကြပ်ခြင်း အား ဆန့်ကျင်ကြောင်းနှင့် နှစ်ဖက်ဆွေးနွေးညှိနှိုင်းလျက် လိုအပ်ပါက အပြန်အလှန် သွင်းကုန်ခွန် ကောက်ခံမည့်အစီအမံများချမှတ်နိုင်သည်ဟု တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။