USA

အမေရိကန်နိုင်ငံက ကောက်ခံမည့်သွင်းကုန်ခွန်ကို ပြန်လည်သက်တမ်းတိုးရန် ခြိမ်းခြောက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း အစုရှယ်‌ယာဈေးနှုန်းများ ကျဆင်းခဲ့

Last Updated:

အမေရိကန်သမ္မတက မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ သွင်းကုန်များအပေါ် (၂၅) ရာခိုင် နှုန်း ကောက်ခံမှုသည် သဘောတူထားသည့်အတိုင်း ၄-၃-၂၀၂၅ ရက်တွင် အသက်ဝင်မည်ဖြစ်ပြီး ယင်းရက် တွင် တရုတ်နိုင်ငံမှသွင်းကုန်များအပေါ်  သွင်းကုန်ခွန် (၁၀)ရာခိုင်နှုန်း ထပ်မံကောက်ခံမည်ဖြစ် ကြောင်း ၂၇-၂-၂၀၂၅ ရက်တွင် ခြိမ်းခြောက်ပြောကြားခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်း အစုရှယ်ယာ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ၂၈-၂-၂၀၂၅ ရက်တွင် ဥရောပရှိ Stoxx 600 အစုရှယ်ယာအညွှန်းကိန်း သည် (၀.၆)ရာခိုင်နှုန်း၊ FTSE 100 အညွှန်းကိန်းသည် (၀.၃၅) ရာခိုင်နှုန်း၊ ဂျာမနီနိုင်ငံ၏ DAX အညွှန်းကိန်းနှင့် ပြင်သစ်နိုင်ငံ၏ CAC 40 အညွှန်းကိန်းသည် (၀.၅) ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ ကြောင်း၊ အာရှဘက်တွင် ဟောင်ကောင်၏ Hang Seng Index အညွှန်းကိန်းသည် (၃.၃) ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း အများဆုံး ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း၊ တောင် ကိုရီးယားနိုင်ငံ၏ Kospi အညွှန်းကိန်းသည် (၃.၄) ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံ၏ Nikkei အညွှန်းကိန်း သည်(၂.၉) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ သွင်းကုန်ခွန်ကောက်ခံရန် ခြိမ်းခြောက်မှုနောက်ပိုင်း ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပွားလာနိုင်ခြေကြောင့် ဒေါ်လာတန်ဖိုး  မြင့်တက်ခဲ့ကြောင်း၊ သွင်းကုန် ခွန်ကြောင့် အမေရိကန် နိုင်ငံပြည်တွင်း၌ ငွေကြေးဖောင်းပွလာနိုင်ကာ အမေရိကန်ဗဟိုဘဏ်က အတိုး နှုန်းလျှော့ချနိုင်ခြေ နည်းပါးလာမည်ဖြစ်ကြောင်း၊ (၁၀)နှစ်သက်တမ်းရှိ အမေရိကန်ငွေတိုက် စာချုပ်၏ ပြန်ရငွေသည် (၀.၄) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ဒေါ်လာ တန်ဖိုးမြင့်တက်သဖြင့် ရွှေဈေးနှုန်း ကျဆင်းခဲ့ကာ ရွှေတစ်ထရွိုင်အောင်စလျှင် အမေရိကန်ဒေါ်လာ (၂,၈၇၃.၇၀) ရှိရာ (၀.၈) ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: USA