China(Nanning)

တရုတ်နိုင်ငံ၏ အထင်ကရကုန်သွယ်ရေးစင်္ကြံမှ ကုန်စည်ပို့ဆောင်မှုသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာ

Last Updated:

တရုတ်နိုင်ငံ၏ အနောက်ပိုင်းပြည်နယ်များကို ကမ္ဘာ့စျေးကွက်များနှင့် ချိတ်ဆက်ပေးသည့် အဓိက ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်ဖြစ်သည့် နိုင်ငံတကာကုန်းလမ်းရေလမ်းကုန်သွယ်ရေး စင်္ကြံသစ်(New International Land-Sea Trade Corridor)သည် ယခုနှစ်ပထမနှစ်လအတွင်း ရထား-ပင်လယ်ရေကြောင်းနှစ်မျိုးသုံးဝန်ဆောင်မှုမှတစ်ဆင့် ပေ(၂၀)ကွန်တိန်နာ အလုံးပေါင်း (၂၀၉,၀၀၀)ကို ပို့ဆောင်ပေးခဲ့ကြောင်း China Railway Nanning Group ၏ အချက်အလက် များအရ သိရှိရပါသည်။

အဆိုပါပမာဏသည် ၂၀၁၉ ခုနှစ်တစ်နှစ်လုံး၏ စုစုပေါင်းပမာဏထက် ကျော်လွန်နေပြီး တစ်နှစ်ထက်တစ်နှစ် (၅၈.၄) ရာခိုင်နှုန်း တိုးလာကြောင်း၊ ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သစ်နှင့် ကျောက်တုံးများနှင့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်မှ လက်ဖက်ခြောက်နှင့် စက္ကူလိပ်များ တင်ပို့မှု မြင့်တက်လာခြင်း နှင့်အတူ အဆိုပါစင်္ကြံမှ ကုန်စည်ပို့ဆောင်မှုလည်း မြင့်တက်လာကြောင်း သိရှိရပါသည်။

ကွမ်ရှီးဒေသသည် ကုန်သွယ်ရေးစင်္ကြံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန်အတွက် ယခုနှစ်တွင် ယွမ် (၁)ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃၉.၃၉ သန်းခန့်)ကို မကြာသေးမီက ခွဲဝေချထားပေးခဲ့ ကြောင်း သိရှိရပါသည်။

ကုန်သွယ်ရေးစင်္ကြံမှတဆင့် သယ်ယူပို့ဆောင်သည့် ကုန်စည်အမျိုးအစားသည် (၁၂၃၄) မျိုးအထိ မြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်ကို ဗဟိုပြု ထားသော ဤကုန်သွယ်ရေးစင်္ကြံသည် ရထားလမ်းများ၊ ပင်လယ်လမ်းကြောင်းများနှင့် အဝေး ပြေးလမ်းမကြီးများမှ တစ်ဆင့် ကမ္ဘာအနှံ့ရှိဆိပ်ကမ်းများကို ချိတ်ဆက်ထားပြီး ကွမ်ရှီးဒေသနှင့် ယူနန်ပြည်နယ် ကဲ့သို့သော တရုတ်နိုင်ငံတောင်ပိုင်းဒေသများကို ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုအခါ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုသည် တရုတ်ပြည်တွင်းရှိမြို့ (၇၃)မြို့ရှိ (၁၅၈) နေရာကို လွှမ်းခြုံထားပြီး နိုင်ငံနှင့် ဒေသပေါင်း (၁၂၇)ခုရှိ ဆိပ်ကမ်း/ဂိတ်ပေါင်း (၅၅၆)ခုအထိ ဖြန့်ကြက်ထားကြောင်း သိရှိရပါသည်။

Source: https://english.news.cn/20250301/6e3c4a4b02ca4c73a22bfed1cd790b8f/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)