China(Nanning)

တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် AI သည် အဓိကကျ

Last Updated:

၂၀၂၅ ခုနှစ်အတွက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နံပါတ် (၁)ဗဟိုစာတမ်းတွင် စိုက်ပျိုးရေးကဏ္ဍ၌ ဒေသအခြေအနေနှင့် သင့်လျော်သော "အရည်အသွေးသစ် ထုတ်လုပ်မှု စွမ်းအားများ"ကို ဖော်ဆောင်ခြင်းသည် ကျေးလက်ဒေသရှင်သန်ရှင်သန်ရေးအတွက် အဓိက အချက်ဖြစ်ကြောင်း အလေးပေးဖော်ပြခဲ့‌ပြီး ဗဟိုအာဏာပိုင်များသည် စိုက်ပျိုးရေးတွင် ဉာဏ်ရည် တုနှင့် Big Data ကဲ့သို့သော နည်းပညာများကို အသုံးချမှုမြှင့်တင်ခြင်းဖြင့် ခေတ်မီလယ်ယာ စိုက်ပျိုးရေးနှင့် ဒစ်ဂျစ်တယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါစာတမ်းတွင် စိုက်ပျိုးနိုင်သောမြေကို ကာကွယ်ခြင်းနှင့် စားနပ်ရိက္ခာထုတ်လုပ်မှု တိုးမြှင့်ခြင်း၏ အရေးပါမှုကိုလည်း အလေးပေးဖော်ပြထားပြီး မကြာသေးမီက ပြည်တွင်းဖြစ် DeepSeek အပါအဝင် AI နည်းပညာတွင် တိုးတက်မှုများကြောင့် စာတမ်းသည် စိုက်ပျိုးရေးတွင် AI နည်းပညာကို ထိထိရောက်ရောက်အသုံးချနိုင်ရန်အတွက် ထိပ်တန်းအဆင့်ဒီဇိုင်းပိုင်း ဆိုင်ရာ များကို  ပံ့ပိုးပေးထားကြောင်း သိရှိရပါသည်။

အရင်းအမြစ်ခွဲဝေမှုကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ကာ စုစုပေါင်းထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ခြင်းဖြင့် AI သည် လုပ်သားရှားပါးမှုနှင့် အရင်းအမြစ်အသုံးချမှုနည်းပါးခြင်းကဲ့သို့သော မိရိုးဖလာစိုက်ပျိုးရေးတွင် ကြုံတွေ့နေရသည့် ဖွဲ့စည်းပုံဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်မည့် အလားအလာရှိကြောင်း၊ မြို့ပြလူ့အဖွဲ့အစည်း၏ နည်းပညာအသုံးပြုမှုကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် မောင်းနှင်အားအဖြစ် ပြောင်းလဲ၍ မြို့ပြ-ကျေးလက်ပေါင်းစည်းဖွံ့ဖြိုးတိုးတက် မှုကို မြှင့်တင်ပေးခြင်းဖြင့် AI သည် စိုက်ပျိုးရေးပြုပြင်ပြောင်းလဲမှုတစ်ရပ်ကို မြှင့်တင်ပေးနိုင် ကြောင်း သိရှိရပါသည်။

 မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ သက်ကြီးရွယ်အိုဦးရေ လျင်မြန်စွာ မြင့်တက် လာပြီး ကျေးလက်ဒေသများတွင် လူငယ်လုပ်သားများ ရှားပါးလာကာ မြေယာကို ထွန်ယက် စိုက်ပျိုးမည့် ပြဿနာဖြစ်ပေါ်လာကြောင်း၊ AI မှ ပံ့ပိုးပေးသော စိုက်ပျိုးရေးသုံးစက်ယန္တရားများ သည် လုပ်သားရှားပါးမှုကို လျော့ချပေးရန် နည်းလမ်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရှိရပါသည်။

ဉာဏ်ရည်ထက်မြက်သော စိုက်ပျိုးရေးသုံး စက်ယန္တရားများနှင့် စက်ကိရိယာများ ဖွံ့ဖြိုး တိုးတက်ရေးသည် တရုတ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၏ အလေးထား သည့်အချက်တစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနည်းပညာများ တိုးတက်စေခြင်းသည် ဝန်ကြီးဌာန၏ မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ယခင်နှစ်နှောင်းပိုင်းက ကွမ်ကျိုးမြို့၌ ကျင်းပခဲ့ သည့် 21st China International Agricultural Trade Fair ၌ လိုင်ချီးသီးခူးဆွတ်ခြင်း၊ နာနတ်သီး နှင့် နဂါးမောက်သီး ခူးဆွတ်ခြင်း အပါအဝင် စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ရုပ်များကို ပြသခဲ့ကြောင်း၊ ထွန်းသစ်စနည်းပညာများသည် အလိုအလျောက် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း တို့ဖြင့် လုပ်သား အင်အားအသုံးများသော လုပ်ငန်းများအတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

AI သည် ခေတ်မီစိုက်ပျိုးမွေးမြူရေးကို မြှင့်တင်ရန်အတွက် အလားအလာများစွာ ရှိကြောင်း၊ စာတမ်းတွင် အမဲသားနှင့် နို့စားနွားလုပ်ငန်းများကို မြှင့်တင်ရန် လိုအပ်ကြောင်း အလေးပေးဖော်ပြထားပြီး ဤရည်မှန်းချက်အောင်မြင်ရန် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကွေ့ကန်မြို့ရှိ ကန်ဘေးခရိုင်တွင် "ဉာဏ်ရည်ထက်မြက်သောတိရစ္ဆာန်မွေးမြူခြင်း"ကို ဖော်ဆောင်လျက်ရှိကြောင်း၊ အလိုအလျောက် လေဝင်လေထွက်နှင့် အပူချိန်ထိန်းစနစ်၊ အလို အလျောက် အညစ်အကြေးသန့်စင်စက်များ၊ အလိုအလျောက် စက်ဖြင့်အစာကျွေးခြင်းစနစ်နှင့် AI စစ်ဆေးရေးစနစ်တို့ ပါဝင်သည့် Xinghe AI ​​ဝက်မွေးမြူရေးခြံအပါအဝင် ခေတ်မီနည်းပညာသုံး ဝက်မွေးမြူရေးခြံ(၅)ခုကို တည်ထောင်ထားကြောင်း၊ ရလဒ်အနေဖြင့် ဝက်မွေးမြူနိုင်မှုမှာ အကောင်ရေ (၄၀၀)-(၅၀၀) မှ (၄,၀၀၀)-(၅,၀၀၀)အထိ တိုးလာပြီး ကျွေးမွေးစရိတ်သည် (၂၀) ရာခိုင်နှုန်းကျော် လျော့ကျသွားခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် တရုတ်စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီနှင့် Alibaba တို့သည် AI algorithms ကို အသုံးပြု၍ တိရစ္ဆာန်မွေးမြူခြင်းဆိုင်ရာ အချက်အလက်များကို ထိရောက်စွာစီမံခန့်ခွဲ၍ အချိန် ဇယားရေးဆွဲကာ ခွဲခြမ်းစိတ်ဖြာပေးသည့် ခေတ်မီမွေးမြူရေးပလက်ဖောင်းတစ်ခုကို ပူးပေါင်း တီထွင်နိုင်ခဲ့သဖြင့် ပိုမိုကောင်းမွန်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် အလားအလာသစ် များကို ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

          နံပါတ် (၁)စာတမ်းသည် သီးနှံစိုက်ပျိုးဧရိယာများ တည်ငြိမ်ရန်နှင့် ထုတ်လုပ်မှုနှင့် အရည် အသွေးတိုးမြှင့်ရန် ရည်ရွယ်ထားပြီး ခေတ်မီစိုက်ပျိုးခြင်းနှင့် လယ်ယာစိုက်ပျိုးရေးနည်းပညာများ တွင် AI-မောင်းနှင်သော တိုးတက်မှုများ လိုအပ်ကြောင်း ဖော်ပြထားပါသည်။

          စိုက်ပျိုးရေးလုပ်ငန်းကွင်းဆက်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်စေရေးအတွက် AIနည်းပညာသည် ထောက်ပံ့ ရေးကွင်းဆက်များကို အကောင်းဆုံးဖြစ်စေရန်၊ တန်ဖိုးမြှင့်လယ်ယာထွက်ကုန်များကို ထုတ်လုပ်ရန်နှင့် စက်မှုလုပ်ငန်း၏ တန်ဖိုးမြှင့်အကျိုးကျေးဇူးများကို လယ်သမားများ ခံစားနိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ချုံချင့်မြို့သည် စိုက်ပျိုးရေးထွက်ကုန်များ၏ ရောင်းလို အားနှင့် ဝယ်လိုအားကို တိကျစွာချိန်ညှိနိုင်ရန် AI နည်းပညာကို အသုံးချကာ Nongpinhui ပလက်ဖောင်းကို တီထွင်ခဲ့ကြောင်း၊ ၎င်းသည် စတင်အကောင်အထည်ဖော်ချိန်မှစ၍ အရောင်း အဝယ်ပြုလုပ်မှု (၂၀၁,၀၀၀)ကို အဆင်ပြေစွာ ဆောင်ရွက်ပေးခဲ့ပြီး လယ်သမားများအတွက် ဝင်ငွေယွမ်(၅.၉)ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၁၄ သန်း)ကျော်ကို ရရှိစေကာ လယ်ယာ ထွက်ကုန်များ အရောင်းအဝယ် မတည်မငြိမ်ဖြစ်နေသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေး နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Lingshan စီရင်စုရှိ လိုင်ချီးစိုက်ပျိုးသည့်လုပ်ငန်း ၌ ထုတ်လုပ်မှု၊ ရောင်းချမှုနှင့် စျေးကွက်ရှာဖွေရေးကွင်းဆက်တစ်ခုလုံးတွင် ဒစ်ဂျစ်တယ်အဆင့် မြှင့်တင်မှုအတွက် AI နည်းပညာကို အသုံးပြုလျက်ရှိကြောင်း၊ အဆိုပါစီရင်စုသည် လိုင်ချီးသီးနှင့် အခြားလယ်ယာထွက်ကုန်များအတွက် အဆင့်သတ်မှတ်ခြင်း၊ ထုပ်ပိုးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ထောက်ပံ့ပို့ဆောင်ခြင်းကဲ့သို့သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသည့် အများပိုင်ဒစ်ဂျစ် တယ်သိုလှောင်ရုံတစ်ခုကို တည်ထောင်ထားကြောင်း၊ ရလဒ်အနေဖြင့် လုပ်ငန်းကွင်းဆက်၏ စုစုပေါင်းထွက်ကုန်တန်ဖိုးသည် ယွမ် (၃)ဘီလီယံကျော်သွားပြီဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါစာတမ်းတွင် သီးသန့်စိုက်ပျိုးရေးအစုအဖွဲ့များ တည်ထောင်ခြင်းနှင့် စိုက်ပျိုးရေး တွင် စက်မှုနည်းပညာထွန်းကားမှုကို မြှင့်တင်ခြင်း၏ အရေးပါမှုကိုလည်း အလေးပေးဖော်ပြ ထားပြီး စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးနှင့် အခြား နယ်ပယ်များ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတွင် AI ကို ကျယ်ပြန့်စွာအသုံးချခြင်းသည် စိုက်ပျိုးရေးကဏ္ဍသာယာဝပြောရေးကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

သို့သော်လည်း စိုက်ပျိုးရေးတွင် ကျယ်ပြန့်သော AI နည်းပညာကို လက်ခံကျင့်သုံးမှုနှင့် အကောင်အထည်ဖော်မှုတွင် စိန်ခေါ်မှုများနှင့် အကန့်အသတ်များစွာရှိကြောင်း၊ ပထမအချက်မှာ လယ်သမားများသည် ဒစ်ဂျစ်တယ်တတ်မြောက်မှု မရှိခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင် ရကြောင်း၊ ဒုတိယအချက်မှာ လယ်ယာမြေအချက်အလက်များ ပေါက်ကြားမှုသည် နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ တတိယအချက်မှာ AI စက်ကိရိယာများကို ဝယ်ယူ သည့် ကုန်ကျစရိတ်များပြားခြင်းသည် လယ်သမားများအတွက် ကြီးမားသောဘဏ္ဍာရေး ဝန်ထုပ် ဝန်ပိုးဖြစ်နိုင်ကြောင်း သိရှိရပါသည်။

          ထို့ကြောင့် စိုက်ပျိုးရေးတွင် AI နည်းပညာပေါင်းစပ်မှုကို မြှင့်တင်ရန်အတွက် အာဏာပိုင် များသည် လယ်သမားများ၏ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုကို မြှင့်တင်ရန်အတွက် အသက်မွေးဝမ်း ကြောင်း တောင်သူသင်တန်းအသစ်တွင် AI ကျွမ်းကျင်မှုသင်တန်းကို ထည့်သွင်းသင့်ကြောင်း၊ အရေးကြီးသတင်းအချက်အလက်များကို လုံခြုံသည့်လျှို့ဝှက်ကုဒ်ဖြင့် ပေးပို့ခြင်းဖြင့် စိုက်ပျိုးရေး အချက်အလက်များအတွက် အဆင့်ဆင့်ကာကွယ်မှုမူဘောင်ကို ထူထောင်သင့်ကြောင်း သိရှိရ ပါသည်။

ထို့အပြင် အာဏာပိုင်များသည် စိုက်ပျိုးရေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့သစ်များ ပေါ်ပေါက် လာရေး၊ ဉာဏ်ရည်ထက်မြက်သော စိုက်ပျိုးရေးစက်မှုဇုန်များ တည်ထောင်ရေး၊ ဉာဏ်ရည် ထက်မြက်သော လယ်ယာသုံးစက်ကိရိယာများ သုံးစွဲမှုများပြားလာစေရန် ကျေးလက်ဒေသ စုပေါင်းစီးပွားရေးကို အသုံးချရေးတို့ကို တွန်းအားပေးရန် လိုအပ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်း ဖြင့် AI သည် စိုက်ပျိုးရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကျေးလက်ဒေသများ အားကောင်း လာစေရေး၊ လယ်သမားများ၏ ဝင်ငွေများတိုးပွားလာစေရေးနှင့် တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကအင်အားစုဖြစ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: en.gxzf.gov.cn/2025-02/28/c_1073917.htm

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)