ယူအေအီး စီးပွားရေးဝန်ကြီး Abdulla bin Touq Al Marri က ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး စီးပွားရေး ပေါင်းစည်းရေးကော်မတီ၏ ၂၀၂၄ ခုနှစ်အတွက် သတ္တမအကြိမ်မြောက်အစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို နိုင်ငံခြားကုန်သွယ်ရေး၀န်ကြီး Dr. Thani bin Ahmed Al Zeyoudi နှင့် စီးပွားရေးလုပ်ငန်းစွန့်ဦးတီထွင်မှုဝန်ကြီး Alia Abdullah Al Mazrouei တို့အပါအဝင် အဓိကတာ ဝန်ရှိသူများကတက်ရောက်ခဲ့ကြပြီး အမျိုးသားစီးပွားရေးပတ်ဝန်းကျင်မြှင့်တင်ရန်နှင့် အသိပညာ အခြေပြုအသွင်ကူးပြောင်းရေး ဆန်းသစ်တီထွင်မှုဖြင့်မောင်းနှင်သော စီးပွားရေးပုံစံဆိုင်ရာ ဆွေး နွေးပွဲအခန်းကဏ္ဍများတို့ဖြင့် အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ကြပါသည်။
ကော်မတီသည် ယူအေအီးနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်ရည်ရွယ်သည့် စီးပွားရေးဥပဒေဆိုင်ရာ တိုးတက်မှုကို ပြန်လည်သုံးသပ်ခဲ့ပါသည်။ အထူးသဖြင့် စားသုံးသူဆိုင်ရာ အခွင့်အရေးကိုကာကွယ်ရန်အတွက် တယ်လီမားကတ်တင်းစည်းမျဉ်းများဆိုင်ရာ ယခင်အစည်းအ ဝေးများမှအဓိကအကြံပြုချက်များကို ယူအေအီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆွေးနွေး ခဲ့ကြပါသည်။
ဝန်ကြီး Bin Touq ကယူအေအီးနိုင်ငံ၏ ကမ္ဘာ့စီးပွားရေးအနေအထားကို မီးမောင်းထိုးပြခဲ့ပြီး လိုက် လျောညီထွေရှိသော မူဝါဒများ၊ အဆင့်မြင့် ဥပဒေပြုခြင်းနှင့် ခေါင်းဆောင်မှုဆိုင်ရာ လမ်းညွှန်မှုများ ကို အလေးပေးဖော်ပြခဲ့ပါသည်။ ဤအစပျိုးမှုများသည် ထွန်းသစ်စကဏ္ဍများအတွက်အပြုသဘော ဆောင်သောစည်းမျဉ်းများကို ရေးဆွဲနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် ချမှတ် ထားရှိသော "We the UAE 2031" မျှော်မှန်းချက်နှင့် ကိုက်ညီမှုရှိကြောင်း ဖော်ပြထားပါသည်။
ကော်မတီသည် အစိုးရအချက်အလက်ရင့်ကျက်မှုအညွှန်းကိန်းတွင် စီးပွားရေးဝန်ကြီးဌာန၏ ခြွင်း ချက် ၉၅.၇ % ရမှတ်ကို ရရှိထားပြီး ဒေတာထူးချွန်မှုအတွက် ၎င်း၏ကတိကဝတ်ကို မီးမောင်းထိုးပြ သခဲ့ပါသည်။ ဤအောင်မြင်မှုသည် ဗျူဟာမြောက်ဆုံးဖြတ်ချက်ချခြင်း၊ SME တိုးတက်မှုနှင့် နိုင်ငံတ ကာစီးပွားရေးဆက်ဆံရေးတို့ကို ပံ့ပိုးပေးလျှက်ရှိပါသည်။
ထို့အပြင် ပထဝီဝင်အမှတ်အသား (GI) ပါရှိသော ယူအေအီးနိုင်ငံမှထုတ်ကုန်များအတွက် ဉာဏ ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာများကို အဓိကထားဆွေးနွေးခဲ့ပါသည်။ အဆိုပါပဏာမခြေလှမ်းသည် ကမ္ဘာ တစ်ဝှမ်းရှိ ယူအေအီးနိုင်ငံသားထုတ်ကုန်ပစ္စည်း ထုတ်လုပ်သူများကို အကာအကွယ်ပေးရန်၊ စွန်ပ လွန်သီးများနှင့်ပျားရည်များကဲ့သို့သောဒေသထွက်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်နိုင်ရန်နှင့် အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများအတွက် အချက်အချာကျသည့်ယူအေအီးနိုင်ငံ၏ ဂုဏ်သ တင်းကိုအားဖြည့်ပေးနိုင်ရန် ရည်ရွယ်ထားရှိပါသည်။
အစည်းအဝေးတွင် ရိုးရာစီးပွားရေးလုပ်ငန်းများကိုကာကွယ်ရန်၊ ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရန်နှင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန်အတွက် ဉာဏပစ္စည်းမူပိုင်ခွင့်စံချိန်၊ စံနှုန်း များနှင့်စည်းမျဉ်းများကို တိကျသေခြာစွာလိုက်နာသွားရန်အရေးကြီးကြောင်း ကော်မတီကအလေး ပေးပြောကြားခဲ့ပါသည်။ ဤသို့သောကြိုးပမ်းအားထုတ်မှုများသည် ယူအေအီးနိုင်ငံအား ဆန်းသစ် တီထွင်မှုနှင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ကမ္ဘာ့ဦးဆောင်သူတစ်ဦးအဖြစ် ရပ်တည်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။
Source: Emirates News Agency
Date: 3.12.2024
Nanda Soe Myint Economic Counsellor (Dubai)
 
                         
                        