ယူအေအီးနိုင်ငံ၊ စီးပွားရေးဝန်ကြီးဌာနသည် 'Growth' လမ်းကြောင်းဟုလူသိများသော အမျိုးသား စီးပွားရေးမှတ်ပုံတင်ခြင်း၏ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကိုတိုးမြှင့်ရန်အတွက် အဘူဒါဘီအမျိုး သားရေနံကုမ္ပဏီ (ADNOC) နှင့်နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
ဤကဲ့သို့ပူးပေါင်းဆောင်ရွက်မှုသည် အချက်အလက်များနှင့်စာရင်းအင်းများတို့ကို ပေါင်းစပ်ရန်၊ ဒစ် ဂျစ်တယ်ချိတ်ဆက်မှုကို အားကောင်းစေရန်နှင့် ယူအေအီးနိုင်ငံ၏ "We the UAE 2031" မျှော်မှန်း ချက်နှင့်အညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
အဆိုပါသဘောတူညီချက်ကို စီးပွားရေးဝန်ကြီးဌာန၏ စွန့်ဦးတီထွင်သူနှင့်စီးပွားရေးရေးရာစည်း မျဉ်းကဏ္ဍဌာနမှလက်ထောက်အတွင်းဝန် Abdulaziz Al Nuaimi နှင့် ADNOC ၏ ရောင်းဝယ်ရေးနှင့် ပြည်တွင်းတန်ဖိုးအသိအမှတ်ပြုလက်မှတ် (ICV) ဌာနမှ ညွှန်ကြားရေးမှူး Saleh Al Hashimi တို့က အဘူဒါဘီမြို့တော်ရှိ ADNEC စင်တာတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ပထမဆုံးသော Abu Dhabi Business Week တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ပါသည်။
Al Nuaimi မှ နားလည်မှုစာချွန်လွှာကို ယူအေအီးနိုင်ငံ၏ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ အားမြှင့်တင်ရန် ကြိုးပမ်းမှုများတွင်မှတ်တိုင်တစ်ခုအဖြစ် အချက်အလက်များကိုရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့်စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းကို ပံ့ပိုးပေးရန်အတွက် မဟာဗျူဟာ မြောက်ကိရိယာအဖြစ် အသုံးပြုထားရှိထားကြောင်းနှင့် ဤပူးပေါင်းဆောင်ရွက်မှုသည် အချက်အ လက်အရည်အသွေးနှင့် ခွဲခြမ်းစိတ်ဖြာမှုယန္တရားများကို မြှင့်တင်ရန်၊ လည်ပတ်မှုဆိုင်ရာစွမ်းဆောင် ရည်ကိုမြှင့်တင်ရန်နှင့် ကမ္ဘာ့စံချိန်စံညွှန်းများနှင့် ကိုက်ညီရန်စေမည်ဖြစ်ကြောင်း အလေးပေးပြော ကြားခဲ့ပါသည်။
ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အဖွဲ့သည် သတင်းအချက်အလက်များအားဖလှယ်ခြင်း၊ ဒေတာဘေ့စ် များအားပေါင်းစပ်ခြင်းနှင့် ဝန်ကြီးဌာနနှင့် ADNOC ကုမ္ပဏီတို့အကြား ကျွမ်းကျင်မှုမျှဝေခြင်းများ တို့အတွက် အပြန်အလှန်မူဘောင်တစ်ရပ်ကို ထူထောင်ထားရှိပါသည်။ ဤပူးပေါင်းဆောင်ရွက်မှု သည် လုပ်ငန်းအဖွဲ့များ၏ကျွမ်းကျင်မှုများကိုဖွံ့ဖြိုးတိုးတက်စေပြီး အကောင်းဆုံးအလေ့အကျင့်များ ကိုအားပေးကာ ယူအေအီးနိုင်ငံ၏ဒစ်ဂျစ်တယ်စီးပွားရေးကို ပိုမိုအားကောင်းလာစေမည်ဖြစ်ပါ သည်။
စီးပွားရေးဝန်ကြီးဌာန၏ 'Growth' ပလပ်ဖောင်းသည် နိုင်ငံတစ်ဝှမ်းရှိအဖွဲ့အစည်းပေါင်း ၄၆ ခုတို့ကို ချိတ်ဆက်ထားပြီး စီးပွားရေးလုပ်ငန်းပေါင်း ၂,၀၀၀ ကျော်အတွက် ပေါင်းစည်းထားသော Portal တစ်ရပ်ကို ပံ့ပိုးပေးထားပါသည်။ အောက်တိုဘာလတွင် စတင်ဖွင့်လှစ်လိုက်သော အဆိုပါလမ်း ကြောင်းသည် လုပ်ငန်းမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို စံပြုသတ်မှတ်ထားပြီး ကူးသန်းရောင်း ဝယ်ရေးလိုင်စင်ဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်ခွင့်ပေးကာ ချောမွေ့ မှုရှိစေသည့် အီလက်ထရွန်းနစ်ငွေကြေးလွှဲပြောင်းမှုများကို လုပ်ဆောင်ပေးလျှက်ရှိပါသည်။
ဤပူးပေါင်းဆောင်ရွက်မှုသည် အဆင့်မြင့်ပြီးယှဉ်ပြိုင်နိုင်သော အမျိုးသားစီးပွားရေးကို ဒစ်ဂျစ်တယ် နည်းပညာဖြင့်ပုံဖော်ရာတွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ၏အရေးပါမှုကို အလေးပေး ဖော်ပြထားခြင်းဖြစ်ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။
Source: Emirates News Agency
Date: 4.12.2024
Nanda Soe Myint Economic Counsellor (Dubai)