China(Nanning)

တရုတ်-လာအို မီးရထားလမ်း၏ နယ်စပ်ဖြတ်ကျော် ကုန်ကိုင်တွယ်မှုပမာဏသည် တန်ချိန် သန်း ၅၀ ကျော်ရှိလာ

Last Updated:

တရုတ်-လာအို မီးရထားလမ်း၏ နိုင်ငံတကာ ကုန်တင်ရထား တစ်စင်းကို တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့၊ ဝမ်ကျိယန် အနောက်ဘူတာရုံတွင် တွေ့ရှိရသည်။ တရုတ်-လာအို မီးရထားလမ်း၏ အပြည့်အဝလည်ပတ်မှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့သည်။ နယ်စပ်ဖြတ်ကျော် ကုန်စည် တန်ချိန် ၁၁ ဒသမ ၅၈ သန်း အပါအဝင် တရုတ်-လာအို ရထားလမ်း၏ ကုန်ကိုင်တယ်မှု ပမာဏသည် တန်ချိန် သန်း ၅၀ ကျော်ရှိလာပြီ ဖြစ်သည်။

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းရှိ China United International Rail Containers Co., Ltd. (CRIntermodal) ၏ ကူမင်း ကုန်တင်/ကုန်ချ ဂိတ် (Kunming cargo terminal) တွင် ကုန်တင်ကားများသည် မီးရထားကွန်တိန်နာများကို သယ်ယူပို့ဆောင်ရန်အတွက် စောင့်ဆိုင်းနေကြ သည်။  China United International Rail Containers Co., Ltd. (CRIntermodal) ၏ ကူမင်း ကုန်တင်/ ကုန်ချ ဂိတ်၌ ဝန်ထမ်းများအနေဖြင့် ကုန်ပိုင်ရှင်များအား တရုတ်-လာအို မီးရထား ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို မိတ်ဆက်ပေးနေကြသည်။ လတ်ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ တင်ဆောင်ထားသည့် နိုင်ငံတကာ ကုန်တင်ရထားတစ်စင်းသည် တရုတ်-လာအို မီးရထားလမ်းကို အသုံး ပြု၍ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့ Wangjiaying အနောက်ဘူတာမှ လာအိုနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့မှ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့သို့ ဆက် သွယ်ထားသော အဆိုပါ ရထားလမ်းသည် ကီလိုမီတာ ၁,၀၃၅ ရှည်လျားသည်။ ယင်း ရထားလမ်း သည် ဖူးအာလ် (Pu'er) မြို့၏ စီးပွားရေး ပြန်လည်ရှင်သန်မှုတွင် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဖူးအာလ်မြို့မှ ကူမင်းမြို့သို့ သွားလာရန် နှစ်နာရီခန့်သာ ကြာမြင့်မည်ဖြစ်ပြီး ဖူးအာလ်မြို့၊ ဆီမော် (Simao) ခရိုင်မှ ယူနန် ပြည်နယ်၏ ခရီးသွားနေရာတစ်ခုဖြစ်သည့် စစ်ဆောင်ပန်န (Xishuangbanna) သို့ မိနစ် ၄၀ သာ ကြာမြင့်မည် ဖြစ်သည်။

 

တရုတ်-လာအို ရထားလမ်းသည် ဆီမော်ခရိုင်ရှိ ကော်ဖီနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်ဖွံ့ဖြိုး တိုးတက်မှုအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးခဲ့သည်။ ယခုနှစ် အမျိုးသားနေ့ အားလပ်ရက် ခုနစ်ရက်တာ အားလပ်ရက်အတွင်း ကမ္ဘာလှည့် ခရီးသွား ဦးရေ ၁ ဒသမ ၈၂ သန်းသည် ဖူးအာလ်မြို့သို့ လာရောက် လည်ပတ်ခဲ့ကြပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၃၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ကမ္ဘာလှည့်ခရီးသွား အများအပြားသည် တရုတ်-လာအို မီးရထားဖြင့် ဆီမော်ခရိုင်သို့ လည်ပတ်ခဲ့ကြပြီး စျေးကွက်အချက်အလက်များနှင့် အမှာစာ အများအပြားကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊  တရုတ်-လာအို ရထားလမ်းသည် ဆီမော်ခရိုင်နှင့် တရုတ်နိုင်ငံ၏ အခြားဒေသများအပြင် တောင်နှင့် အရှေ့တောင်အာရှ နိုင်ငံများကြား အကွာအဝေးကို တိုစေကြောင်း ဆီမော် ဒေသခံ ကော်ဖီခြံ ပိုင်ရှင် Yang Hongjian က ပြောခဲ့သည်။

ဖူးအာလ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဖော်ဆောင်ပေးသည့် လက်ဖက်နှင့် ကော်ဖီ လုပ်ငန်းနှစ်ခုအနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များသို့ ပိုမိုထိရောက်စွာ ဝင်ရောက်နိုင်ရန် အတွက် တရုတ်-လာအို ရထားလမ်းကို အသုံးပြုကြရသည်။

ဆီမော်ခရိုင်ရှိ ကော်ဖီစိုက်ပျိုးသူများအနေဖြင့် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် စီးပွားရေး လုပ်ငန်းများ ဖွင့်လှစ်ရန် ကြိုးပမ်းရာ၌ သက်ဆိုင်ရာ အခွန်စည်းကြပ်မှုနှင့် သွင်းကုန်/ ပို့ကုန် စည်းမျဉ်းများ ကဲ့သို့သော အချက်အလက်များကို နားလည်သဘောပေါက်ရန် စီစဉ်လျက်ရှိသည်။ ဆီမော်ခရိုင်ရှိ ယူနန် Jinkelong ကော်ဖီစက်မှုလုပ်ငန်းစဉ်သည် ဒေသထွက်ကုန်များကို စဉ်ဆက်မပြတ် အဆင့်သတ်မှတ်ပြီး ထုပ်ပိုး၍ တရုတ်-လာအို မီးရထားမှတစ်ဆင့် တရုတ် နိုင်ငံတစ်ဝန်းနှင့် တောင်နှင့် တောင်အာရှနိုင်ငံများ သို့ တင်ပို့လျက်ရှိသည်။

Jinkelong တည်ထောင်ရခြင်းသည် ကုန်ကြမ်းတင်သွင်းခြင်းနှင့် ထုတ်ကုန်တင်ပို့ခြင်းအတွက် အဆင်ပြေသည့် တရုတ်-လာအို ရထားလမ်းကြောင်းတစ်လျောက် Pu'er ကော်ဖီ၏ မူလနေရာဒေသရှိ ကုန်ကြမ်းအားသာချက်များကြောင့် ဖြစ်ကြောင်း လက်ထောက်အထွေထွေမန်နေဂျာ Shi Huazhong က ပြောကြားခဲ့သည်။

Belt and Road Initiative မူဘောင်အောက်ရှိ အထင်ကရ ပရောဂျက်တစ်ခုအနေဖြင့် တရုတ်-လာအို မီးရထားလမ်းသည် တရုတ်နှင့် လာအိုတို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးအမြတ် (mutual benefit) နှင့် နှစ်ဘက် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု (win-win cooperation) ကို ဖော်ဆောင်ပေးသည့် တွန်းအားတစ်ခု ဖြစ်စေသည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း ဖူးအာလ်မြို့၏ နိုင်ငံခြားကုန်သွယ်မှုသည် ယင်းရထားလမ်းကြောင့် ပိုမိုကောင်းမွန်လာခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ သွင်းကုန်နှင့် ပို့ကုန်တန်ဖိုး သည် ယွမ် ၆ ဒသမ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၅၀ ဒသမ ၅ သန်း) ရှိခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ကော်ဖီနှင့် တဆေး (yeast) တင်ပို့မှုသည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၉၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၃၂၇ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့သည်။

တရုတ်-လာအို ရထားလမ်း စတင်ဖွင့်လှစ်ချိန်မှစ၍ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်း အများအပြားသည် ဆီမော်ခရိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ ပြီး ဒေသတွင်း စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။

တရုတ်-လာအို ရထားလမ်း၏ သမိုင်းဝင်အခွင့်အလမ်းများကို ဆုပ်ကိုင်ထားပြီး ပြည်တွင်း၊ ပြည်ပ စက်မှုဇုန်များ အဆင့်မြှင့်တင်ခြင်းအပြင် ရထားလမ်းတစ်လျှောက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ကြွယ်ဝ လာစေရန်အတွက် လုပ်ဆောင်သွားမည် ဖြစ်သည်။ လက်ဖက်၊ ကော်ဖီ၊ ဇီဝဆေးဝါး၊ ယဉ်ကျေးမှု၊ ခရီး သွားလုပ်ငန်းနှင့် ကျန်းမာရေး ထိန်းသိမ်းခြင်းစသည့် အားသာချက်ရှိသောလုပ်ငန်းများကို အဓိကထားပြီး ဆီမော်ခရိုင်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းစတင်ရန်၊ အရင်းအနှီးနှင့် အရည်အချင်းများ ပိုမိုရရှိစေရန် ကိုယ်စားပြုသည့် စီမံကိန်းများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဗျူရို (investment promotion bureau of the district) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

အရင်းအမြစ်။ http://en.people.cn/n3/2025/0103/c90000-20261700.htmlhttp://en.people.cn/ n3/2025/0102/c90000-20261112.html

လျန်ရှန်းမုန်၊

စီးပွားရေးသံမှူး၊

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: China(Nanning)