USA

ဒေါ်နယ်ထရမ့် အကောက်ခွန်နှုန်း တိုးမြှင့်မည့်ကိစ္စအပေါ် ဥရောပသမဂ္ဂနှင့် တောင်အမေရိကနိုင်ငံ များ တုံ့ပြန်သည့်အခြေအနေ

Last Updated:

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံ၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် အကောက်ခွန်နှုန်းအသစ် သတ်မှတ်ကောက်ခံရန် အဆိုပြုပြီးနောက်ပိုင်း ဥရောပသမဂ္ဂနှင့် ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပါရာဂွေး နှင့် ဥရုဂွေးနိုင်ငံတို့အကြား ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး ဆွေးနွေးမှုအောင်မြင်ပါက ဥရောပသမဂ္ဂနှင့် ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပါရာဂွေး နှင့် ဥရုဂွေးနိုင်ငံတို့အကြား ကုန်သွယ်မှုသဘောတူညီချက်သည် ဥရောပသမဂ္ဂ၏ အကြီးဆုံး လွတ်လပ်စွာကုန်သွယ်မှုသဘောတူ စာချုပ်တစ်ခုဖြစ်လာမည် ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂသည် တောင်အမေရိကန်နိုင်ငံ အချို့နှင့် အကောက်ခွန်နှုန်းလျှော့ချရန်နှင့်  ကုန်သွယ်ရေးကို ဟန့်တားစေ သည့် အတားအဆီးများဖြေလျော့ရန် ကနဦးညှိနှိုင်းရာတွင်  လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူ စာချုပ်နှင့်ပတ်သက်၍ ဆန့်ကျင်သည့်သဘောထားများနှင့် ကြုံတွေ့လျက်ရှိကြောင်း၊ ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Ms. Vrsula von der Leyen က ယင်းကုန်သွယ်ရေး သဘောတူညီချက်သည် နှစ်ဖက်စားသုံးသူ များနှင့် စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိမည်ဟု ပြောကြားခဲ့ကြောင်း၊ တောင်အမေရိက (၄) နိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်ရေး ဆွေးနွးညှိနှိုင်းမှုပြီးမြောက်ခဲ့သော်လည်း သဘောတူ စာချုပ်ကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများလက်ခံမည်မှာ မသေချာသေးကြောင်း၊ ပြင်သစ်နှင့် ပိုလန်နိုင်ငံတို့မှ စိုက်ပျိုးထုတ်လုပ်သူများက ဘရာဇီးလ်စိုက်ပျိုးရေးထုတ်ကုန်များ ဥရောပဈေးကွက် သို့ ဝင်ရောက်လာမည်ကိုစိုးရိမ်သဖြင့် တောင်အမေရိကန်နိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုုပ်များချုပ်ဆိုရန် ယခင်ကပင်ကန့်ကွက်ခဲ့ကြကြောင်း သိရှိရပါသည်။

 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: USA