Thailand

ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန် မက်ထရစ်တန်ချိန် ၇.၅ သန်း တင်ပို့သွားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လျာထားခဲ့

Last Updated:

၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံအနေဖြင့် ဆန် မက်ထရစ်တန်ချိန် ၇.၅ သန်း တင်ပို့ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လျာထားကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ဆန်တင်ပို့သည် ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး မက်ထရစ် တန်ချိန် ၉.၂၇ သန်းသို့ ရောက်ရှိခဲ့သဖြင့် မက်ထရစ်တန်ချိန် ၁၀ သန်းသို့ရောက်ရှိနိုင်သောကြောင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ ဘီလီယံရရှိနိုင်ကြောင်း၊ ယင်းသို့ တိုးတက်ရခြင်းမှာ တင်သွင်း သူများက ခရစ္စမတ်၊ နှစ်သစ်ကူးနှင့် တရုတ်နှစ်ကူးကာလများအတွက် ဝယ်လိုအားကို ပြည့်မီနိုင်ရေး အတွက် ဝယ်လိုအားများကြောင့်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့ဈေးကွက်ဝယ်လိုအားကို ပြည့်မီရန် ဆန်ထုတ်လုပ်မှုလုံလောက်ပြီး နိုင်ငံ၏ ပို့ကုန်စွမ်းဆောင်ရည် ခိုင်မာမှုကြောင့် တင်သွင်းသူ များထံ စဉ်ဆက်မပြတ်ပေးပို့နိုင်ပါကြောင်း၊ ယခုနှစ်သည် ဆန်ပို့ကုန်ပမာဏ မက်ထရစ်တန်ချိန် ၁၀ သန်းသို့ ရောက်ရှိနိုင်သဖြင့် ဆန်ပို့ကုန်အတွက် ရွှေရောင်နှစ်တစ်နှစ် ဖြစ်ပါကြောင်း၊ ပို့ကုန်ပမာဏ တိုး တက်လာသဖြင့် ပျမ်းမျှ ဆန်ဈေး (Free on Board -FOB) ဈေးနှုန်းမှာလည်း မြင့်တက်လာပါကြောင်း နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာန ညွှန်qကြားရေးမှူးချုပ် Mrs. Arada Fuangtong က ပြောကြားခဲ့ပါသည်။

အဓိကပို့ကုန်ဈေးကွက်များတွင် အင်ဒိုနီးရှား၊ အီရတ်၊ တောင်အာဖရိက၊ အမေရိကန်နှင့် ဖိလစ် ပိုင်တို့ပါဝင်ပါကြောင်း၊ အိန္ဒိယ၏ ဆန်ဖြူတင်ပို့မှု ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် လာမည့်နှစ် ဆန်ပို့ကုန်လျာထားချက်ကို လျော့နည်းသတ်မှတ်ထားပါကြောင်း၊ အိန္ဒိယသည် ဆန်ထုတ်လုပ်နိုင်မှု စွမ်းဆောင်ရည်ကောင်းရှိပြီး ဆန်တင်ပို့မှုယာယီပိတ်ထားခဲ့ခြင်းကြောင့် ဆန်လက်ကျန်ပမာဏများ ပြားနိုင်ပါကြောင်း၊ မိုးခေါင်မှုအခြေအနေ သက်သာလာပြီး စိုက်ပျိုးမှုအတွက် ရေရရှိမှုမြင့်တက်လာနိုင် သဖြင့် ကမ္ဘာ့ဆန်ထုတ်လုပ်မှုသည်လည်း မြင့်တက်လာနိုင်သောကြောင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ယှဉ်ပြိုင်မှု ပြင်းထန်နိုင်ကြောင်း  Mrs. Arada က ဖြည့်စွက်ပြောကြားခဲ့သည်။

လာမည့်နှစ်တွင် ဦးစီးဌာနအနေဖြင့် အဓိက ကုန်သွယ်ရေးမိတ်ဖက်များနှင့် ထိုင်းဆန်တင်ပို့မှု မြှင့်တင်နိုင်ရေးအတွက် ဆက်ဆံရေးပိုမိုခိုင်မာစေရန်နှင့် ထိုင်းဆန်အတွက် အရောင်းမြှင့်တင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဈေးကွက်ချဲ့ထွင်ရေးအတွက် အရေးကြီး ဆွေးနွေး မှုများ ဆောင်ရွက်သွားရန် လျာထားပါကြောင်း၊ ဆန်တင်ပို့မှု ၁၂ ရာခိုင်နှုန်းကျဆင်းသွားခဲ့သော တောင်အာဖရိကနှင့် ဆွေးနွေးသွားရန်နှင့် စပယ်ဆန်ကို ပိုမိုကြိုက်နှစ်သက်သော အမေရိကန် Hispanic အသိုက်အဝန်းသို့ Hom mali ဆန် တိုးချဲ့တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနှင့် တရုတ်တို့နှင့် ဆန်ကုန်သွယ်မှုညှိနှိုင်းရေးကို အရှိန်မြှင့်တင်နေစဉ်တွင် ကနေဒါနှင့် ဖိလစ်ပိုင်တို့နှင့် အစိုးရမှအစိုးရသို့ မူဝါဒများအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mrs. Arada က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ယခုနှစ် ပထမ ၁၀ လအတွင်းဆန် မက်ထရစ်တန်ချိန် ၈.၃၅ သန်း တင်ပို့ခဲ့ပြီး ဘတ် ၁၉၁ ဘီလီ ယံ ရရှိခဲ့ပါကြောင်း၊ ဆန်ဖြူသည် ထိပ်တန်းပို့ကုန်ဖြစ်ပြီး Hom mali၊ ဆန်ပျော့၊ ရနံ့ပါဆန်၊ ကောက် ညှင်းဆန်နှင့် ဆန်လုံးညို အသီးသီးဖြစ်ကြောင်း သိရှိရပါသည်။  

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand